စန်းထွန်း တောင်တက်နေသည် - ၁

မအားလို့ လဲ ပြောသေး စန်းထွန်းတယောက် တောင်တက်နေသည်ဆိုတော့ ဘီလိုများပါလိမ့် ။ လွင်မိုး ခရီးသွားနေသည်ကို အားကျကာ စန်းထွန်း ခရီးသွားနေသည် ရေးချင်သော်ငြား ဘတ်ဂျက် မတတ်နိုင်။ အိုင်အိုရာ အဲလေ အိုင်အိုဝါမှာတော့ တက်စရာတောင်လည်း မရှိ။ ရှိဦးတော့ အရင်လို ဖလမ်းဖလမ်း မထနိုင်။ ကိုင်း ဘလော့ကနေပဲ တောင်တက်လိုက်စမ်းမယ်။

အင်တန်းဆင်းတုန်းက နေ့ လည် စားသောက်ပြီး ဗိုက်ကလေးတင်းရင်ဖြင့် မနိုင်း၊ မမ ဘလော့တွေ ဖတ်ကာ ထမင်းစီလေ့ရှိပါတယ်။ ခြေလှမ်း ၅၀၀၀ ဆိုပြီး ဘလော့တခုမှာ ဖတ်လိုက်ရတယ်။ ပန်းခြံလေးခုကို ဖြတ်လမ်းလျှောက်တဲ့ အကြောင်းရေးထားတာ။ ဘလော့နာမည်တော့ မမှတ်မိတော့ဘူး။  အဲဒီပို့ စ်ဖတ်ပြီး ဖလမ်းဖလမ်းထကြလေရော။ လူစုရာကနေ နောက်ဆုံးမှာတော့ အိအိနဲ့ စန်းထွန်း နှစ်ယောက်ပဲ ကျန်တော့တယ်။


ဒီလိုနဲ့ ၂၀၁၀ ဖေဖေါ်ဝါရီ  တရုတ်နှစ်သစ်ကူးပိတ်ရက်မှာ အကောင်အထည် ဖေါ်လိုက်ကြပါတယ်။ စုရပ်က Bona Vista MRT နားက မှတ်တိုင်မှာ (MOE (Ministery Of Education) မျက်နှာချင်းဆိုင်ဖက်အခြမ်း) မနက် ၉ နာရီ။ ၂၀၀ ကားစီး NUS (National University of Singapore) ကို ကျော်လို့  International School မှတ်တိုင်မှာ ဆင်းပြီး လမ်းလျှောက်တာနဲ့  Kent Ridge Park ရောက်ပါပြီ။


အပင်အုပ်အုပ်ဆိုင်းဆိုင်းက နေပြောက်တောင် မထိုး၊ ကျေးငှက်သံတွေ ကြားရပါပြီ။ တောအုပ်ထဲ ရောက်သွားသလို ခံစားရတယ်။ တင့်ကားတွေ တွေ့ လို့  ရိုက်တယ်။ West Cost ကို လှမ်းမြင်ရပါတယ်။ မိသားစုတွေ အေးအေးဆေးဆေး ပစ်ကနစ်ထွက်ကြတယ်။

