တိုးတိတ်လွမ်းလို့ နေပါတယ်...


သူမ အိပ်ယာမှ နိုးထလာခဲ့ချိန်  အခန်းထဲမှာ လရောင်ဖြာလဲ့နေခဲ့သည်။  ညဉ့်နက်အောင် ကျောင်းသင်ခန်းစာတွေကို သင်အံနေချိန်တုန်းက သူမ လမင်းကြီးကို မေ့လျော့နေခဲ့သည်။  သူမ သတိထားမိလောက်အောင် လရောင်က ရွှန်းမြလွန်းလှသည်။ လရောင်ရဲ့ ဖျားယောင်းမှုကြောင့် သူမ ပြတင်းပေါက်နားရပ်ကာ ဝင်းဝင်းပပသာနေသည့် လမင်းကြီးကို ငေးကြည့်ရင်း တစုံတယောက်သောသူကို သတိရမိသည်။ ဒီအချိန်ဆို မိုင်ထောင်ချီဝေးတဲ့ သူ့ဆီမှာ မနက်ပေါ့။ မြူခိုးဝေ့တဲ့ ဆောင်းမနက်မှာ သူအရင်လို စက်ဘီးစီးနေမလား။

တရေးနိုးချိန်
မိုး၏မီးအိမ်၊ ဝင်းပြည့်ထိန်သော်
စိန်ကြယ်သေးညွှန်း၊ မိုးလုံးလွန့်သော်
ခင်ပြန့်ပန်းလွှာ၊ ဝရန်ကာ၏
တစ်ရာသီအေး၊ တစ်ညမွှေး၌
ပူဆွေးယဲ့ပန်း၊ ဘာမှန်းမသိ
ထိုင်မိထိုင်ရာ၊ နာရီကြာလည်း
ကြာသည်ကိုမေ့၊ မချမ်းမြေ့ဘူး။

**********************************************************************************

ကျောင်းသူဖြစ်တဲ့ သူမနဲ့ သရုပ်ပြဆရာဖြစ်တဲ့ သူ စာသင်ခန်းမှာပဲ ရိုးရိုးလေးတွေ့ခဲ့ကြပါတယ်။ ဌာနမှာ အသက်အငယ်ဆုံးဖြစ်သလို ပြေပြစ်တဲ့ ရုပ်ရည်ရှိတဲ့ သူဟာ ကျောင်းသူတွေကြားထဲမှာ ရေပန်းစားလှပါတယ်။ စာသင်ကောင်းသလို ကျောင်းသားတွေကို ဂရုတစိုက် ရှိတယ်လို့ သတင်းမွှေးပါတယ်။ Undergraduate တွေကို သင်နေရာက Post Graduate သင်ဖို့ သူမတို့အတန်းကို ရောက်လာပါတယ်။ သူ့ရဲ့ ပထမဆုံးသင်တဲ့ အတန်းဖြစ်လို့ အတော်လေး အားထုတ်ပါတယ်။

သူမကတော့ သူနဲ့တကယ့်ကို တခြားစီ။ ရုပ်ရည်က သာမန်၊ ဆံပင်က စုတ်ဖွားဖွား၊ ပုလင်းဖင် မှန်ကြောင်လေးပါ။ သူမဆီမှာ သူမအကြိုက်ဆုံးဆိုလို့ သူမမေမေ ပေးထားတဲ့ မေမိုးမာန်ဆိုတဲ့ ထက်မြက်တဲ့ နာမည်လေးက လွဲရင်။ နာမည်စီးတာလားမသိ။ သူမကတော့ နာမည်နဲ ခြားနားစွာ မထက်မြက်။ သူစာသင်ချိန်မှာ မျက်မှန်ကွယ်ပြီး ခိုးငိုက်ရင် သူကလည်း ပါးနပ်စွာ စာမေးပါတော့တယ်။ အိပ်ချင်စိတ်တွေ ဘယ်ရောက်သွားမှန်မသိ အသည်းအသန် စဉ်းစားကာ ပေါက်ကရတွေ ဖြေရင် ပြုံးတုံ့တုံ့နဲ့ မဟုတ်သေးဘူးလို့ ဆိုတတ်ပါတယ်။

