ရပ်ကွက်ထဲမှာတော့ဗျာ - ၇

National Day Parade 2008 Firework
Saranghae  ဆာရာငဲ  အိုနီး  :P - NDP 2008
မြန်မာပြည်မှာတုန်းကတော့  သူများနိုင်ငံတွေဆီမှာ Countdown တွေလုပ်၊ မီးရူးမီးပန်းတွေ ပေါက်ကွဲတာကို စလောင်းကနေ ထိုင်ရူစား။ ChannelNewsAsia က သတင်းထောက်တွေ သူတို့ဘာသာစကား အသီးသီးနဲ့ နှစ်သစ်နှုတ်ခွန်းဆက်ကြတာကို နားထောင်။  နှစ်သစ်ကူးချိန်ဆို သူငယ်ချင်းတွေဆီ ဖုန်းဆက်၊ လမ်းထဲက ဘဲသားကာလသားချက်လို့ လာဝေတာတွေ၊ အကြင်နာတို့အိမ်က ချက်တဲ့ မုန့်ဟင်းခါး၊ ဟော့ပေါ့တို့ကို တီးရင်းပေါ့။ ဟော ၂၀၀၈ စလုံးလည်း ရောက်ရော  ကျောင်းမှာ ပရောဂျက်တွေ ပိနေတာနဲ့ ဘယ်လို နယူးရီးယား၊ ခရစ်စမတ်လိုက်မှန်းတောင် မသိလိုက်ပါဘူး။

၂၀၀၉ ကျတော့ New Year Eve နေ့တဝက် ရုံးတက်ပြီးလို့ လျှော့ပင်းလိုက်တာ ည ၈နာရီမှ အိမ်ကို ပြန်ရောက်တယ်။  ဗြုန်းစားကြီး  West Coast Beach မှာ သွား Countdown ကြတယ်။ Tent တွေ ဘာတွေလည်း မစီစဉ်နိုင်ပါဘူး၊ တာလပတ်ကြီး ယူ၊ ဘာဘီတွေလည်း မQနိုင်ပါဘူး။ KFC က ကြက်ကြော်တွေ ဝယ်၊ NTUC က ဘီယာ၊ ကုတ်တေးလို ဘီယာနဲ့ အချိုရည် စပ်ထားတဲ့ ဟာတွေ ဝယ်ပြီး ချီတက်သွားတာ။ တို့ညီအမရယ်၊ မခိုင်ရယ်၊ မခိုင်မောင်ဝမ်းကွဲ စန်းထွန်းနဲ့ ဟိုင်းကြီးကျောင်းမှာ အတူတက်ခဲ့တဲ့ ဖိုးခွားရယ်။ ဟိုင်းကြီးသားအုပ်စုပေါ့။

စန်းထွန်း ၊ ဖိုးခွား ၊ မခိုင်
ပြောစမှတ်တွင်တဲ့ ညီအမ မကြီး ၊ စန်းထွန်း
ဟတ်ပီးနယူးရီးယား အော်ပြီးတာနဲ့ စကားတွေ ပြောရင်း ညီအမနှစ်ယောက် tent လဲ မရှိဘဲ ပုဝါလေးတွေ ခြံုပြီး ကွေးကြတော့တာပဲ။ တနေကုန် လျှော့ပင်းထားကြတော့ ခြေထောက်တွေ တောင့်နေပြီကိုး။ ဘေးနားမှာ ရွှေမြန်မာ တအုပ်က tent ထိုးကာ ဂီတာတီး သီချင်းဆိုကြတာ  ချော့သိပ်နေသလို။ မနက်၅နာရီထိုးလို့ မခိုင်နှိုးမှ နှိုးကြတော့တယ်။ မခိုင်က ဒီညီအမ ငါ့မနှိုးရင် ဘယ်အချိန်ထိများ အိပ်မလဲလို့ မနှိုးဘဲ ထားချင်လိုက်တာတဲ့။ ဖိုးခွားကတော့ မိန်းကလေး၃ယောက် အိပ်နေတာကို စောင့်ရလို့ ဘီယာတောင် မမူးလိုက်ရ။ ရှူးရှူးတောင် တို့ညီအမနှစ်ယောက် အိပ်နေတာကို မခိုင်နဲ့ အိပ်ဖန်စောင့် ဂျူတီချိန်းပြီးမှ သွားရတာဆိုပဲ။ အဲဒီနှစ် နယူးရီးယားကြိုတာလေးကိုတော့  မှတ်မှတ်ရရ လွမ်းမိပါတယ်။

