ကျွန်မ၏ မေမေ -၂
မေမေ့စာထဲမှ တည်ငြိမ်ပြတ်သားမှုများ ကျွန်မကိုယ်ထဲ စီးဝင်သွားသည်။ ကိုအောင် ဖုန်းဆက်တိုင်း၊ အပြင်သွားလည်ဖို့ ခေါ်တိုင်း၊ ကျွန်မဆီ လာတွေ့တိုင်း အကြောင်းအမျိုးမျိုးပြကာ ကျွန်မငြင်းတော့သည်။ ကောင်မလေးတွေ ဝိုင်းဝိုင်းလည်နေသည့်သူတယောက်ကို ဘာမဟုတ်သည့်သာမာန်မိန်းကလေးတယောက်က ငြင်းတော့ ကိုအောင် ခံပြင်းပုံရသည်။ တခါတလေ ကိုအောင် သတိတရ ဖုန်းဆက်တတ်သည်။ ကျွန်မတို့ အိမ်နားက ကာရာအိုကေဆိုင်ကို လာရင်း ကျွန်မကို သတိရလို့ ဖုန်းဆက်သည်ဟု ဆိုသည်။ ကိုအောင့်သူငယ်ချင်းများ၏ ရယ်သံများ၊ ကောင်မလေးများ၏ ခိုးခိုးခစ်ခစ် ရယ်သံများကို ကြားရတော့ ကျွန်မကို သတိတရဖုန်းဆက်၍ ဝမ်းသာရမည်လား၊ ကာရာအိုကေ ကောင်မလေးများနှင့်ဆိုတော့ သဝန်များတိုရမည်လား။
အချစ်ဆိုသော ဓာတ်တမျိုး ကျွန်မဦးနှောက်ထဲ၌ ၂နှစ်တောင် ကြာရှည်လိုက်ဟန်မတူ။ ကျောင်းစာတဖက်၊ ပွဲရုံအကူ တဖက်၊ မေမေ့ဆိုင်အတွက် ပစ္စည်းအဝယ်တော်တာဝန်များနှင့် မီးဝေးသော ချိပ်ပမာ ကျွန်မ၏အချစ်ချိပ်ကလေး တင်းမာသွားခဲ့သည်။ ပုလင်းထောင်လွန်း၍ အစာအိမ်သွေးကြောပေါက်သွားသည့် ကိုအောင့်ဆီ လူမမာသတင်း သွားမေးရဖူးသည်။ မေမေပြောပြဖူးသော ကျွန်မတို့ ဆွေမျိုးမကင်းသည့် ဘကြီးအောင်အကြောင်း သတိရမိသည်။ ဘကြီးအောင် အရက်နဲ့ ကြီးတော်ခင် (ဘကြီးအောင် ကတော်) ဘာဖြတ်မလဲ မေးလျှင် အရက်တော့ ဖြတ်နိုင်ဘူးအေ။ ညည်းတို့ကြီးတော်ပဲ ဖြတ်မည်ဆိုသောကြောင့် ကျွန်မတို့ ဆွေမျိုးများအကြား ရယ်စရာဟာသတပုဒ် ဖြစ်ခဲ့သည်။ ကိုအောင့်ကိုတော့ အရက်နဲ့ကျွန်မ ဘယ်ဖြတ်မလဲမေးလျှင် ကျွန်မကို ဖြတ်မည်ဆိုတာ သေချာသောကြောင့် ကျွန်မမေးမြန်းဖို့ သတ္တိမရှိပါ။
အစာအိမ်ရောဂါနှင့် မေမေ ဆေးရုံတက်ရတော့ အလုပ်သင်ဆရာဝန် ကိုသက်နှင့် ကျွန်မ ဆုံတွေ့ခဲ့သည်။ ရိုးသားတည်ကြည်သော၊ စိတ်သဘောထား ကောင်းမွန်သော ကိုသက်ကို မေမေ သဘောကျသည်။ ကိုသက်နှင့်သာ ဆိုလျှင် ကျွန်မဘဝ သာယာအေးချမ်းလိမ့်မည်၊ အရာအားလုံး မိသားစုအတွက် ပေးဆပ်မည့်လူမျိုးဟု