မေက သူငယ်ချင်းတွေ တရုန်းရုန်းနဲ့ ဗရုတ်ကျတတ်သူ၊ ယောကျ်ားလေးတွေနဲ့ အပြိုင်ငြင်းခုန်တတ်သူ၊ စနောက်အော်ဟစ်နေတဲ့သူ။ ဗရုတ်ကျနေတဲ့ မေတို့အုပ်စုကို သူ တခါတလေ နှုတ်ဆက်တတ်တယ်။ မေ့ကို မဟုတ်ဘူး။ မေ့သူငယ်ချင်း ကောင်လေးတွေကို။ သူလည်း မေတို့လို ဗရုတ်ကျချင်တယ် ထင်ပါရဲ့။ ဆရာမို့လို့ ရုပ်တည်ကြီးကို ဟန်လုပ်ပြီး နေရရှာတာ။ အသက်ကလည်း မေတို့ထက် ကြီးလှ နှစ်နှစ်ပေါ့။

မျက်ခုံးနက်နက်၊ မျက်လုံးနက်နက်လေးတွေနဲ့ဆံပင်တွေက ရွှေညိုရောင်။ သူဆီမှာ မေအကြိုက်ဆုံးက ဖြောင့်စင်းပြီး ပေါ်လွင်လှတဲ့ နှာတံလေး။ အဖျားလေးမှာ ကော့ပြီး အနားသတ်ထားတယ်။ နဖူးပေါ်ဝဲနေတဲ့ ဆံနွယ်လေးတွေ သပ်တင်လိုက်ရင် ပေါ်လာတဲ့ ဇင်ယော်တောင်ပံမျက်ခုံးလေးတွေကို မြင်ရတိုင်း မေသာဆို ဒီလို မျက်ခုံးလှလှလေးတွေကို ဖုံးမထားဘူး။ ဖေါ်ထားမှာလို့ မချင့်မရဲ တွေးမိတယ်။

ကျောင်းတက်ခါနီးမှ အိပ်ယာက ထ၊ အသည်းအသန်ကျောင်းကိုပြေးတဲ့ မေတယောက် စောစောနိုးလာတဲ့တနေ့ လမ်းလျှောက်နေတုန်း စက်ဘီးစီးလာတဲ့ သူနဲ့ ဆုံပါတယ်။ ရုံးဝတ်စုံမဟုတ်ဘဲ ဆွယ်တာရိုးရိုးလေးနဲ့ သူ လူငယ်လေးတယောက်လို နုနယ်ပျိုမြစ်နေပါတယ်။

"ဟိုင်း ပရော်ဖက်ဆာ ဂွတ်မောနင်း"
"ဂွတ်မောနင်း"

သင်တန်းပြီးသွားလို့ မေနဲ့သူ မဆုံတော့ပါဘူး။ တခါတလေ ကျောင်းသားတွေနဲ့ စကားပြောနေတဲ့ သူ့ကို မေတို့ အတန်းဆင်းချိန် ဖျတ်ခနဲ  တွေ့လိုက်ရတာကလွဲရင်။ သင်တန်းပြီးတိုင်း ကျေးဇူးတင်အီးမေးလ်တွေကို သင်ကြားတဲ့ ပရော်ဖက်ဆာတွေကို ပို့တတ်တာ မေ့အကျင့်။

သူ့အပြုံးက နှလုံးစွဲစိမ့်
ရင်တွင်းငြိမ်းငဲ့ မိုသိမ့်ကြက်သီး
ချမ်းမပြီးဘူး...
ယောင်တိယောင်တ ရယ်ရမလို
နှုတ်ချိုခွန်းစ ဆက်ရမလို
သူ့ကိုသာမှတ် ပြုံးရုံတတ်သည်...

မေ ကျောင်းပြီးခါနီး Management Course ယူတော့ သူနဲ့ပြန်ဆုံတယ်။ သူ မေ့ကို မှတ်မိတယ်။

"မေ ဟုတ်တယ်မလား" တဲ့။

နွေရာသီတုန်းက နစ်ကတိုင်ဆန်းဆန်းလေးတွေ ဆင်ယင်တတ်သူ ဆောင်းရာသီမှာတော့ ဆွယ်တာလှလှလေးတွေနဲ့ ရှင်းသန့်နေပါတယ်။ မေကတော့ အမြဲ ပိုသီပတ်သီ၊ ဗြုတ်စဗျင်းတောင်း၊ မေ့တတ်လျော့တတ်တာလည်း မေ့အပြင် နှစ်ယောက်မရှိ။ ပြသနာတပုံးတခေါင်းနဲ့ ရှိနေတတ်သူ။ အိပ်ချင်မူးတူးနဲ့ မှုန်မှိုင်းနေတဲ့သူ။ သူကတော့ မေနဲ့ ခြားနားစွာ အမြဲတိကျသေစွာ၊ စေ့စပ်၊ ထက်မြက်ပြီး ရှင်းသန့်နေတတ်သူ။ မေ သူ့ကို နှစ်သက်သဘောကျတာတော့ အမှန်ပါ။

သူ့ကိုမြင်လျှင်
ရင်ဒိတ်ဒိတ်တိုး၊ တစ်မျိုးမရိုး
စိုးထိတ်ဖွယ်လည်း၊ မရှိဘဲနှင့်
တင်းဆဲဝှက်ကြောက်၊ တုန်ယင်တတ်သည်...
ရင်တလှပ်လှပ်၊ ထပ်ထပ်မောမိ
မြကြောလျက်တင် ပွင့်စင်ရွှန်းတင့်
ပန်းပွင့်ကျွှန်မ ဖြစ်ပါရစေ...