ကောင်းကောင်းမမန့် ရင် အဲဒီတင့်ကားနဲ့  ထုထည့်လိုက်မယ်..:P

လှုပ်ရမ်းနေတဲ့  သစ်သားတံတားအမြင့်ကြီးတွေကို လျှောက်ချိန်မှာတော့ အသည်းတယားယား။

UCSY ၊ NUS အတူတူတက်၊ တောင်အတူတူတက်တဲ့ အိအိ

တောင်ကုန်းက ဆင်းရင်း မြေပြန့် ပြန့် မှာ ရှိတဲ့ Hot Park ရောက်ပါပြီ။ Hot Park မှာတော့ သစ်ခွတွေ ပျိုးထားတဲ့ အခန်းထဲဝင်ရင် ပိုက်ဆံပေးရမှာမို့  အပြင်ကနေပဲ ချောင်းကြည့်ခဲ့တယ်။ မီးဖိုချောင်သုံးသီးနှံပင်တွေ၊ မျိုးတူရာတွေကို သီးသန့် ခွဲပြီး ပန်းခြံလေးတွေ လုပ်ပေးထားပါတယ်။ နယ်မှာကြီးပြင်းခဲ့ပေမဲ့ အပင်တွေနဲ့  ဝေးတော့ ဘယ်အပင်က ဘာအသီးမှန်း သိဘူး။ သြော် ကိုယ်စားနေတဲ့ အသီးက ဒီအပင်ကကိုးနဲ့  ဝင်လေ့လာလိုက်တယ်။ ကင်မရာ အားကုန်သွားတော့ ဓာတ်ပုံတောင် ကောင်းကောင်းမရိုက်လိုက်ရ။ (ကံသီပေ၏..နို့ မို့    သူ့ ဟိုရိုက်၊ ဒီရိုက် လက်ရာများနှင့် ဘလော့ပေါ်တင်ကာ နှိပ်စက်သမူ ပြုသမျှ သည်းညည်းခံပြီး ရူစားရမည့် ဒုက္ခမှ ကင်းဝေးသွား၍ ဝမ်းသာတော် မူကြပါကုန်။)



Alexandra Arch (White Bridge) တံတားကြီး ဖြတ်ပြီးရင်တော့ Telok Blangah Hill Park ထဲ ဝင်လာပါပြီ။ နည်းနည်းလည်း မောလာပြီ။ အရင်လို ခြေလှမ်းမသွက်တော့။ ပါလာတဲ့ရိက္ခာလေးတွေကို ဝိတ်လျှော့ပြီ။ သံတံတားတွေ အဆင့်ဆင့် ဖြတ်ပြီး တရွှေ့ ရွေ့ ချီတက်။


တောင်ထိပ်ရောက်တော့ တော်တော် မောနေပြီ။ရုံးပိတ်ရက်မှာ အိမ်မှာ ကောင်းကောင်းနှပ်မနေဘဲ ကိုယ့်ဒုက္ခ ကိုယ်လာရှာနေပါလားလို့ တောင် တွေးမိတယ်။ အံမယ် ကိုယ်တယောက်တည်း မဟုတ်ဘူးနော် ကိုယ်လိုလူတွေ အများသား။ Kent Ridge Park နဲ့   Hot Park မှာတော့ လူနည်းပေမဲ့ Telok Blangah Hill Park ကနေ Handerson Wave Bridge အထိတော့ လူတော်တော်များသား။



ဆင်းလိုက်၊ တက်လိုက်၊ နားလိုက်နဲ့  Handerson Wave Bridge ရှိတဲ့ Mt Faber Park ရောက်ပါပြီ။ Handerson Wave တံတားက လှိုင်းပုံစံ ဆောက်လုပ်ထားတာမို့  သူ့ ဒီဇိုင်းက တော်တော်ထူးခြားပါတယ်။ စလုံးမှာ အမြင့်ဆုံးတံတားပါတဲ့။


မိစိမ့်နဲ့ အတူ  RedHill ကနေ ကားစီး တံတားအောက်ရောက်ရင်ဆင်း ပြီးရင် တံတားပေါ်တက်၊ အဲဒီကနေ  Harbour Front MRT ထိ ခြေဆန့် ဖူးသား။ တံတားကနေ ကြည့်ရင် ပင်လယ်ပြာပြာ၊ တောအုပ်စိမ်းစိမ်းမြင်ရတော့ ကျိုက်ထီးရိုးတောင်တက်ရတာကို သတိရမိသေးတယ်။