မေမေမှတ်ချက်ပြုခဲ့သည်။ မေမေ ထင်သည့်အတိုင်းပင် ရိုးသားအေးချမ်းသော၊ တည်ငြိမ်ရင့်ကျက်သော ကိုသက်ပခုံးတွင် ကျွန်မ၏ ဘဝအမောများ ဖြေသိမ့်ရသည်။ ကျွန်မကတော့ စိတ်မြန်လက်မြန်သလောက် ကိုသက်ကတော့ စိတ်ရှည်သည်။ ကျွန်မက ပူသော မီးတောက်ဖြစ်ပြီး ကိုသက်ကတော့ အေးချမ်းသော ရေဖြစ်သည်။ သူတင်းလျှင် ကိုယ်လျှော့လိုက်၊ ကိုယ်တင်းလျှင် သူလျှော့လိုက်နှင့် ကျွန်မတို့၏ အချစ်ကြိုးကလေး စည်းချက်ညီညီ ခိုင်မြဲနေခဲ့သည်။
ကိုသက် နိုင်ငံခြားဘွဲ့လွန်တက်နေချိန် ဆိုင်ကလေးဖွင့်နိုင်ဖို့ ကျွန်မ အလုပ်များနေခဲ့သည်။ မေမေစုဆောင်းထားငွေများ၊ ခဏဆွဲယူထားသောငွေများဖြင့် ဆိုင်သေးသေးလေး ဖွင့်နိုင်အောင် အတော်ကြိုးစားခဲ့ရသည်။ ကြိုက်ရာရွေးချယ်ပြီး ကီးချိန်း၊ ဟမ်းချိန်း အမှတ်တရလက်ဆောင် လုပ်ပေးသောဆိုင်လေးသည် ဖွင့်စလူသိပ်မသိခဲ့။ ကျွန်မဆိုင်၏ ပထမဆုံးဖောက်သည်ကို ကျွန်မ မှတ်မှတ်ရရ ရှိနေခဲ့သည်။ သူ့သူငယ်ချင်းမလေးအတွက် ဖုန်းမှာချိတ်ဆွဲသော ကီးချိန်းလေး လိုချင်သည်ဟု ဆို၏။ နာမည်အတိုကောက်အပြင် ကံကောင်းစေသည်ဟု ယူဆကြသော အရွက်လေးရွက်ရှိ သစ်ရွက်စိမ်းလေးပါ ထပ်ဖြည့်လိုက်သည်။ နောက်နေ့တွင်တော့ ကီးချိန်းလေးကို ကြိုက်သည်ဆိုကာ ထိုသူငယ်ချင်းမလေးပါ လာရောက်အားပေးခဲ့သည်။
Ki Ki Handmade Accessories ဆိုင်လေး လူငယ်ကြား နာမည်ရလာခဲ့သည်။ ထို့အတူ စာရေးကိရိယာလက်ဆောင်ပစ္စည်းလေးများပါ ထပ်တင်ခဲ့သည်။ ကျွန်မစိတ်ကူးလေးတွေ အကောင်အထည် ပေါ်လာရုံရှိသေး ခေတ်မှီဈေးသစ်ကြီးဆောက်လုပ်ရန် နေရာထဲတွင် ကျွန်မဆိုင်လေးက ကံဆိုးစွာ ကျရောက်နေခဲ့သည်။ ပန်းတိုင်ရောက်အောင် သွားဖို့လမ်းက တလမ်းတည်းရှိတာ မဟုတ်ဘူး လမ်းတွေအများကြီးရှိတယ် သမီး။ အားကုန်နေသော ဘတ္တရီလေးကျွန်မ မေမေ့ဆီမှာ ချာခြင်းသွင်းကာ အားတွေပြည့်သွားလေ့ရှိသည်။ မေမေ့ဆီက စိတ်ဓာတ်စွမ်းအား မရသောနေ့ဆိုတာ မရှိခဲ့။