မနက်တိုင်း သူ့ကို မြင်ရတာနဲ့ မေရဲ့တနေ့တာ ပြီးပြည့်စုံပါတယ်။ သူ့ရဲ့ချိုသာတဲ့ အသံလေးကို ကြားရတာက မေ့အတွက်တာ့ ကဗျာတပုဒ် နားထောင်ရသလိုပါပဲ။ တရက်မှာတော့ စာသင်နေတာ သူမဟုတ်လို့ သိရတာက သူ့ဖေဖေ အသည်းအသန်ဖြစ်လို့ သူအမြန်ဆုံး လိုက်သွားရတယ်။ နှုတ်မဆက်ဘဲ ထွက်သွားတဲ့ သူ့ကို မေ သတိရမိပါတယ်။

သူသွားတော့မည်
ပွေ့ချောထွေးလည်း၊ ဝမ်းနည်းရုံမျှ
မှုန်ဝါးမျက်နှာ၊ မျက်ရည်ကာစီး
ပြန်လာပါဦး၊ ခွဲချင်ဘူးကွယ်
မူးယစ်ဝေည၊ မွှေးထုံသဆဲ
ခဏတွေ့မော၊ ရင်ခုန်ရောယှက်
ပြောချင်စကား၊ မေးခွန်းများစွာ
မေ့ထားခဲ့ပြီး၊ ပြန်ချိန်နီးမှ
ငိုညည်းတဝက်၊ မမီလက်ကမ်း
နှုတ်ဆက်ဝါးဝါး၊ ပြေးထွက်သွားမှ
တံခါးရပ်မှီ ငေးခဲ့ပြီ။

အချစ်ဆိုတာလည်း အံ့သြဖို့ကောင်းသား။ ဘာကြောင့် ချစ်တယ်လို့အကြောင်းအရာ မယ်မယ်ရရ ပြောစရာမရှိ။  သူ့ခွင့်ပြုချက် မလိုဘဲ တိုးတိတ်စွာ ချစ်လို့ရတယ်။ သူ့ခွင့်ပြုချက်မလိုဘဲ တိတ်တိတ်လေး လွမ်းနေလို့ရတယ်။ မေနှစ်ခြိုက်မိတဲ့ စာသားလေးက "မိတ်ဆွေဆက်ဆံရေးသည် လုံခြုံမှု၊ ကိုယ်နှုတ်စောင့်စည်းမှုနှင့် လိမ္မာပါးနပ်မှုအပေါ် မူတည်၍ အချစ်ကတော့ စိတ်အားထက်သန်မှု၊ ကြည်နူးမှုနှင့် ယုံကြည်စိတ်ချမှုအပေါ် တည်သည်"တဲ့။

တွယ်ငြိခြင်းသည်
ဆင်းရဲအစ၊ သံသာရဟု
ချမ်းမြသိလည်း၊ တွယ်ငြိမြဲပင်
ရဲဝံ့သည်လား၊ ကြောက်သည်လားဟု
ငြင်းပွားစိတ်တွေ အဖြေခက်သည်..

ရေအောက်ထက်နိမ့်လို့ ရေကာတာတွေကာထားပြီး အမြဲထကြွဝီရိယရှိတဲ့၊ ရှေးဟောင်းအဆောက်အဦးတွေ၊ ဗိသုကာမြောက်ခန့်ညားလှတဲ့ ဘုရားရှိခိုးကျောင်းကြီးတွေ၊ လေရဟတ်ကြီးတွေကို ရှိတဲ့ သူမွေးဖွားရာ နိုင်ငံကို မေ အလည်တခေါက်လောက်တော့ ရောက်ဖူးချင်မိသည်။ ပေးဆပ်ခြင်း၊ ပိုင်ဆိုင်လိုခြင်း မရှိသောကြောင့် မေ့အချစ်သည် မနက်ရှိုင်းဟု ဆိုချင်ဆိုကြမည်။ မေ ဝန်ခံပါသည်။ တချိန်ချိန်ကျလျှင် မေ သူ့ကို မေ့သွားကောင်းမေ့သွားနိုင်သည်။

