စန်းထွန်း တောင်တက်နေသည် - ၂

Spring & Hibernate course နဲ့ ဘီးစီးနေတာ ပရောဂျက်ပြီးလို့  အားတုန်းလေး တောင်ပြေးတက်လိုက်ဦးမှ။

ဒီတခေါက် တောင်တက်ချင်ရတဲ့ အကြောင်းကတော့ ISS (Institute Of System Science) က ဘော်ဒါတွေဖြစ်တဲ့ အီးတီ၊ မယဉ်စု၊ အဲအဲတို့  တောင်တက်ကာ ဖလမ်းဖလမ်းထကြတဲ့ ဓာတ်ပုံတွေ ဖေ့ဘွတ်တင်တော့ ကိုယ်လည်း သူတို့ လို ဖလမ်းဖလမ်းထချင်ကြရော။ နေရာက Bukit Batok တဲ့။ ၂၀၁၀ နိုဝင်ဘာလရဲ့  တခုသော စနေနေ့ မနက်ခင်းမှာ အိအိနဲ့  ချီတက်ကြပြန်တယ်။ ဆုံရပ်က အနီရောင် မီးရထားလိုင်း Bukit Batok MRT ။ ကားစီးပြီး ဆင်းရမဲ့  နေရာရောက်လို့  ဆင်းလိုက်တော့ တောင်နဲ့ တူတာဆိုလို့  တခုမှ မတွေ့ ဘူးဗျား။

ဟိုလျှောက်လိုက်၊ ဒီလျှောက်လိုက် လမ်းသလားလိုက်။ အိအိကလည်း အရင်တက်ခဲ့တဲ့ သူငယ်ချင်းတွေကို ဖုန်းနဲ့  လှမ်းမေး။ ရေရေရာရာ တယောက်မှ မသိဘူးဗျား။ သူတို့ လည်း ဦးဆောင်တဲ့သူက ဆင်းဆို ဆင်းလိုက်၊ တက်ဆို တက်လိုက်။ ဘယ်သူက သေချာမှတ်မိမှာလဲနော့။ ဒါတောင် မြေပုံလမ်းညွှန်၊ သတင်းအတိအကျတွေကို အင်တာနက်ကနေ ကူးလာတာ။


အိအိရဲ့ အိုင်ဖုန်းလမ်းညွှန်တဲ့အတိုင်းလျှောက်လို့  နည်းနည်းလေး ကြာတော့မှ ဆိုင်းဘုတ်တွေ့ ရတယ်။ တောင်ကုန်းမတ်မတ်လေးကို တက်လိုက်တော့ တာဝါတိုင်မြင့်မြင့်ကြီး ရှိတယ်။


လှေကားထစ်တွေ တွေ့ လို့  တက်တော့ အဆုံးမှာ Bukit Batok Memorial ဆိုတဲ့ စာအုပ်ကြီးပဲ တွေ့ ရတယ်။


လူသွားလမ်းလေးက ဝါးပင်တွေ အုပ်အုပ်ဆိုင်းဆိုင်းနဲ့  တကယ့်ကို တောတောင်ထဲ သွားရသလို ခံစားရပါတယ်။
နားနားပြီးဖူး (တီတင့်) အဲလေ ယောင်လို့ ... နားနားပြီးမူး (ကန်ဒီ)
အဲ.. နားနားပြီးပြူး(တဂျင်းမီး) ...နားနားပြီးတူး အဲလေ နားနားပြီးတက် :P မော..ဟော..ဟော :D


ကျေးငှက်ကလေးတွေ စိုးစီစိုးစံသံတွေ ကြားရတယ်။ ကြည်သာစိမ်းလဲ့နေတဲ့  ရေအိုင်လေးကို သစ်ပင်တွေကြားက လှမ်းမြင်ရတာနဲ့  အမောတွေ ပြေသွားတယ်။