အရင်နေရာလေးနှင့် သိပ်မဝေးသော နေရာတွင် ကျွန်မနေရာလေးတခု ရှာကြံကာ ဖွင့်ရပြန်သည်။ လူစည်ကားရာ နေရာနှင့်လည်း သိပ်မဝေး၊ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေသော၊ အေးချမ်းဆိတ်ငြိမ်သာ နေရာလေးကို ကျွန်မတော်တော် ရှာဖွေခဲ့ရသည်။ လူလတ်တန်းစားများကို ရည်ရွယ်ကာ ဆိုင်အပြင်အဆင်၊ ဝန်ဆောင်မှု၊ ဈေးနှုန်းက အစ အကောင်းဆုံးဖြစ်အောင် ကျွန်မအားစိုက်ခဲ့ရသည်။ မူရင်း ဟမ်းမိတ် ချိန်းလေးတွေအပြင်၊ စာရေးကိရိယာ၊ စန္ဒရားသံ၊ တယောသံသက်သက် တီးလုံးလေးတွေ ဖွင့်ထားပေးသည့် ကော်ဖီသောက်ရင်း စာအုပ်အေးအေးဆေးဖတ်နေ၍ ရသည့် စာအုပ်ဆိုင်လေးပါ ထပ်ဖြည့်ခဲ့သည်။
အားပေးနေကျ ဖောက်သည်များအပြင် သူငယ်ချင်းမိတ်ဆွေအချင်းချင်း တွေ့ဆုံးချိန်းချက်ရာ နေရာလေးဖြစ်လာခဲ့သည်။ မွေးနေ့ပွဲ၊ သူငယ်ချင်းမိတ်ဆုံပွဲများဆိုလျှင်တော့ ဓာတ်ပုံရိုက်ပေးကာ အမှတ်တရစကားလေးတွေကိုတော့ ဖောက်သည်များက တက်တက်ကြွကြွ ဓာတ်ပုံမှာ ရေးသားကြလေ့ရှိသည်။ အလုပ်သစ်ရသည့်မိတ်ဆွေအတွက် ဂုဏ်ပြုဆုတောင်း၊ နိုင်ငံခြားသွားတော့မည့် သူငယ်ချင်းအတွက် အဆင်ပြေပါစေဆုတောင်း၊ မွေးနေ့ဆုတောင်းလေးတွေ ရေးသားကာ Wish Board တွင် ချိတ်ဆွဲထားတတ်သည်။
ကတိမတည်သူများ၊ တွန်းချမည့်သူများဖြင့် လျင်သူစား စီးပွားရေးလောကတွင် ကျွန်မရပ်တည်နိုင်အောင် တော်တော်ကြိုးစားခဲ့ရသည်။ ဆုံးဖြတ်ချက်ကို အချိန်မှန်၊ နေရာမှန် မချနိုင်၍ ဆုံးရှုံးမှုများ ကြံကြုံခဲ့ရသည်။ တစ်နေ့တွင် မေမေ ဒီတခါတော့ သမီး တကယ်သွားပြီထင်တယ်ဟု ပြောမိသည်။
သမီး တကယ်ကြိုးစားရဲ့လား
ဟုတ်ကဲ့ မေမေ
တကယ် သေသေချာချာ ကြိုးစားတာ အမှန်နော်
ဟုတ်ပါတယ်
ဒါဆို မပူနဲ့သမီး၊ တကယ်ကြိုးစားနေတာ မှန်ရင် မအောင်မြင်စရာ မရှိဘူး။ အောင်မြင်လိမ့်မယ်။ မကြိုးစားဘူးဆိုမှသာ တကယ်ဆုံးရှုံးသွားတာဟု စကားပြတ်ပြတ်သားသား မေမေ ဆိုခဲ့သည်။
တခါတလေ ပင်ပန်းလွန်း၍ အလုပ်မလုပ်ချင်တော့ဘူးဟု မေမေ့ကို ကျွန်မ ညည်းမိသည်။ အလုပ်မရှိဘဲ ပျော်မယ် ထင်သလား သမီး။ အလုပ်လုပ်လို့သာ ကိုယ့်ကိုကိုယ် ယုံကြည်စိတ် တိုးတက်တယ်။ တန်ဖိုးရှိသူတစ်ယောက်အဖြစ် ကိုယ့်ကိုကိုယ် တန်ဖိုးထားတယ်။ သမီးဒေါ်ဒေါ်လေး (ဖေဖေ့ညီမ ဝမ်းကွဲ)ဆို တသက်လုံး အေးအေးချမ်းချမ်းနေလာတာ ဟော သူ့ယောကျ်ားလည်းဆုံးရော ဘာမှ မလုပ်တတ်၊ မကိုင်တတ်နဲ့ ဒုက္ခတွေရောက်လိုက်တာ။ အမှီအခိုကင်းကင်း ရပ်တည်နိုင်ရမယ် သမီး။ ပိုက်ဆံနည်းနည်းပဲရရ အလုပ် လုပ်နေရမယ်။ နောက်နောင် မေမေ့ရှေ့မှာ အလုပ်မလုပ်ချင်တော့ဘူးလို့ ဘယ်တော့မှ လာမပြောနဲ့ ယတိပြတ်စကား မေမေဆိုခဲ့သည်။
ဆိုင်ဖွင့်ပြီး တော်တော်ကြာမှ အမြတ်အစွန်းရှိလာခဲ့သည်။ စာတော်သော ညီမလေး နိုင်ငံခြားပညာသွားသင်ချိန် ကျွန်မ ထောက်ပံ့နိုင်ခဲ့သည်။ ကျောင်းပိတ်ရက်တွင် အချိန်ပိုင်း မလုပ်ဘဲ စာကိုသာ ကြိုးစားရန်၊ ပိုက်ဆံကို မပူရန် ကျွန်မပြောသော်လည်း မေမေကတော့ ကျွန်မနှင့် ခြားနားစွာ အချိန်ပိုင်း လုပ်ပါစေ သမီးကြီး၊ ဒါမှ ပိုက်ဆံကို ဘယ်လိုပင်ပင်ပန်းပန်း ရှာဖွေရတယ်ဆိုတာ သိမယ်။ ကိုယ်တိုင်ရှာတော့မှ ပိုက်ဆံတန်ဖိုးသိမှာ။ ပိုက်ဆံကိုတန်ဖိုးထားရမှန်းသိမှ ပိုက်ဆံကို လက်လွတ်စပယ် မသုံးတော့မှာဟု ဆိုခဲ့သည်။
အလုပ်ပိလာသလို ကျွန်မ၏ ကိုယ်ပိုင်ချိန်များ နည်းလာသည်။ ကိုသက်နှင့် အပတ်စဉ် ဖုန်းပြောနေရာက စာမေးပွဲရှိလို့ သူမအား၊ အလုပ်ရှိလို့ ကိုယ်မအားနှင့် တွေ့ချိန်နည်းလာခဲ့သည်။ စိတ်ညစ်လွန်းရင်တော့ ကိုသက်ဆီကို ကျွန်မစာတွေရေးလေ့ရှိသည်။ ကျွန်မရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများကို ချရေးပြီးတိုင်း ကိုသက်လည်း စာမေးပွဲတွေ၊ ဆေးရုံတာဝန်တွေနဲ့ ပင်ပန်းမှာကို တွေးမိပြီး ဘယ်တော့မှ မပို့ခဲ့။ ကိုသက် လိုအပ်မည်ထင်သော ဆေး၊ စာအုပ်၊ အစားအသောက်ကိုတော့ မပျက်မကွက် ပို့သည်။ ပစ္စည်းများရောက်လျှင်တော့ ကျေးဇူးတင်ကြောင်း၊ သတိရကြောင်း ဖုန်းဆက်ဖေါ်ရသည်။
စီးပွားရေးလောကမှ မိတ်ဆွေတချို့ ကမ်းလင့်မှုများကို ကျွန်မ ငြင်းပယ်ခဲ့သည်။ ကိုသက်ဆီမှ ကတိစကား မကြားရပေမယ့် ကျွန်မ ကိုသက်ကို သစ္စာစောင့်သိချင်သည်။ ကိုသက်မိတ်ဆွေများဆီမှ ကိုသက်အကြောင်း ကြားရတော့ ကျွန်မ မအံ့သြတော့ပါ။ မေမေပြောသလို အချစ်ဆိုသော ဓာတ်တမျိုး ဦးနှောက်ထဲမှာ မရှိတော့၍ဟုသာ တွေးမိသည်။ သံယောဇဉ်လက်ကျန်လေးများ ကျန်သေးလားဟုသာ သိချင်မိသည်။