နောက်ထပ် ဆုံဆည်းဖို့ဆိုသည်မှာ အခြေအနေ၊ အချိန်အခါ၊ ကံတရားပေါ်တွင် မူတည်၍ ဆုံဆည်းခွင့်ကိုတော့ မေ မမျှော်လင့်တော့ပါ။ တကျွှန်းခြင်း၊ တမြေစီခြားနေသူခြင်း လမင်းကို မော့ ကြည့်မိရင်း မျက်နှာခြင်း ဆုံနိုင်ပါသည်။ နွေဦးသည် ဥသြနဲ့ ပန်းပွင့်များကို တပါတည်း သယ်ဆောင်လာဘိသကဲ့သို့ အချစ်ဆိုသော အရာသည် အလွမ်းများကို တပါတည်း ဆောင်ကြဉ်းလာပါသည်။ ကမ္ဘာမြေ၏ တထောင့်တနေရာမှာ ရှိနေသော နေသန်ဆိုသော လူတယောက်ကို မေ လွမ်းနေမိသည်။ တမ်းတမိသည်။ သတိရမိသည်။ သူနဲ့ မေ ကမ္ဘာမြေကြီး၏ တမိုးအောက်မှာ ရှိတယ်ဆိုသော အသိကြောင့်ပင် မေ ကျေနပ်မိသည်။

တစ်ကျွှန်းစီနေ
တစ်မြေစီခြားသူရယ်
မျက်နှာချင်းကိုလ
လမင်းမှာ ဆုံစို့ကွယ်။

(ဆရာမ ခင်ခင်ထူးရဲ့ ပန်းကြာဝတ်မှုန် ဝထ္ထုဖတ်ရင်း နှစ်ခြိုက်မိတဲ့ ဆရာမကြည်အေး ကဗျာများကို သုံးထားပါတယ်။ ပထမဆုံး ရေးဖွဲ့တဲ့ အက်ဆေးမို့လို့ အမှားပါရင် ဝေဖန်ထောက်ပြပေးပါဦး။ ဆရာမ ဂျူး၊ ဆရာမ ခင်ခင်ထူး နှစ်သက်သူမို့ သူတို့ရဲ့ ရေးဟန်တွေ လွှမ်းမိုးနေတာကတော့ အသေအချာပါ။)

စန်းထွန်း
ဖေဖေါ်ဝါရီ ၂၊ ၂၀၁၂။

22 comments:

မဒမ္ကိုး said...

ဟဲဟဲ တို႕အပ်ိဳၾကီးစြံေတာ႕မယ္ထင္တယ္ း))
ေသခ်ာတာေတာ႕စန္းထြန္းဘဲေနမယ္ ဒီထဲကဇာတ္ေကာင္က ..
(ပံု ဂ်ာရစ္ဖြခဲ႕သည္ း)

ခ်စ္ေသာ

မဒိုးကန္

San San Htun said...

အသက္ပဲ အေသခံမယ္..လံုးဝေၿပာဘူး..:P

စံပယ္ခ်ိဳ said...

မ်က္ႏွာခ်င္းကိုလ
လမင္းမွာ ဆံုစို ့ကြယ္။
ဘူေလးနဲ႔ ဘူေလးတုိ႔ဆုံၾကမွာလဲ
အဲထွာ အရင္ေၾကာၾက---မေျပရင္အဲထွာ စန္းထြန္းပဲ
ခ်စ္တဲ႔ jasmine

Anonymous said...

အသက္ေတာ့အေသမခံႏုုိင္ဘူး။ ေျပာစရာရွိတာသာေျပာလိုုက္။ ဟီး ဟီး.. း))

အုုိင္အိုုရာ

ညီလင္းသစ္ said...

ပင္လယ္ေရမ်က္ႏွာျပင္ထက္ နိမ့္ေသာ၊ ေလရဟတ္မ်ား ႐ွိေသာႏိုင္ငံ ဆိုတာ ေကာ္ဖီဆိုင္ေတြ၊ စက္ဘီးေတြ၊ နီယြန္မီးေရာင္ ရပ္ကြက္ေတြ ႐ွိတဲ့ ႏိုင္ငံပဲ ျဖစ္ရမယ္၊ း)

အေရးအသား ညက္တယ္၊ ဖတ္လို႔ ေကာင္းတယ္ ညီမ၊ ဘယ္သူမဆိုေတာ့ စာ စ,ေရးကာစမွာ ကိုယ္ႏွစ္သက္တဲ့ စာေရးဆရာေတြရဲ႕ လႊမ္းမိုးမႈက အနည္းနဲ႔အမ်ား ႐ွိၾကတာပါပဲ၊ အဲဒါေၾကာင့္ စု-တု-ျပဳ လို႔ ဆိုၾကတာ မဟုတ္လား၊ ဆက္သာေရးပါ၊ အားေပးပါတယ္...။

မအိမ္သူ said...