၂၀၁၀ နှစ်သစ်ကိုတော့ MarinaBay မှာ သွား Countdown တယ်။ လူအင်အား တောင့်တောင့်နဲ့ပေါ့။ ငယ်ငယ်တုန်းကတော့ နယ်မှာ ရွှီဒိုင်းတွေ၊ မီးရူးမီးပန်းတွေ ဖောက်ကာ ပျော်ခဲ့ဖူးပါတယ်။ မြို့ရောက်တော့ ဗျောက်အိုး၊ မီးရူးမီးပန်းဖောက်ရင် ထောင်၃နှစ်ဆိုတော့။ စလုံးရောက်မှ ဒီလိုမျိုး မီးရူးမီးပန်းတွေ ဖောက်တာ မြင်ဖူးတာဆိုတော့ ပျော်လိုက်တာ။ National Day Parade မှာ ဆိုရင်လည်း  မီးရူးမီးပန်းတွေ ဖောက်တာ တအားလှပါတယ်။ အပြန်ကျတော့ လူအုပ်ထဲ တရွေ့ရွေ့ စီးမျောရင်း။

အန်တီ ခင်စန်းမြင့်၊ မကြီး၊ ပြုံးမြတ်၊ စန်းထွန်း၊ ချောတဲ့ အန်တီ (နာမည်ရင်း မမှတ်မိပါ)
၂၀၁၁ နယူးရီးယားကတော့ သူငယ်ချင်းတွေလည်း မရှိ ပရိတ်တရား နားယူရင်း ကြိုဆိုခဲ့ပါတယ်။ နှစ်သစ်ကို ပရိတ်တရားနာရင်း ကြိုတယ်ဆိုတော့ စန်းထွန်းတယောက် ဘာသာတရားကိုင်းရှိင်းလိုက်တာလို့ ထင်တော်မမူလိုက်ပါနဲ့နော်။ အပြင်မှာ လေတိုက်နေတာက တော်နေဒိုအလား။ မာလာ၊ နာဂစ်မုန်တိုင်း ကြုံဖူးတဲ့ စန်းထွန်းတယောက် လေတွေ တအားတိုက်နေရင်ပဲ အမြီးတုန်အောင် ကြောက်တာပါ။ ကြောက်ကြောက်နဲ့ ပရိတ်တရား ဖိနားထောင်နေတာဗျား။ ဒီရောက်မှ စိတ်တွေဖိစီးလို့ အိပ်မပျော်ရင် တောင်တန်းသာသနာပြုဆရာတော်ရဲ့ ပရိတ်တရား၊ မင်းကွန်းဆရာတော်ရဲ့ ဓမ္မစကြားတရားတွေကို ဖုန်းထဲထည့်ထားက နာလေ့ရှိပါတယ်။ အိပ်ပျော်သွားရင်တော့ နတ်တွေ ဆက်နာပေါ့။ အပူတွေကို တရားရေအေးနဲ့ ငြိမ်းရတာလား။