အရင်အတိုင်းမပြောင်းလဲ နဂိုထက် အသားတွေဖြူနုလာသော ကိုသက်ကို တွေ့တော့ ကျွန်မက ရင့်ရော်သွားသလို ခံစားရသည်။ ကျောင်းတက်တုန်းက အတွေ့အကြုံအလွဲများကို ပြောပြရင်း ရယ်မောနေသည့် ကိုသက်၏ ရင်တွင်းခံစားချက်များကို ကျွန်မ ဖမ်းဆုပ်နိုင်အောင် ကြိုးစားနေမိသည်။ ကျွန်မ ကိုသက်ကို မေးခွန်းတခု မေးချင်သည်။ မေးရမှာလည်း  စိုးထိတ်မိသည်။ ကျွန်မစိတ်ကို အမြဲခန့်မှန်းနိုင်သော ကိုသက်က သူ့ကို မေးစရာမေးခွန်းမရှိဘူးလားဟု မေးလာခဲ့သည်။
ကြောက်စိတ်ကို ရဲရဲရင်ဆိုင်။ တကယ်ကြောက်တဲ့အရာဆိုရင် တခုခုလုပ်။ ငယ်ငယ်က မေမေတို့ညဖက် အပြင်သွားတိုင်း အိမ်မှာကျန်ခဲ့သည့် ကျွန်မတို့မောင်နှမတွေ ဘာကို ကြောက်မှန်းမသိ ကြောက်ကြသည်။ မေမေ ပြောသော စကားလေး။ ကြောက်နေ၍ မဖြစ်။ တခုခုလုပ်မှ ဖြစ်မည်။ ကြောက်စိတ်ကို ရင်ဆိုင်ရင်း ကိုသက်ကို မေးရန် အားခဲနေချိန် ကိုသက်က  မေးခွန်းတခု ကျွန်မအား မေးလာခဲ့သည်။
ဆက်ပါဦးမည်
(ဆရာဖေမြင့်၏ မဖြစ်နိုင်ဘူးဆိုတာ သေချာပြီလား၊ ဘဝ ဒသန ရသစာများ၊  မည်သို့ပင်ဖြစ်စေ စာအုပ်များမှ နှစ်သက်သော စာသားများကို ယူသုံးထားပါသည်။)
စန်းထွန်း
မတ် ၂၊ ၂၀၁၂။
11 comments:
စံပယ္ခ်ိဳ said...
စန်းထွန်းရေ
ချစ်တဲ့ sis jasmine
Anonymous said...
တော်လိုက်တဲ့အမေကွယ်..
စောင့်ပါအုံးမည်။
ချစ်ခင်လျှက်
မိစံ
Iora said...
ဆင်ခြင်မိစေတယ်။
ညီရဲ said...
ချစ်တဲ့
ဝသုန်
ညိမ်းနိုင် said...
ဆိုးသကွယ်....:)))။စတာ...အေးဆေးရေး...။မြန်မာပြည်
နေ၀သန် said...
ခင်မင်လျက်
နေ၀သန်
ကြယ်ပြာ said...
Anonymous said...
San San Htun said...
စံပယ်ချို said...
စန်းထွန်းရေ
ဖတ်လိုက်ရတဲ့သူရင်ထဲမှာတော့အားတွေဖြစ်ခဲ့ရတယ်
ဆက်ရန်လေးကိုလဲစောင့်နေပါတယ်
ချစ်တဲ့ sis jasmine
March 2, 2012 at 12:48 PM
Anonymous said...
တော်လိုက်တဲ့အမေကွယ်..
ဖတ်လို့လည်းကောင်းပါ့ း)
ကိုသက်ထွေးကဘာမေးတာပါလိမ့်..