အဲဒီလို ကဗ်ာေလးေတြနဲ႔ စာသားေလးေတြ တစ္ပိုဒ္စီေရးတဲ့ စတိုင္ေလးကို အရမ္းသေဘာက်တယ္။ ကိုယ့္ဟာကိုယ္ေတာ့ အဲဒါမ်ဳိးေရးတတ္ဘူး။ သူမ်ားေတြေရးတာေတြ႔ရင္ အားက်လြန္းလို႔... း)

သူႀကီးမင္း (တုုံးဖလား) said...

ဒီဇာတ္ေကာင္က ဟုိ နာမည္ႏွစ္မ်ိဳးရွိတဲ့ ႏုိင္ငံကဘဲ ျဖစ္ရမယ္။ း)

ဒီတစ္ခါ စာဖတ္ရတာ လြမ္းေမာစရာႀကီး။ း(

San San Htun said...

တဂ်င္းမီး..ဝါးတားတားလုပ္ၿပီး ရမ္းမတုတ္ပါနဲ ့..:P

လြင္ျပင္လႈိင္းငယ္ said...

မိုက္တယ္ဗ်ာ သူမ်ားေတြေရးတတ္လိုက္တာ အားက်တယ္ဗ်ိဳ႔

San San Htun said...

အံမယ္..အံမယ္..ကိုလြင္ၿပင္..သူကလည္း ကဗ်ာေကာင္းေလးေတြ ေရးတတ္လိုက္တာ..အားက်တယ္ဗ်ိဳ ့...

Anonymous said...

ေရာ္..မဟုတ္မွလြဲေရာ...
ဧကာနေတာ့..ဧကာနပဲေနာ္ :P
ဘယ္ဒူ႔ကိုလြမ္းေနတာပါလိမ့္။

(စာေရးတယ္ဆိုတာ..
ကိုယ္တိုင္ခံစားရမွ..ေရးလို႔ရတာမ်ိဳးဗ် း)

ဒီႏွစ္အတြင္းသတင္းေကာင္းၾကားခ်င္ပါသည္။

ပုံ/
မိစံ

San San Htun said...

သမံစီးတေယာက္ေတာ့ ေတာ္ေတာ္ သိခ်င္သြားၿပီ..လံုးဝေၿပာဘူး..:P

ျမတ္ပန္းႏြယ္ (Myat Pan Nwe) said...

ဇာတ္လမ္းေလးကိုေရာ၊ အေရးအသားေလးတစ္ခ်ိဳ႕ကိုပါ ႏွစ္သက္မိတယ္။

ခင္မင္စြာျဖင္႔
ျမတ္

(မနက္က စန္း ေပးသြားတဲ႔ ေကာ္မန္႔ေလးကို Publishနဲ႔ Delete မွားႏွိပ္မိသြားတယ္။ အဲတာေလး ေတာင္းပန္ပါတယ္ေနာ္)

San San Htun said...

မရဘူး..မမၿမတ္..ၿပန္ publish လုပ္ေပးးးး..ခြိ..ခြိ

မီးမီးငယ် said...

ေရေအာက္ထက္နိမ့္လို ့
ေရကာတာေတြကာထားၿပီး .
... ႏိုင္ငံဆိုတာ...
မ်ားတို ့ေနခဲ့တဲ့ေနရာေလးကိုေျပာတာလား..
အဲဒီကေကာင္မေလးေတြလွၾကတယ္ေနာ္..။
စန္းထြန္းက.အလာသားဘဲ။
ဦထုေတြဘာေတြေရးလို ့..။
အားေပးတယ္ေနာ္..။

Mrs. Bagel said...

မဟုတ္မွလြဲေရာ၊ နယ္သာလန္ ျပန္သြားတာေနမယ္။ ဟြင္းဟြင္း။ ဆရာပံုကို မ်က္လုံးထဲပံုေဖာ္လိုက္တာ စိုးသူကိုေျပးျမင္တယ္။ ဟိဟိ။

San San Htun said...