ခက်သွက်သွက်လေး ဆင်းလိုက်တော့ တွေ့ ပါပြီ။ မိသားစုလိုက် အပန်းဖြေလာကြတာ၊ ဓာတ်ပုံရိုက်နေသူတွေနဲ့  စည်ကားပါတယ်။  မြေပြန့် ဆိုတော့ ခြေခင်းလက်ခင်းသာသာ ခြေဆန့် နိုင်တာပေါ့။ နောက်တော့ သစ်ပင်ကြီးတွေ၊ တာဝါတိုင်တွေပဲ ရှိတော့ ပြန်လှည့်တယ်။


အိအိက မကျေမနပ်ဖြစ်လို့ ။ ဖေ့ဘွတ်ထဲက တောင်ကို မတွေ့ လို့ တဲ့။ ဒါနဲ့  လမ်းအခွဲလေးကို တွေ့ လို့  တောင်အရှာထွက်ကြပြန်တယ်။ Media Crop အဆာက်အဦးတွေ့ တယ်။ လုံးချင်းအိမ်တွေပဲ တွေ့ တယ်။ တောင်နဲ့ တူတာ မတွေ့ ။ ဟင် တောင်ကလည်း ISS  ကုန်းသာသာ လောက်သာ ရှိပါလားလို့  မကျေမချမ်း ပြောလိုက်ကြသေးတယ်။


Clementi ကနေ ၁၈၃၊ Bona Vista ကနေ ၂၀၀ ကားစီးလို့  Heng Mui Keng Terrace ရောက်ရင် ဆင်း။ NUS Business School ကို ကျော်လို့  နှေးနှေးလျှောက်ရင် ၁၅ မိနစ်၊ မြန်မြန်လျှောက်ရင် ၁၀မိနစ်လောက် လျှောက်ပြီး တောင်ကုန်းပေါ်မှာရှိတဲ့  ISS ကျောင်းတော်ကြီးဆီ ရောက်ပါတယ်။ ကျောင်းတက်ခါနီး အပြေးအလွှား ကျောပိုးအိတ်၊ ထမင်းဘူးကတဖက် Laptopကတဖက်နဲ့  ISS တောင်ကုန်းကို ပြေးတက်ခဲ့တဲ့သူတွေမလား။ ဒီတောင်လောက်တော့ စန်းထွန်းတို့ က စာရင်းထဲတောင် မထည့်ဘူး။


ကိုင်း ဘလော့ကြွလာတဲ့ မိတ်ဆွေများလည်း စန်းထွန်းရဲ့  ဟိုရိုက်၊ ဒီရိုက်လက်ရာများကို အားပေးသွားကြပါဦးနော်။ အပင်တွေနာမည်ကတော့ သိဝူး။


စန်းထွန်း
ဇန်နဝါရီ ၁၆၊ ၂၀၁၂။

20 comments:

မဒမ်ကိုး said...

စက်ာပူဂိုက်သာလုပ်ပါတော့စန်းထွန်းရယ်
ခုမှကျုပ်လဲတော်တော်သိတော့တယ်
ဘယ်မှမသွားလို့ဘာမှမသိး) ဟဟဟ

ကျေးဇူးကျေးဇူး
အချစ်လာမှသွားမယ်အေ တောင်တက်ရမယ်ဆိုတော့ နော်အပျိုကြီးး)

ချစ်တဲ့

မဒိုးကန်

Anonymous said...

ဘေးမှာသဘာဝအပင်လေးတွေရှိနေတော့မိုက်ပါတယ် စန်းထွန်းရဲ့ ။
အိုင်အိုရာ

မေဓာဝီ said...

တောင်ကြီး စန်းထွန်းအောက် ဖြစ်သွားတာပေါ့ ... :)
ဘူကစ်ဘတုတ် မမ်မိုရီယယ် ဆိုတဲ့ စာအုပ်ကြီး ဖတ်ချင်လို့ စာတိုက်က ပို့ပေးပါလားဟင် :))

jasmine(တောင်ကြီး) said...

စန်းထွန်းရေ
တောင်ကြီးမှာနေပြီး ခလေးဘ၀တုန်းကတော့
လူကြီးတွေလစ်တာနဲ့တောင်ပေါ်ပြေးတက်ပြီး
ပင်စိမ်းသီးသွားကောက်တာပေါ့
ခုတော့မောတယ်ကွယ်
စန်းထွန်းနဲ့တွေ့တဲ့အခါမှတူတူတက်မယ်

Nyi Linn Thit said...