(သူ့နာမည်ပြောင်းပြန်မဖတ်ရဘူးနော် း)
စောင့်ပါအုံးမည်။
ချစ်ခင်လျှက်
မိစံ
March 2, 2012 at 12:48 PM
Iora said...
တော်လိုက်တဲ့စန်းထွန်း..အားပေးနေမယ်နော်။
ဒို့လည်းနုစဉ်တုန်းကဆရာဖေမြင့်စာတွေအရမ်းစုတာ။
ကြိုက်တာတွေ နုတ်ထုတ်ထား။
ဘယ်တော့ပြန်ဖတ်ဖတ်အားဖြစ်စေတယ်။
ဆင်ခြင်မိစေတယ်။
ဘဝလမ်းမှာအမြဲဆောင်ထားသင့်ပါတယ်။
စန်းထွန်းကဝတ္ထုလေးနဲ့ကွက်တိဖြစ်အောင်ထဲ့သုံးတော့နောက်ဆိုစန်းထွန်းစာလေးဘဲသိမ်းထားရင်တောင်ရပြီ။ း)
March 2, 2012 at 5:00 PM
လွင်ပြင်လှိုင်းငယ် said...
အရမ်းကောင်းတာပဲဗျို့ ဆက်ရန်ဆိုတာလေးကို စောင့်နေပါ၏
March 2, 2012 at 8:57 PM
ညီရဲ said...
ကောင်းခန်းရောက်မှ ဆက်ရန်ကို စောင့်ရပြန်ပြီ... ဆက်စောင့်ရတာပေါ့ဗျာ... ဘာဖြစ်ဖြစ် ခုလို မိခင်တစ်ယောက်ကို ပိုင်ဆိုင်ခွင့် ရတဲ့ သားသမီးတွေက ဘဝမှာ ကံကောင်းပါတယ်လေ...
March 2, 2012 at 11:21 PM
ပျိုးယုဝသုန် (Pyo Yu Wathone) said...
ကောင်းတယ်စန်းထွန်းရေ..ကိုသက်ဘာမေးမလဲ..မေမေ့သမီးလေးကကိုသက်ကိုဘာပြေမလဲဆိုတာစိချင်လိုက်တာ..
ချစ်တဲ့
ဝသုန်
March 3, 2012 at 5:44 AM
ညိမ်းနိုင် said...
စန်းထွန်းခုလိုရေးတာလေးတွေလည်း ဖတ်လို့ကောင်း
လိုက်တာ......၊ကောင်းခန်းရောက်မှရပ်လိုက်တာတော့
ဆိုးသကွယ်....:)))။စတာ...အေးဆေးရေး...။မြန်မာပြည်
ပြန်နေလို့ ခုမှ အဟောင်းလေးတွေပါ ပြန်ဖတ်ရတယ်...။
ရပ်ကွက်ထဲမှာဗျာက ၉ မှာပြီးသွားပြီပေါ့နော်........၊နောက်
အဲလိုမျိုးလေးတွေရေးဦးနော်...ဖတ်လို့ကောင်းလို့....။
March 3, 2012 at 11:45 PM
နေဝသန် said...
ဆက်ရန်လေးကို ဆက်စောင့်နေပါတယ်.. ဇာတ်ရှိန်ကတော့ တစ်ဆစ်ချိုးနေပြီ.. း)
ခင်မင်လျက်
နေဝသန်
March 3, 2012 at 11:56 PM
ကြယ်ပြာ said...
ဖတ်ပြီးသွားပြီ .... နောက်တစ်ပိုင်းမျှော်နေပါသည် ... း)
March 6, 2012 at 12:53 AM
ဝေမိုးနိုင်(မုံရွာ) said...
အခု အပိုင်းနှစ်မှာပိုပြီး ဆွဲဆောင်မှုရှိလာတယ်။ ဖတ်ရတာ အားမလိုအားမရတောင်ဖြစ်မိသေး။ အပိုင်းသုံးကို အမြန်ဆုံးတင်ပါဦး ကိုစန်းထွန်းရေ..........။ ဇာတ်လမ်းလေးက ကောင်းတယ်။ ဖတ်ချင်လှပြီ။
March 6, 2012 at 11:11 PM