စန်းထွန်း တောင်တက်နေသည် - ၃

စန်းထွန်းတယောက် ပျောက်ချက်သား ကောင်းနေတော ဘယ်တွေရောက်လို့  ဘာတွေပေါက်။ အရှုပ်တွေ လုပ်၊ ကွန်ပျူတာကလည်း Vista ကနေ Windows 7 ပြောင်းလိုက်တာ crash ဖြစ်ပြီး IT Department မှာ ၃ရက်လောက် အနားသွားယူပါတယ်။ စန်းထွန်းခမျာ ကျောင်းက ကွန်ပျူတာကြီးနဲ့  နှစ်ပါးသွားနေရတာပေါ့။ ကျောင်းက ကွန်ပျူတာတွေက မြန်မာစာဖောင့်သွင်းခွင့် မရှိတော့ ဘလော့ကြီးနဲ့  အဆက်အသွယ် ခဏပြတ်သွားတယ်။ ည ၉နာရီခွဲ Lab Monitor တံခါးလာပိတ်တဲ့အချိန် အဆောင်ပြန်။ အဆောင်ရောက်ရင် ဘာမှလုပ်စရာ မရှိလို့  စာဖတ်ရင်း အိပ်ပျော်သွား။ ကွန်ပျူတာ မရှိတာ သူငယ်ချင်း၊ အပေါင်းအသင်း မဲ့သွားသလိုပဲ :) ။

ကွန်ပျူတာ ရရချင်း ဘာလုပ်တယ် ထင်သလဲ။ နောက်ဆုံးတောင်လေးကို ပြေးတက်လိုက်ဦးမှ။ ဖေ့ဘွတ်မှာ တွေ့ တဲ့တောင်ကို မတွေ့ ရလို့ ၊ ISS တောင်ကုန်းသာသာ တောင်လေးကို တက်ရလို့  မကျေမချမ်း ဖြစ်နေကြတဲ့ စန်းထွန်းနဲ့  အိအိ အဲဒီတောင်ကို တွေ့ အောင်ရှာမယ်လို့  ကြုံးဝါးကြပါတယ်။ ET တို့  တက်ခဲ့ကြတာ Bukit Timah တောင်။ စန်းထွန်းတို့  သွားခဲ့တာက Bukit Batok တောင်။ ဟဲ..ဟဲ Bukit ခြင်းတော့ တူတယ် :P ။

နောက်၂ပတ်အကြာမှာ  Bukit Timah ဆီ မကြေပွဲ နွှဲကြပြန်တယ်။ ဆုံရပ်က Bukit Batok MRT ၊ အချိန်က ၂၀၁၀ ခုနှစ် နိုဝင်ဘာ ၂၀ ရက် စနေနေ့  မနက် ၁၀နာရီလောက်။ ကားစီး၊ တောင်တွေ မြင်ရပြီး တာဝါတိုင်မြင်တာနဲ့  ဆင်း၊ လမ်းလျှောက်။ တောင်ခြေရောက်ရင်ပဲ တော်တော်ဟိုက်နေပြီ။ ဒီတခါတော့ ကိုယ့်လို ဖလမ်းဖလမ်းထသူတွေ အများသား။ ကျောင်းသားတွေ၊ အငြိမ်းစားကြီးတွေ အုပ်စုလိုက်။

မျောက်တွေ ဆွဲမှာစိုးလို့  မုန့် ထုပ်တွေ အိတ်ထဲထည့်ဖို့  တာဝန်ရှိသူက လာပြောပါတယ်။ မျက်စိနောက်ရင် လိုက်ဆွဲတတ်တဲ့ ပုပ္ပားက မျောက်တွေလိုပါပဲလား။ တက်ရမဲ့ လမ်းကြောင်းကို အနီ၊အပြာ၊အဝါ၊အစိမ်း ကြာချိန်၊ လွယ်တဲ့လမ်း၊ ခက်တဲ့လမ်း အသေအချာ ညွှန်ပေးထားပါတယ်။ အခက်ဆုံး၊ အဝေးဆုံးလမ်းကို ရွေးလိုက်ကြတယ်။ ဘာအရောင်လဲတော့ မမှတ်မိ။


 ဒီတခါတော့ ISS ကုန်းသာသာ မဟုတ်ဘူးဗျား။ မတ်မတ်ကြီး ဟိုက်နေအောင် တက်ရတယ်။ သစ်ပင်တွေက နေပြောက်မထိုးအောင်ပါပဲ။ လမ်းမှားမှာလဲ မပူရပါဘူး။ လမ်းတလျှောက် အနီရောင်၊ အပြာရောင်လိုင်းဆိုရင် ဒီဘက်၊ အဝါရောင် ဒီကနေ လမ်းခွဲ။

credit to ET

 တောင်ထိပ် ရောက်ပါပြီ ခင်ည။


ငှက်ကြည့်နေသူတွေကို တွေ့ တယ်။ ဒီဓာတ်ပုံကို မမအိုင်အိုရာ မြင်ရင် ဒန့် ဒန့် ဒန့်  ဖြစ်သွားမယ်။ ငှက်ကြည့်ချင်စိတ် ပေါက်သွားမယ်ကို ပြောတာပါ ဟိ..ဟိ။