ဟား..ဟား..ၿမတ္ၾကည္ ေတာ္တယ္...ဆရာက ပိုင္သူရိွၿပီးသား..ခု ၿပန္ေရာက္ေနၿပီ..
ဆရာၾကီး ဦးခင္ေမာင္လတ္ ေၿပာတာသြားသတိရမိတယ္..
"ဒီေဖာင္တိန္ေလးက ကႊ်န္ေတာ့္ခ်စ္သူ ေပးထားလို ့ ကႊ်န္ေတာ္ သိပ္ဖိုးထားတဲ့အရာေလးပါ..တေလာက ေပ်ာက္သြားလို ့ ကႊ်န္ေတာ့္မွာ ရွာလိုက္ရတာ..ေနာက္ၿပန္ေတြ ့ေတာ့ ေနာက္ထပ္မေပ်ာက္ေအာင္ ေသခ်ာသိမ္းဆည္းေနရတယ္ဗ်" တိုေတာ့ ဆရာ့မိတ္ေဆြက ၿမင္ဖူးခ်င္လို ့ တကူးတက ေတာင္းယူၾကည့္ရတယ္ဆိုပဲ။ ေနာက္ေတာ့ ဆရာၾကီးက "အဲဒါ လမ္းေဘးက ၅က်ပ္နဲ ့ဝယ္ထားတဲ့ ေဖာင္တိန္" လည္း ဆိုေရာ ဆရာ့မိတ္ေဆြခင္ဗ်ာ ပက္လက္ကိုလန္။
ခု စန္းထြန္းလည္း လမ္းေဘးက ၅က်ပ္နဲ ့ ဝယ္ထားတဲ့ ေဖာင္တိန္ကို ခ်စ္သူေပးထားသေယာင္ေဆာင္ၿပီး ေရးဖြဲ ့ထားတာပါဂ်ာ..ဝထၳဳဆိုသည္မွာ ခံစားမႈရယ္၊ ကိုယ့္ပတ္ဝန္းက်င္က ဇာတ္ေကာင္ေတြရယ္နဲ ့ ဖန္တီးထားတာပါဂ်ာ..

ျမစ္က်ဳိးအင္း said...

ဒီလိုမ်ဳိးေလး ဖတ္သူတိုင္း နားလည္လြယ္တဲ့ ရွင္းရွင္းလင္းလင္း အေရးအသားမ်ဳိးဆို သိပ္သေဘာက်တယ္။ ပထမဆံုး အက္ေဆးဆိုလို႔ ေနာက္ထပ္ အခုလိုပဲ အက္ေဆးေကာင္းေလးေတြ ထပ္ေရးဖို႔ အားေပးပါတယ္။

rose said...

စန္းထြန္းက ၀တၳဳလည္း ေရးတတ္သားပဲေနာ္။ စာဖြဲ႔ထားတာ ဖတ္ရတာ မေထာက္ဘဲ ေခ်ာေနတာပဲ။ ေတာ္တယ္ း)။ ဆက္ေရးပါ။ အားေပးေနမယ္။ အဓိကဇာတ္ေဆာင္ မင္းသမီးနာမည္က ဆရာမလြန္းထားထားရဲ႕ သမီးေလး နာမည္ေနာ္ " ေမမိုးမာန္ေမာင္" တ့ဲ။ ဆရာမ သမီးေလးက။

San San Htun said...

မရို ့စ္ ေတာ္တယ္..ဟုတ္တယ္ ဆရာမ လြန္းထားထား သမီးေလး နာမည္ၾကိ ုက္လို ့ ထည့္သံုးထားတာ..ေမမိုးမာန္ေမာင္ဆိုတဲ့ နာမည္ေလး..ေနသန္ကေတာ့ ဆရာမဂ်ဴး၏ ဇာတ္ေကာင္...

San San Htun said...

မဒမ်ကိုး said...
ဟဲဟဲ တို့အပျိုကြီးစွံတော့မယ်ထင်တယ် း))
သေချာတာတော့စန်းထွန်းဘဲနေမယ် ဒီထဲကဇာတ်ကောင်က ..
(ပုံ ဂျာရစ်ဖွခဲ့သည် း)

ချစ်သော

မဒိုးကန်
February 3, 2012 at 12:11 AM
San San Htun said...
အသက်ပဲ အသေခံမယ်..လုံးဝပြောဘူး..:P
February 3, 2012 at 12:14 AM
စံပယ်ချို said...
မျက်နှာချင်းကိုလ
လမင်းမှာ ဆုံစို့ကွယ်။
ဘူလေးနဲ့ ဘူလေးတို့ဆုံကြမှာလဲ
အဲထှာ အရင်ကြောကြ---မပြေရင်အဲထှာ စန်းထွန်းပဲ
ချစ်တဲ့ jasmine
February 3, 2012 at 2:33 AM
Anonymous said...
အသက်တော့အသေမခံနိုင်ဘူး။ ပြောစရာရှိတာသာပြောလိုက်။ ဟီး ဟီး.. း))