မိစိမ့်ရဲ့ လက်ရာ

RedHill ၊ Raffles Palace မှာ ရှိတဲ့ စီးပွားရေးအဆာက်အဦးတွေ မြင်ရတယ်။ မြို့ပြကနေ ခဏခွာပြီး ကျေးလက်မပီတပီလေး ခံစားရပါတယ်။ တောင်ထိပ်ပေါ်မှာ Sentosa ကို ဆွဲတဲ့ ကေဘယ်ကားရှိတယ်။ တောင်အဆင်းကတော့ ကျိုက်ထီးရိုးတောင်ဆင်းရသလိုပါပဲ။ Harbour Front MRT ရောက်တော့ နေ့ လည် ၂ နာရီခွဲနေပြီ။ ခြေထောက်လည်း နာနေပြီ။ မောလည်း မောနေပြီ။ ဆာလည်း အတော်ဆာနေပြီ။ အတော်ပင်ပန်းပေမဲ့ အမှတ်မရှိ နောင်ထပ် တောင်တွေတက်ဦးမယ်လို့  ကြုံးဝါးရင်း။

ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှာတုန်းက တီချယ်ဒေါ်မြင့်သီတာထွန်းပြောတာလေး သွားသတိရမိတယ်။ "မစွံတောင်တက် ခရီးထွက်"။ ပထမနှစ်နဲ့  မစွံရင် ဒုတိယနှစ်မှာ ခရီးထွက်၊ ဒုတိယနှစ်မှာ မစွံရင် တတိယနှစ်မှာ တောင်တက်တဲ့။  ဒုတိယနှစ်မှာ ကျောင်းကနေ ပုဂံ၊ ညောင်ဦး၊ ပုပ္ပားကို ဘုရားဖူးထွက်ရင်း ပုပ္ပားတောင်မကြီး တက်ခဲ့ပါတယ်။ မနက်ကတည်းက တက်လိုက်တာ ညနေစောင်းမှ တောင်အောက်ပြန်ရောက်တယ်။ တောင်ပေါ်ကို ပထမဆုံးရောက်တဲ့ အုပ်စုက ကိုယ်တို့ အုပ်စု အဟတ် ..အဟတ်။ အဲဒါ အဲဒီတုန်းက။ ခုနေများ ဘိတ်ဆုံးမှ ရောက်မဲ့အုပ်စု ထင်ပါရဲ့ ။

ပုပ္ပားတောင်မကြီး

P.S  တောင်တက်လို့  စွံမစွံ မေးလာသူများအတွက်..
အတွဲညီညီ တောင်တက်ခဲ့ကြတဲ့ အိကေနဲ့  အောင်ကြီးကတော့ တောင်တက်ရာကနေ သူငယ်ချင်းတွေဖြစ်၊ နောက်ချစ်သူတွေ ဖြစ်သွားကြပါတယ်။ တီချယ်ရေ ခရီးလည်း ထွက်ပြီးပြီး၊ တောင်လည်း တက်ပြီးပြီ။ မစွံသေးဘူးလို့  သွားပြောတော့ ညည်းက တခါတည်း ခရီးထွက်ရင်း တောင်တက်လိုက်တာကိုးတဲ့။ အဲဒီကတည်းက စိတ်နာနာနဲ့  စလုံးရောက်မှ တောင်တွေ ဖိတက်နေတယ် ။ ဒါလည်း မစွံသေးဘူး။ အားမလျှော့ပါဘူး။ စတိတ်မှာ တက်စရာတောင်တွေ အများကြီး။ ဆက်တက်ဦးမယ် :P။ အောက်က ကွန့် မန့် တွေကလည်း အပီအားပေးတယ်။ တက်စရာ ခါကာဘိုရာဇီ၊ ဂမ်လန်ရာဇီတောင်တို့  ကျန်သေးတယ်တဲ့။

ကျိုက်ထီးရိုးတောင် နှစ်ခေါက်ရောက်တာ နှစ်ခေါက်စလုံး ရသေ့တောင်ကနေပဲ တက်တယ်။ တခါလောက်တော့ ကင်မွန်းစခန်းကနေ တောင်ထိပ်အထိ တက်ချင်သား။ ဖိုးပြန်တောင်တို့ ၊ ရွှေရင်ဆို့ တို့ မှာ လေးဖက်ထောက် တက်ရမယ် ထင်ပါရဲ့ ။