ဆူနမ်၊ရာမားတို့နဲ့ ချက်တော့လည်း သူတို့လည်း ဘယ်မှ မသွားပါဘူးတဲ့။ ညည်းတို့က ဘော့စတွန်မြို့တော်ကြီးမှာနေပြီး ဘယ်မှ သွားCountdownဘူးလား ဟ ဆိုတော့။ စန်းစန်း ဒီမှာ ကားမောင်းရတာ အရမ်းကြောက်ဖို့ကောင်းတယ်။ တနေ့က ရာမား ရုံးကအပြန် မီးပွိုင့်မှာ ကားကွေ့လို့ မရလို့တဲ့။ ဟိုင်းဝေးလမ်းမမှာဆိုတော့ ကားတွေဆို ပွမ်လိုက်ကြတာတဲ့။ မန်နေဂျာကတောင် ကားမောင်လိုင်းစင်ရှိရဲ့လားလို့ လာမေးယူရတယ်။ မီးပွိုင့်မှာ ဘယ်လိုကွေ့ရမှန်း မသိလို့။ တခါကလည်း ဆူနမ် အင်တာဗျူးသွားတာ ၁နာရီခွဲတိတိ နောက်ကျလို့ ဖျက်လိုက်ရတယ်။ အင်တာဗျူးမတိုင်ခင် စောစောသွားရမှာ ညည်းက ဘာလို့ နောက်ကျရတာလဲအေ့ဆိုတော့ ရထားက မိနစ်၂၀ နောက်ကျ၊ ရထားတွေ ပြောင်း၊ ရုံးခန်းရှာတာလည်း လည်နေလို့ အိမ်ပြန်ရောက်တာ ကံကောင်းဆိုပဲ။ နယူးရီးယားကို ဒီလို ကြိုဆိုတာဆိုပြီး ဘီယာနဲ့ ဝိုင်ကို မြှောက်ပြတယ်။ စန်းစန်း အတူတူ သောက်ရအောင်တဲ့။ ဘီယာတော့ ရှိဘူးအေ။ ဘီယာနဲ့ တူတဲ့ Green Tea ရှိတယ် ဆိုပြီး Cheers လိုက်ကြသေးတယ်။

သောက်ကြဦးမလား Green Tea ဘီယာ :P
မိုင်းနဲ့ တွေ့သေးလားဆိုတော့ အွန်လိုင်းတောင် မတက်နိုင်အောင် သူ့ဘဲဘဲနဲ့ ဘီးစီးနေတယ်တဲ့။  Friend Gathering ဆိုပြီး ဘော့စတွန်သွားရင်ဖြင့် Friend လည်း မGatheringရ ၊ ကားမောင်းရတာ အရမ်းကြောက်ဖို့ ကောင်းတယ်ဆိုတဲ့ ဆူနမ်၊ရာမားက ဘယ်မှ လိုက်ပို့မှာ မဟုတ်။ အမယ်မင်း ကံသီပေလို့ ဘော့စတွန်သွားပြီး ဖလမ်းဖလမ်းထဖို့ ကြံစည်တာတွေ။

ဆူနမ်က အလုပ်က ကံပေါ်လည်း မူတည်လို့ ဆိုလာပါတယ်။ အလုပ်အမြန်ရအောင် ညည်းတို့ Genesha နတ်ကို ဆုတောင်းလေ။ ဘာသာတရားကိုင်းရှိုင်း၊ အမြဲရှိခိုးတဲ့ ရာမား အလုပ်အမြန်ရတာကြည့်ဆိုတော့ အဲဒါဆို မိုင်းရောတဲ့ ဆူနမ်က ပြန်ပက်တယ်။ မိုင်းက ဘာသာမဲ့။ အဲ..အဲ...သူကတော့ too smart လို့ အလုပ်ရတာ။ မိုင်းက Algorithms ကို B ရတာလွဲရင် ကျန်တာအားလုံး A ၊  A- ရတဲ့ A ကျောင်းသားပါ။ ကွန်ပျူတာနဲ့ ပတ်သက်ရင် သူမသိတာ မရှိတဲ့ မာစတာဘရိန်း။ စန်းထွန်း၊ ဆူနမ်၊ ရာမားတို့ကို မိုင်းပဲ သင်ပေးတာပါ။

ပဲအပဲပေးလွန်နေတဲ့ မိုင်း၊ စန်းထွန်း
အစာမကြေတဲ့ ကိစ္စလေးကို ဆူနမ်၊ ရာမားတို့နဲ့ ဆွေးနွေး တိုင်ပင်ပါတယ်။ MBA က နိုက်ဂျီးရီးယားသူ Monica က စန်းစန်းတို့ ကားမောင်းလေ့ကျင့်ရင် သူ့ကို ခေါ်ပါလို့ ဆိုလာတယ်။ တခါခေါ်တော့ သူမအားလို့ မလာနိုင်ဘူး။ ခုကျောင်းပိတ်ရက်မှာ Yanzi ကို သင်ခိုင်းတယ်။ တနေ့တော့ စန်းထွန်း ကားမောင်းလေ့ကျင့်တာ လိုက်ရင်း သူလည်း မောင်းကျင့်ပါတယ်။ သူက ခုမှ ကားမောင်းသင်နေတာကိုး။