အိုင်အိုရာ
February 3, 2012 at 2:34 AM
ညီလင်းသစ် said...
ပင်လယ်ရေမျက်နှာပြင်ထက် နိမ့်သော၊ လေရဟတ်များ ရှိသောနိုင်ငံ ဆိုတာ ကော်ဖီဆိုင်တွေ၊ စက်ဘီးတွေ၊ နီယွန်မီးရောင် ရပ်ကွက်တွေ ရှိတဲ့ နိုင်ငံပဲ ဖြစ်ရမယ်၊ း)

အရေးအသား ညက်တယ်၊ ဖတ်လို့ ကောင်းတယ် ညီမ၊ ဘယ်သူမဆိုတော့ စာ စ,ရေးကာစမှာ ကိုယ်နှစ်သက်တဲ့ စာရေးဆရာတွေရဲ့ လွှမ်းမိုးမှုက အနည်းနဲ့အများ ရှိကြတာပါပဲ၊ အဲဒါကြောင့် စု-တု-ပြု လို့ ဆိုကြတာ မဟုတ်လား၊ ဆက်သာရေးပါ၊ အားပေးပါတယ်...။
February 3, 2012 at 3:50 AM
မအိမ်သူ said...
အဲဒီလို ကဗျာလေးတွေနဲ့ စာသားလေးတွေ တစ်ပိုဒ်စီရေးတဲ့ စတိုင်လေးကို အရမ်းသဘောကျတယ်။ ကိုယ့်ဟာကိုယ်တော့ အဲဒါမျိုးရေးတတ်ဘူး။ သူများတွေရေးတာတွေ့ရင် အားကျလွန်းလို့... း)
February 3, 2012 at 12:30 PM
သူကြီးမင်း (တုံးဖလား) said...
ဒီဇာတ်ကောင်က ဟို နာမည်နှစ်မျိုးရှိတဲ့ နိုင်ငံကဘဲ ဖြစ်ရမယ်။ း)

ဒီတစ်ခါ စာဖတ်ရတာ လွမ်းမောစရာကြီး။ း(
February 3, 2012 at 12:30 PM

San San Htun said...

San San Htun said...
တဂျင်းမီး..ဝါးတားတားလုပ်ပြီး ရမ်းမတုတ်ပါနဲ့..:P
February 3, 2012 at 12:43 PM
လွင်ပြင်လှိုင်းငယ် said...
မိုက်တယ်ဗျာ သူများတွေရေးတတ်လိုက်တာ အားကျတယ်ဗျို့
February 3, 2012 at 11:12 PM
San San Htun said...
အံမယ်..အံမယ်..ကိုလွင်ပြင်..သူကလည်း ကဗျာကောင်းလေးတွေ ရေးတတ်လိုက်တာ..အားကျတယ်ဗျို့...
February 3, 2012 at 11:52 PM
Anonymous said...
ရော်..မဟုတ်မှလွဲရော...
ဧကာနတော့..ဧကာနပဲနော် :P
ဘယ်ဒူ့ကိုလွမ်းနေတာပါလိမ့်။

(စာရေးတယ်ဆိုတာ..
ကိုယ်တိုင်ခံစားရမှ..ရေးလို့ရတာမျိုးဗျ း)

ဒီနှစ်အတွင်းသတင်းကောင်းကြားချင်ပါသည်။

ပုံ/
မိစံ
February 4, 2012 at 7:28 AM
San San Htun said...
သမံစီးတယောက်တော့ တော်တော် သိချင်သွားပြီ..လုံးဝပြောဘူး..:P
February 4, 2012 at 10:13 AM
မြတ်ပန်းနွယ် (Myat Pan Nwe) said...
ဇာတ်လမ်းလေးကိုရော၊ အရေးအသားလေးတစ်ချို့ကိုပါ နှစ်သက်မိတယ်။