အပင်စိမ်းစိမ်းတွေ၊ ဝါးရုံပင်လေးတွေနဲ့ လမ်းကလေးက သာယာတယ်၊ ဘူကစ်ဘတုတ် စာအုပ်ကြီး မမေဆီကို ပို့ဖြစ်ရင် ကျနော့်ဆီလည်း မိတ္တူ တစ်စောင်လောက် ပို့ပေးလို့ ရမလားဟင်...?း)

မီးမီးငယ် said...

တောင်တွေကိုလိုက်တက်တာ၊
မောသွားပြီ...ဟူး။
:P

Candy said...

ပန်းတွေလှတယ်။

နားနားပြီးဖူး (တီတင့်)
နားနားပြီးမူး (ကန်ဒီ)
နားနားပြီးပြူး (သူကြီးမင်း)
နားနားပြီးတက် (စန်းထွန်း)
အဟိဟိဟိ ဟုတ်တော့ ဟုတ်နေတာပဲ

san htun said...

မဒိုးကန် စန်းထွန်းလို ဖလမ်းဖလမ်းထချင်တယ်ဆိုပြီး ကိုရင်ပူဆာ..ကိုရင်က ဒီစန်းထွန်းဟာလေ သွားနိုင်လွန်း၊ တက်နိုင်လွန်းလို့  မျက်မုန်းကျိုးတော့မယ်...
အိုင်အိုရာ ရေကန်လေးကတော့ အတော်သာယာတယ်..
မမေ Bukit Batok Memorail စာအုပ်ကြီး စာတိုက်ကနေ ပို့ လိုက်ပြီနော်..
ကိုညီ ဆီ့ကိုပါ ပို့ လိုက်ပြီ..တချက်လောက် mailbox စစ်ကြပါနော်..
မမီးငယ် မောတော့ မောတာပေါ့..ဒါပေမဲ့ မောဘူး..
ကန်ဒီ ဟုတ်ပါ့..

နေ၀သန် said...

အရင်တုန်းက အကြောင်းလေးတွေပါလား စန်းထွန်းရေ...း))... တောင်တက်တာတို့၊ ခြေလျင်တောလမ်းခရီးသွားတာတို့ကို အသေနှစ်ခြိုက်တာမို့ ဖတ်ရင်းနဲ့ ပျော်လာတယ်..း))

ခင်မင်လျက်
နေ၀သန်

mstint said...

အဲ... စန်းစန်းလည်းနောက်တတ်သားး)) မထင်ရဘူး။
မဒိုးတီတင့်ကိုပေးတဲ့ဘွဲ့ စန်းစန်းကိုလွှဲပေးလိုက်ပြီ။
စန်းစန်းခွာနီး :P ဓာတ်ပုံတွေကောင်းပါ့ ရှိုးသွားတယ်။
တောင်တက်တာကိုတီတင့်လည်းအရမ်းနှစ်သက်တယ်။
နောက်တစ်ခေါက် စန်းစန်းတက်တဲ့တောင်ကို
လိုက်တက်ကြည့်အုံးမှ (ဘလော့ဂါများအကူအညီနဲ့း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မိစံ said...

အစ်မဒိုးကန်က..အပျိုကြီးတဲ့း)
သိပါဘူးတော်..လူပျိုကြီးအောင်းမေ့နေတာ :P
ပုံတွေမြင်ပြီး ၀ါသနာကိုတားမရတော့ဘူး
ဘိုလိုပြုရပါ့နော်း)
စကားမစပ်..ဓာတ်ပုံထဲက
ကျောပိုးအိပ်အပြာလေးနဲ့ရှစ်တန်းကျောင်းသူက
ဘယ်သူလေးလဲဟင် ;)

ချစ်ခင်လျှက်

san htun said...