စန်းထွန်း ကားမောင်းကျင့်တာ သူလိုက်ချင်ပေမဲ့ အားတဲ့အချိန်မှ ငေါက်ခနဲ ထမောင်းတတ်တော့ မဆုံဖြစ်ဘူးပေါ့။ ကားသော့ပေးပါလားလို့ တောင်းလာပါတယ်။ အိုး..ကေ.. အို..ကေ ဆိုကာ အသံလေးတုန်တုန်၊ မျက်နှာလေး အိုအို၊ မပေးချင်ပေးချင်နဲ့ ပေးလိုက်ရပါတယ်။ ကားသော့ ပြန်လာပေးတော့ စန်းစန်း နောက်အပတ် ကားမောင်းလိုင်စင် သွားဖြေရင် သူ့ကို ခေါ်ပါတဲ့။ ဘယ်နေ့ဖြေမလဲ appointment မလုပ်ရသေး၊ ဘော်ဒါ ကားမောင်းလိုင်စင်ရှိပြီးသား ပန်ဒါတွေ  အဖော်လိုက်ပေးချင်မှန်း မသိသေးလို့ မဆုံးဖြတ်ရသေးပါဘူး။ ဘာပဲဖြစ်ဖြစ် သူ့ကို ခေါ်ပါတဲ့။ မနက် အစောကြီးထပြီး လိုက်ပေးတဲ့ ဘော်ဒါတွေက စန်းထွန်းမို့လို့ လိုက်ပေးတာလေ။ သူတို့ အစောကြီးထရတာကို ကိုယ်က အားနာနေတာ။ သူ့အတွက်ပါ လုပ်ပေးဆိုတော့ အားမနာနိုင်တော့ဘူး ရှင်းရှင်းပဲ နိုးလို့ ငြင်းလိုက်တော့တယ်။

ဘယ်နှယ့်တော် ကားလည်း ငှားရသေး၊ သူငယ်ချင်းပါ ငှားရဦးမယ်။ မုန့်သာ ဝေစားနိုင်တယ်၊ သူငယ်ချင်းတော့ ဝေမစားနိုင်ပါဘူးတော် :D ။ Yanzi နဲ့ သွားတိုင်ပင်တော့ ကားမငှားနဲ့ လွန်လွန်းတယ်လို့ ဆိုလာပါတယ်။ ဆူနမ်တို့ကို ပြောပြတော့ ကားတခုခုဖြစ်ရင် နင်ပဲ ပေးရမှာနော်။ သူက ရှယ်မှာ မဟုတ်ဘူး။ သူတို့လည်း ဘရိတ်အတွက် ၄၀၀ ထွက်သွားဖူးတယ်။ တခုခု တိုက်မိရင် ကားအာမခံက ဈေးအနည်းဆုံး အာမခံ။ ဘာမှ ကာဗာမဖြစ်ဘူး။ အေး မငှားနဲ့လို့ မပြောချင်ဘူး။ ပိုက်ဆံထွက်ချင်ရင် ငှား။ ဘယ်လို စကားလှလှ ငြင်းရမလဲဆိုတော့ ဘာမှ ရှင်းပြမနေနဲ့။ I am sorry. No လို့သာပြော။ No means No တဲ့။

Miss Nepal ရာမား၊ Miss Vietnam မိုင်း
သူတို့တောင် စီနီယာ Asmita နဲ့ ညီအမလို ဒီလောက်ခင်တာတောင် သူ့ကားကို သော့ပေးလို့ မတောင်းဘူး။ Monica ရဲ့ attitude ကို မကြိုက်ဘူး။ သူငယ်ချင်းအရင်းကြီးတွေဆီမှာ ကားရှိပေမဲ့ တခါတလေဆိုရင် ငှားလို့ကောင်းပေမဲ့ အမြဲလေ့ကျင့်ဖို့ဆိုရင်တော့ ကားကို စုစပ်ပြီး ဝယ်ကြရတာပါပဲ။ အလကား ကားကို ကပ်မောင်းလေ့ကျင့်တဲ့အပြင် ကားပိုင်ရှင်တွေကိုပါ သူ့ကို အဖော်ပြုခိုင်း ကားမောင်းသင်ခိုင်းတာ လွန်လွန်းတယ်။ She is too smart. Says No လို့ ဆိုလာပါတယ်။