လျှော့ပင်းသွားဖို့ ဆိုရင် သူငယ်ချင်းတော်တော်များများ လိုက်ပေမဲ့ တောင်တက်ဖို့ တော့ ရှားပါတယ်။ စန်းထွန်းမှာတောင် တောင်တက်ဖို့ ခေါ်တိုင်း မငြင်းတဲ့ အိအိလို သူငယ်ချင်းရှိလို့  တက်ဖြစ်တာ။ စလုံးလို ကျွှန်းသေးသေးလေးမှာ တောင်တွေရှိမယ်လို့  ထင်မထားမိတာပါ။ သဘာဝပတ်ဝန်းကျင်ကို သေသေချာချာ ထိန်းသိမ်းထားတယ်။

ပိတ်ရက် အိမ်မှာ အေးအေးဆေးဆေး နှပ်မနေဘဲ စန်းထွန်းတို့ လို  ကိုယ့်ဒုက္ခကိုယ်ရှာ ဖလမ်းဖလမ်းထနိုင်ကြပါစေ :P

စန်းထွန်း
ဇန်နဝါရီ ၁၁၊ ၂၀၁၂။

17 comments:

မဒမ်ကိုး said...

ဒီစန်းထွန်းဟာလေ ခြေဗွေပါတယ်တော့ . ဟဟ အကုန်နှံ့ခဲ့တယ်း)
ရွှေဒိုးတောင် Red Hill နဲ့ Tiong Bharu မှာနေခဲ့တာ အိမ်ကိုချစ်ခင်တွယ်တာလွန်းလို့လား ကိုရင့်ဘဲတွယ်တာလွန်းလို့လားမသိ အဲကိုမရောက်ခဲ့ဘူးတော်ရေ
အပြင်အပေါင်းအသင်းနဲ့တာလဲပါမယ်ထင်တာဘဲ .
(မလေးအိမ်မှာချည်းနေတာလဲပါတာကိုးးနေား)
ပြောရင်းနဲ့ပေါ်ကုန်တော့မယ်
ခုထိမစွံသေးရင်တော့မဟုတ်သေးဘူးနော်
စစ်ကူလိုရင်ခေါ်လိုက်ပါး)

ချစ်တဲ့

မဒိုးကန်

မြသွေးနီ said...

သွား..သွား.. သွားနိုင်လွန်းတယ်အေ...
( ကိုယ် ဘယ်မှ မသွားရလို့... :)
“မစွံတောင်တက် ခရီးထွက်” ဆိုတော့ အခု စွံခဲ့ပြီပေါ့.. မှန်မှန်ပြော....

ဘုန်းဘုန်းတောက် said...

"မစွံတောင်တက်၊ ခရီးထွက်"တဲ့ ဟုတ်လား။ မှတ်သားစရာပဲ။ ဘုန်းဘုန်းလည်း ခရီးထွက်နေတယ်နော် အခု။ ဟိ။ စင်္ကာပူကို နှစ်ကြိမ်သာ ရောက်ခဲ့ဖူးတယ်။ စန်းထွန်းပြောတဲ့နေရာကို မရောက်ခဲ့။ ညံ့ချက်။ (သေချာမန့်ခဲ့တယ်နော်။ တင့်ကားနဲ့ မထုကြေး ဟုတ်ပြီလား)

ညိမ်းနိုင် said...

တက်တော့တက်ခဲ့ဖူးရဲ့.....အဲဒီ ဟတ်ဒါဆင်လှိုင်းများ
တံတားပေါ်ကို....၊အတွဲတွေချည်းမို့လို့ ဘုန်းမောင်တစ်
ကိုယ်တည်းသမားခမျာ...အူကြောင်ကြောင်နဲ့ပြန်ဆင်း
လာခဲ့ရပါရောလား....:)။မစွံတောင်တက်....ဆိုပေမယ့်....
:P

jasmine(တောင်ကြီး) said...