နေဝသန် အဲဒါ အရင်တုန်းက တက်ခဲ့တာ..ခုတော့ တောင်တက်ဖို့ ဝေးစွ..၁နာရီတောင် မလျှောက်နိုင်..
တီတင့် နာမည်လေးတော့ ကြိုက်သွားပြီး..ဝဏ္ဏခွာနီးကတော့ ထိုင်ငိုချင်သွားမယ်..
မိစံ အဲဒါ ကိုကြီးစန်းထွန်း ကောင်မလေး :P

Angelhlaing(May everybody be happy and healthy! said...

သူများတွေ ခရီးသွားပို့တွေ ဖတ်ရတိုင်း အားကျမိတယ် ဒီမှာတော့ အလုပ်နဲ့အိမ်..အိမ်နဲ့ အလုပ် ..ဟင့် ငိုချင်လယ်..:P:P

လင်းခေတ်ဒီနို said...

စန်းထွန်း , , , thinking :))

ကျနော် သိသလိုလို ရှိသလားး))

တူသလိုလိုလား တူနေတာလားဗျား)

ဘာပဲဖြစ်ဖြစ်တော့ ရှုခင်းလေးတွေ ခံစားသွားတယ်ဗျိုးး


ခင်မင်စွာဖြင့်
ဗညားရှိန်

ညယံ said...

အရင်တုန်းက လာဖတ်ဖူးတာ .. ယောကျာ်လေး မှတ်နေတာ .. ပုံလေးတွေမြင်တဲ့ထိ ကောင်မလေးရဲ့ ပုံလေးတွေ တင်တယ်ထင်နေတာ .. အဲလို အမြင်က အတင်းစူးရှတာ :D
ရှုခင်းလေးတွေလှဒယ် .. စိမ်းစိမ်းစိုစိုနဲ့ စိတ်အပမ်းပြေတယ် .. တောင်တက်ရတယ်ဆိုတော့ နည်းနည်းတော့ မောတာပေါ့ :)

ဘိုဖြူ said...

ကျွန်တော်က ငယ်ငယ်ကတောင်ပေါ်မှာပဲ
မစန်းထွန်းတို့လဲတောင်တက်တာပဲလား
အစကယောက်ကျာင်္းလေးလို့ထင်နေတာ
မဂျက်ပြောလို့သိတာ
ပုံတွေလှတယ်ဗျာ

တောက်ပကြယ်စင် said...

စန်းထွန်းရေ...
ရေကလည်း ကြည်လဲ့လဲ့ပြာ...
ပန်းဝါလေးကလည်း လှလို့...
တို့များ အားကျမိပါရဲ့...
(နားနားပြီး အော်သွားသည်)

blackroze said...

အထွန်းရေ
ပစ်ပစ်လည်းတောင်တော့တက်ချင်သား
ဒါပေမဲ့မောလာရင်
တွဲမဲ့သူအနားမှာရှိဘူးရယ်..

san htun said...

လင်းခေတ်ဒီနို ဘူတုန်း..နတ်ဆိုးကဗျာဆရာလေး ဗညားဆိုတာပဲ သိတယ်..:P
ညယံ..စန်းထွန်းဆိုတာနဲ့  ကိုစန်းထွန်းထင်တာ်..ဓာတ်ပုံကြီးပြူးနေအောင် တင်ထားတာတောင်မှ ကိုကြီးစန်းထွန်းကောင်မလေးပုံ တင်တာလို့  ထင်ကြတာပဲလေ..
ဘိုဇြူ အပျော်တောင်တက်တာပါ..တကယ့်တောင်တွေကိုတော့ မတက်နိုင်ပေါင်..
ဘုန်းဘုန်းတောက် နားနားပြီး မအော်ဘဲ တဘရိတ်တည်း အော်လို့ လဲ ရပါတယ် ဘုရား..
ပစ်ပစ် တွဲမဲ့သူ အနားမှာ မရှိလည်း တုတ်ကောက်ကလေးနဲ့  တက်လို့ ရတယ်နော့..:P

အဖြူရောင်နတ်သမီး said...

စိမ်းလန်းနေတာပဲ..
သာယာလိုက်တာ...