ငှက်ကြည့်ကြသူများ credit to Ei Ei

ပြန်ဆင်းတော့ တော်တောင်ကြီး ဆင်းယူရတယ်။ မတ်လွန်း၊ ခက်လွန်းလို့ ။ လူလည်း နည်းတယ်။ ကိုယ်တွေက အဆင်းမို့  တော်သေးတယ်။ တက်တဲ့သူများကတော့ ဟိုက်နေအောင် တက်ယူရမယ်။


ရေတံခွန်ပိစိလေးတွေ့ တယ်။

စီးကြမလားဟေ့ မြနန်းနွယ်ဒန်း

၁နာရီလောက်ကြာလို့  ရှာနေတဲ့ တောင်ကို မတွေ့ လို့  ရေကန်ဆီ တွေ့ မလား ချီတက်ကြပြန်တယ်။ မြေပုံမှာသာ ဝေးတာ၊ လျှောက်တော့လည်း နီးသား။ မိုးကလည်း တဖြောက်ဖြောက်။


မတွေးပြန်ဘူး။ စိတ်ကြီးတဲ့ အိအိ  တာဝန်ရှိသူတွေကို သူ့ ပန်းသီးကြီးနဲ့  ဓာတ်ပုံပြပြီး မေးတော့မှ Dairy Farm Route ဖက်မှာ ရှိတယ်။ တော်တော်ဝေးတယ်လို့  ဆိုပါတယ်။

အဲဒီတောင်ကို မတွေ့ မချင်း တွေ့ အောင် ရှာမယ်လို့  ဇွဲနပန်း ခတ်သော်ငြားလည်း စတိတ်ကို သွားမယ်လို့  ဆုံးဖြတ်ပြီး ဒီဇင်ဘာမှာ ရန်ကုန်ပြန်တာရော၊ အိအိကလည်း မအားတာနဲ့  အဲဒီတောင်ကို တွေ့ အောင် မရှာလိုက်ရပါဘူး။ အဲဒီတောင် ဘာများထူးခြားလို့ လဲလို့  ထင်မိမယ်။ ဘာမှ မထုးခြားပါဘူး။ ရိုးရိုးသာမာန်တောင်လေးနဲ့  မြက်ခင်းစိမ်းစိမ်းပြန့် ပြန့် လေးပါ။

တရားခံက ဒီတောင် credit to ET
အဲဒီလို အုပ်တောင့်တောင့်နဲ့  တောင်တက်ချင်တာ..အားကျပါဘိ..
ခုတော့ အိအိနဲ့  နှစ်ဗွေတည်း ဒိုးရရှာသည်..
တဗွေတည်း ဒိုးတဲ့ ကိုညိမ်းထက်တော့ သာသေးတာပ..:P....
ခွင့်မတောင်းဘဲ တင်လိုက်ပါတယ်..မကျေနပ်ရင် စီဘောက်မှာ လာအော်..ဒါဗြဲ
credit to ET
credit to ET
credit to ET

အဓိကတော့ ET၊ မယဉ်စု၊ အဲအဲတို့ လို တောင်ကို နောက်ခံထားပြီး မြက်ခင်းစိမ်းစိမ်းလေးနဲ့  ဓာတ်ပုံရိုက်ချင်တာပါ။ နို့ မို့  ခြင်္သေ့ကျွှန်းမှာ စန်းထွန်း မတက်ဘူးတဲ့တောင် မရှိဘူးလို့  ကြုံးဝါးလို့ ရတယ်။ ခုတော့ ကြုံးဝါးခွင့် မကြုံလိုက်ဘူး။

တောင်တွေ တက်နိုင်ကြပါစေ..ခွိ..ခွိ..

စန်းထွန်း
ဇန်နဝါရီ ၂၈၊ ၂၀၁၂။

17 comments:

မီးမီးငယ် said...

တောင်လိုက်တက်တာမောသွားပြီ။
....:)))
စင်ကျားပူးကိုရောက်ဖူးဘူး...။
ပျော်စရာကောင်းမဲ့ပုံ။

ညိမ်းနိုင် said...

အဲ....အဲ့တောင်ကိုတော့ တိဝူးဟ...ရှာပြီးသွားတတ်ဦးမှပဲ..
ဒါမှ စလုံးမှာ မရောက်ဖူးတဲ့နေရာမရှိလို့ကြွားလို့ရအောင်.....:)
ကြည့်ရတာတော့ ဘူကစ်ကုန်းဘက်က ကျောက်တောင်
ကြီးနဲ့တူတာပဲ...ဟိုဘက်ကလှည့်တက်ပုံရတယ်....။
စကားမစပ် တဗွေတည်းဒိုးရတာ စိတ်ချမ်းသာတယ်ဟ
စန်းထွန်းရ....(ခုတော့ဒီလိုပဲပြောရမှာပဲ.....:))))

jasmine(တောင်ကြီး) said...