ခင်မင်စွာဖြင့်
မြတ်

(မနက်က စန်း ပေးသွားတဲ့ ကော်မန့်လေးကို Publishနဲ့ Delete မှားနှိပ်မိသွားတယ်။ အဲတာလေး တောင်းပန်ပါတယ်နော်)
February 4, 2012 at 10:46 AM
San San Htun said...
မရဘူး..မမမြတ်..ပြန် publish လုပ်ပေးးးး..ခွိ..ခွိ
February 4, 2012 at 10:49 AM
မီးမီးငယ် said...
ရေအောက်ထက်နိမ့်လို့
ရေကာတာတွေကာထားပြီး .
... နိုင်ငံဆိုတာ...
များတို့နေခဲ့တဲ့နေရာလေးကိုပြောတာလား..
အဲဒီကကောင်မလေးတွေလှကြတယ်နော်..။
စန်းထွန်းက.အလာသားဘဲ။
ဦထုတွေဘာတွေရေးလို့..။
အားပေးတယ်နော်..။
February 4, 2012 at 1:45 PM
Mrs. Bagel said...
မဟုတ်မှလွဲရော၊ နယ်သာလန် ပြန်သွားတာနေမယ်။ ဟွင်းဟွင်း။ ဆရာပုံကို မျက်လုံးထဲပုံဖော်လိုက်တာ စိုးသူကိုပြေးမြင်တယ်။ ဟိဟိ။
February 4, 2012 at 4:36 PM
San San Htun said...
ဟား..ဟား..မြတ်ကြည် တော်တယ်...ဆရာက ပိုင်သူရှိပြီးသား..ခု ပြန်ရောက်နေပြီ..
ဆရာကြီး ဦးခင်မောင်လတ် ပြောတာသွားသတိရမိတယ်..
"ဒီဖောင်တိန်လေးက ကွျှန်တော့်ချစ်သူ ပေးထားလို့ ကွျှန်တော် သိပ်ဖိုးထားတဲ့အရာလေးပါ..တလောက ပျောက်သွားလို့ ကွျှန်တော့်မှာ ရှာလိုက်ရတာ..နောက်ပြန်တွေ့တော့ နောက်ထပ်မပျောက်အောင် သေချာသိမ်းဆည်းနေရတယ်ဗျ" တိုတော့ ဆရာ့မိတ်ဆွေက မြင်ဖူးချင်လို့ တကူးတက တောင်းယူကြည့်ရတယ်ဆိုပဲ။ နောက်တော့ ဆရာကြီးက "အဲဒါ လမ်းဘေးက ၅ကျပ်နဲ့ဝယ်ထားတဲ့ ဖောင်တိန်" လည်း ဆိုရော ဆရာ့မိတ်ဆွေခင်ဗျာ ပက်လက်ကိုလန်။
ခု စန်းထွန်းလည်း လမ်းဘေးက ၅ကျပ်နဲ့ ဝယ်ထားတဲ့ ဖောင်တိန်ကို ချစ်သူပေးထားသယောင်ဆောင်ပြီး ရေးဖွဲ့ထားတာပါဂျာ..ဝထ္ထုဆိုသည်မှာ ခံစားမှုရယ်၊ ကိုယ့်ပတ်ဝန်းကျင်က ဇာတ်ကောင်တွေရယ်နဲ့ ဖန်တီးထားတာပါဂျာ..
February 4, 2012 at 4:52 PM
မြစ်ကျိုးအင်း said...
ဒီလိုမျိုးလေး ဖတ်သူတိုင်း နားလည်လွယ်တဲ့ ရှင်းရှင်းလင်းလင်း အရေးအသားမျိုးဆို သိပ်သဘောကျတယ်။ ပထမဆုံး အက်ဆေးဆိုလို့ နောက်ထပ် အခုလိုပဲ အက်ဆေးကောင်းလေးတွေ ထပ်ရေးဖို့ အားပေးပါတယ်။
February 5, 2012 at 2:57 AM
rose said...
စန်းထွန်းက ဝတ္ထုလည်း ရေးတတ်သားပဲနော်။ စာဖွဲ့ထားတာ ဖတ်ရတာ မထောက်ဘဲ ချောနေတာပဲ။ တော်တယ် း)။ ဆက်ရေးပါ။ အားပေးနေမယ်။ အဓိကဇာတ်ဆောင် မင်းသမီးနာမည်က ဆရာမလွန်းထားထားရဲ့ သမီးလေး နာမည်နော် " မေမိုးမာန်မောင်" တဲ့။ ဆရာမ သမီးလေးက။
February 5, 2012 at 1:37 PM
San San Htun said...
မရို့စ် တော်တယ်..ဟုတ်တယ် ဆရာမ လွန်းထားထား သမီးလေး နာမည်ကြိ ုက်လို့ ထည့်သုံးထားတာ..မေမိုးမာန်မောင်ဆိုတဲ့ နာမည်လေး..နေသန်ကတော့ ဆရာမဂျူး၏ ဇာတ်ကောင်...
February 5, 2012 at 1:39 PM