စန်းထွန်းပဲကောင်းတယ်သွားချင်တဲ့နေရာ
အကုန်သွားလို့ရတယ် တားမယ့်သူမရှိ
ရှုခင်းပုံတွေရောလူပုံတွေပါအားလုံးကောင်းတယ်
အမမြသွေးနီပြေသလိုလား
“မစွံတောင်တက် ခရီးထွက်” ဆိုတော့ အခု စွံခဲ့ပြီပေါ့.. မှန်မှန်ပြော...
အာဘွားးးးးးးးးးးးးးးး

Nyi Linn Thit said...

အဲဒီ Handerson တံတားကြီးပေါ်ကို တခါလောက်တော့ လျှောက်ဖူးကြည့် ချင်တယ်..။ ဒီတောင်လောက်နဲ့ မရရင် ခါကာဘိုရာဇီတို့၊ ဂမ်လန်ရာဇီ တို့လည်း ရှိသေးတယ်ဗျ...။းP

blackroze said...

သာမီးကတော့
ခပ်မြင့်မြင့်ဘဲမှန်းထားတယ်..
ခါကာဘိုရာဇီလောက်မှတက်မယ်လို့ အဟီးး

ပစ်ပစ်လည်းတောင်တက်ချင်တယ်
လေ့လာရေးသဘောမျိုးပေါ့
ခက်တာက ကိုယ်က ကျိုက်ထီးရိုးသွားတုန်းက
ရသေ့တောင်က နေ တောင်ပေါ်တက်တာတောင်
အနိုင်နိုင်ရယ်..
အဲတာနဲ့ စိတ်နဲနဲလျော့ထားတာ ဟဲဟဲ..

mstint said...

တောင်တက်ရတာ ပျော်စရာကောင်းသလို
ကိုယ့်ရဲ့ကျန်းမာရေးလည်း စစ်ပြီးသားဖြစ်တယ်။
တောင်တန်းတွေမြင်ရင်စိတ်ကြည်နူးတယ် စန်းစန်းရေ။
အလည်အပတ်ခေါ်သွားတဲ့အတွက် ဗဟုသုတလည်းရ
စိတ်တွေလည်းလန်းဆန်းပေါ့။ ကျေးဇူးနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Iora said...

မစွံတောင်တက်ဆိုတာတော့သဘောကျသွားပြီစန်းထွန်းရေ။ စန်းထွန်းကမစွံတာတော့မဖြစ်နိုင်ဘူး။ အသဲမာတာဘဲဖြစ်ရမယ်။း)
အရင်ကတော့ရေခဲတောင်ကိုတောင်တက်ခဲ့တာပါ။ ခုတော့လှေခါးထစ်တက်ရင်တောင်မောချင်ပြီ။း)
အိုင်အိုရာ

san htun said...

မဒိုးကန် နီးတဲ့သူတွေက ဒီလိုဘဲဂျ..
မမမြသွေး၊ ဂျက်ဂျက် တောင်တက်လို့  စွံမစွံ အဖြေကို အပေါ်မှာ ပြန်ဖြေထားတယ်နော်..
ဘုန်းဘုန်းတောက် စလုံးရောက်ရင် အဲဒီတံတားရောက်အောင်သွား ဘုရား..တကယ်လှတယ်..
ကိုညိမ်းနိုင် တယောက်တည်းတက်တော့ ဘယ်စွံမတုန်းဂျ..ကောင်မလေးတွေကို ဖေးမတွဲခေါ်မှပေါ့ 
ကိုညီလင်းသစ် ပြောသလို ခါကာဘိုရာဇီ၊ ဂမ်လန်ရာဇီတောင်တွေ တက်ရတော့မယ် ထင်တယ်..:P
ပစ်ပစ် ခပ်မြင့်မြင့်တက်ချင်ရင် ဧရာဝတ်တောင် တက်ပစ်လိုက်..:P
တီတင့်လိုမျိုး ခရီးတွေသွား ဘုရားစုံဖူးချင်တာဂျ..
အိုင်အိုရာ ရေခဲတောင် တက်တဲ့အကြောင်းတွေ ရေးပါဦးဂျ

ချော(အစိမ်းရောင်လွင်ပြင်) said...