စန်းထွန်းကတောင်တက်နိုင်တယ်နော်
တစ်ယောက်ထဲပုံလေးတွေမိုက်တယ်
တစ်ပုံသိမ်းထားတယ်နော်

Anonymous said...

ဒန့် ဒန့် ဒန့် ....ဖြစ်သွားပြီ။
သေချာတာပေါ့ စန်းထွန်းရေ ထင်တဲ့အတိုင်း။
တောင်တက်ရတာမောပေမဲ့ သစ်ပင်တွေများပြီးရှုခင်းလှတဲ့နေရာရောက်ရင် သိပ်ပျော်စရာကောင်းတယ်နော်။ တောင်တက်ရင်တန်ေ
အာင်လို့ အဲ..မောလည်းမောလို့ ..အမြဲအောက်ဘက်ကိုပြန်ပြန်ကြည့်တယ်။ ပြီးတော့ နဲနဲလမ်းသာပြီးပြေတာနဲ့ ဘေးဘီကို အကုန်စူးစမ်းတော့တာ။ ခုတော့မတက်ချင်ဘူးစန်းထွန်းရေ။ ဟောဟဲလိုက်နေတာဘဲ။ စတန်မနာကျသွားပြီ။
အိုင်အိုရာ

အဖြူရောင်နတ်သမီး said...

ဘာမှလာပြောနဲ့ ဓာတ်ပုံထဲမှာ ကင်မရာမန်းအုပ်စုတွေ့တယ်..၊ သူတို့ရှေ့မှာ သွားရပ်ချင်လိုက်တာ..ဟိ

Candy said...

တက်ချင်လိုက်တာ ပျော်စရာကြီးနေမှာ.. မြို့ပြက မွန်းကြပ်တယ် သဘာဝရှုခင်းတွေ ခံစားချင်တယ် :D

Angelhlaing(May everybody be happy and healthy! said...

ကဲ...ကြည့် စန်းထန်း လိမ့်ကျမယ်ဆို... တော်တော်ဆော့တဲ့ စန်းထွန်း...:):)

mstint said...

စန်းစန်းရေမြန်မာပြည်ပြန်ရောက်ရင်တက်စရာတောင်
အများကြီးရှိတယ်နော်။ စံချိန်မကျအောင်အားမွေးထားး)
တောင်တက်တာကို တီတင့်လည်းဝါသနာကြီးတယ်ကွဲ့။
ဖတ်ရတာဓာတ်ပုံတွေကြည့်ရတာပျော်စရာကြီး။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ပစ်ပစ် said...

အထွန်းရေတောင်လိုက်တက်ရတာ
မောထှာ

ကိုရင် said...

ပြန်လာရင် ပျားဖွတ်ခဲ့ပါဝှေးးးး:D

မဒမ်ကိုး said...

စန်းထွန်းခြေထောက်ဗွေများပါသလား မှန်းစမ်း
ဒီတစ်ခါတွေ့မှ လှန်ကြည့်ရမယ် ခြေထောက်ပြောပါတယ်း)

ချစ်တဲ့

မဒိုးကန်

နေ၀သန် said...

စန်းထွန်းက စင်္ကပူပြန်ရောက်သွားသလားကွယ်.. ဒါမှမဟုတ်.. အရင်ကဟာတွေကို ပြန်ရေးသလား....

ခင်မင်လျက်
နေ၀သန်

san htun said...

စလုံးအကြောင်းရေးရင် အရင်ကဟာတွေပါ နေဝသန်ရေ..ခုနေများ ပြန်ဖို့  လေယာဉ်ခ မတတ်နိုင်..

မြတ်ပန်းနွယ် said...

တကယ်ကို မြနန်းနွယ် ဒန်းပဲ။း)

ခင်မင်လျက်
မြတ်ပန်းနွယ်

san htun said...

မြတ်ပန်းနွယ် ဒန်းလို့  နာမည်ပြောင်းလိုက်ရင် ကောင်းမယ်ထင်တယ်နော့..:P

အလင်းသစ် said...

ဘာရမတုန်း မြန်မာတုန်းက ကျိုက်ထီးရိုးတောင်ကို တက်ခဲ့တာကို သတိရပလိုက်တယ်... ဟေဟေ့။။

မြတ်ကြည် said...

ညီမတို့ဆီမှာ တောင်တက်ချင်ရင် ကျောင်းအနောက်ကို လျှောက်သွားလိုက်ရုံပဲ။ ကျောင်းအနောက်မှာ တောင်ကြောရှိတယ်။ ညနေပိုင်းဆို လူကြီးပိုင်းတွေ ကျောပိုးအိတ်ကိုယ်စီနဲ့လာတက်ကြတယ်။