အဲဒီလိုလား
မစွံရင်တောင်တက်ရတယ်ဆိုတာ ကြားဖူးသွားပြီ
နေဦး.. တက်မဲ့တောင်စာရင်း တန်းစီပြီး ချရေးထားမယ်
မစွံမချင်း တစ်တောင်ပြီးတစ်တောင် တက်ဦးမယ် ..
ခြေသာ တိုမယ် စွံမဲ့ပုံတော့ မမြင်ပါဘူးလေ...း)

ဟန်ကြည် said...

မစွံတောင်တက်ဆိုလို့ ကျောင်းသားဘ၀တုန်းက ကချင်ပြည်နယ်ဖွန်ဂန်ရေခဲတောင် တက်မယ့်အဖွဲ့ထဲ စာရင်းသွင်းပြီး ခြေလျင်တောင်တက် အသင်းဝင်လိုက်မိပါရဲ့...မနက်မနက်ကို ၄ နာရီလောက်ထပြီး မန်းလေးကျုံးတစ်ပတ်ပတ်၊ ပြီးရင် မန်းလေးတောင်ထိပ်ကို ထပ်တက်ခိုင်းတာ တစ်ခါတည်းနဲ့ မှတ်သွားရော...သူများတွေ ဖွန်ဂန်လိုက်ကြပေမယ့် ဦးဟန်ကြည် ဖွန်မဂန်လိုက်ရရှာဘူး...စန်းထွန်းတောင်တက်နေတာတွေ့မှ အတိတ်ကို ပြန်သတိရမိပါသေး...

စန်းထွန်းတစ်ယောက် အင်တိုက်အားတိုက် တောင်တက်နေတာကို စွံပြီးသား ဦးဟန်ကြည် အားပေးနေပါ၏...

...အလင်းစက်များ said...

နေ့ တိုင်း သွားပြီး အတက် အဆင်း လုပ်လို့  မရဘူးလား ခင်ဗျာ။ ဒါမှ သွေးလည်ပတ်မှု မှန်ပြီး အသက်ရှည်ကျန်းမာ မှာပေါ့။

ဟီး.... ကိုယ်မတက်ရတိုင်း ကြပ်သွားပါသီ။ :D

san htun said...

မချော မစွံတာတော့မဖြစ်နိုင်ဘူး။ အသဲမာတာဘဲဖြစ်ရမယ်။ (အိုင်အိုဝါမန့် ကို ပြန်ကူးလိုက်သည်) :P
ဦးဟန်ကြည် အားပေသည်ဆို၍ အားရှိ၏
အလင်းစက် သူမတက်ရတိုင်း သူများကို..ဒါသက်သက်..အမှောင်စက် ဖြစ်သွားမယ်နော်..:P

ပန်းချီ said...

အဲလိုဖလမ်းဖလမ်း ထချင်ထား( အားကျလိုက်တာ ညီမလေးရေ..း)

Anonymous said...

ဒါဆို.ခုထိမစွံသေးဘူးပေါ့ အဟတ် အဟတ်း))
မစွံလည်းဘာဖစ်တုံးကွယ်
တစ်တောင်တောင်တက်ရင်းစွံမှာပေါ့
အားမလျှော့ပါနဲ့..တက်သာတက်ပါး)
တင့်ကားကြီးနဲ့တော့ မထုနဲ့နော်..

ချစ်ခင်လျှက်
မိစံ

Thandar Lwin said...

စန်းထွန်းရေ
အမ လဲတောင်တက်တာ ၀ါသနာပါတယ်တော့ ။
ကိုယ်ဝန် ရလ နဲ့တောင် လှေကွင်းတောင်တက်တာ အမ က ရှေ့ ကဘဲလေ ။ စန်းထွန်း နဲ့ အတူ တောင်တက်ချင်လိုက်တာ စကားတညေပာပြော နဲံပေါ့ ။ မောရင် ခန နားပြီး ပါလာတဲ့ ထမင်းဘူး ဖွင့်စားမယ် ချဉ်ပေါင် ကို ပုစွန်ဆိတ် လေး နဲ့ ကြော်တာ ထည့်လာမယ်လေ။
ချစ်တဲ့ အမ ။