အာရိယန် တောင်းဆိုလို့ Wall Mart ကို လိုက်ပို့ပေး၊ ကားမောင်းလိုင်စင်ရှိတဲ့ အာရိယန် ရှိနေတုန်း ကားမောင်းလေ့ကျင့်ချင်တယ်ဆိုတော့ Tomorrow ၊ ဆီဖြည့်နေရင်း နီပါလီလို ပြောလို့ သူ့ရှေ့မှာ နီပါလီလို မပြောနဲ့ ဆိုပြီး အာရိယန် လူပါးဝတုန်းကတော့ ငြိမ်ကုပ်နေတဲ့ နှစ်ကောင်သား ခုတော့ တညီတညွှတ်တည်း နိုး..နိုး..နိုး..လို့ ဆိုလာတော့ ပြုံးမိသေးတယ်။ အဲဒီတုန်းက မိုင်းနဲ့စန်းထွန်း အာရိယန်ကို လူပါးဝတယ်ဆိုပြီး အမြင်ကတ်ခဲ့ကြသလို ခုလည်း မိုနီကာ လူပါးဝတယ်ဆိုပြီး ဆူနမ်နဲ့ ရာမား အမြင်ကတ်နေလေရဲ့။

ကားကောင်းပိုင်တဲ့သူတွေက တခုခုဖြစ်မှာစိုးလို့ မငှားပါဘူး။ ဆူနမ်တို့ နီပေါ၅ယောက်စပ် ကားဝယ်ထားတာဆိုတော့ ဂင်္ဂါဘာ်ဒါမို့လို့၊ ဆူဘ ဘော်ဒါမို့လို့၊ ရာဂျတ်ဘော်ဒါမို့လို့နဲ့ ဒီကားကို ငှားလိုက်ကြတာ ဖေဖေါ်ဝါရီ Entry မှာ ဒီကား မစီးဖူးတဲ့ ကျောင်းသားဆိုတာ ခပ်ရှားရှားရယ်။ အားလုံးကလည်း ပတ်သက်ရာ မကင်းရာမကင်းကြောင်း တတန်းတည်းသားတွေကိုး။

အိန္ဒိယ Navatritri ပွဲတော်တွင် သရဲနှစ်ကောင် မိုင်း၊ စန်းထွန်း ဂိုက်ပေးကြမ်းနေကြပုံ 
ကားကလည်း အပြင်ပန်းတာ စုတ်တာ၊ စက်ကတော့ အင်မတန်ကောင်းတယ်ဆိုပဲ (ဈေးသည်ကြီး ဆူနမ်လေသံနဲ့ ပြောလိုက်စမ်းမယ်)။ မိုင်းရဲ့ကားဆိုရင် ၂၀၀၀ ပေးရပြီး တလတခါလောက် စက်ပြင်ဆိုင်မှာ သွားအနားယူတတ်တယ်။ ဒီလို လက်မလည်အောင် ငှားနေရာက ဆူနမ်၊ရာမား၊ဂင်္ဂါ လိုင်စင်ရရော ကားကို ရောင်းတော့တာပါပဲ။ မရောင်းရင်လဲ အငှားလိုက်ရလွန်းလို့ ဖွတ်ဖွတ်ညက်ညက် ကြေတော့မှာကိုး။ စန်းထွန်း ယူမယ် သေချာတာလို့ ပိုက်ဆံစတိလေးပေးတာနဲ့ ကားကို လွှဲတော့တာပဲ။ ငါ့လက်ကလွှတ် ပြွတ်။

ဘယ်သူမှ ကိုယ့်အချိန်ကို သူများအတွက် မပေးချင်ပါဘူး။ သူငယ်ချင်းအရင်တွေတောင်  အားမှ အဆင်ပြေမှ လုပ်ပေးတာကိုး။ နေမကောင်းတဲ့နေ့ကလွဲရင် စန်းထွန်း ကားမောင်းမသင်ချင်ရင်တောင် ဆူနမ်က အတင်းသင်ပေးတာ။ သူတို့ကားကို ပိုက်ဆံတပြားမှ ပေးစရာမလိုဘဲ ဆီပဲဖြည့်။ ဆီပိုထည့်ရင်တောင် ရာဂျတ်အတွက် ထည့်ပေးတာလားလို့ ဆူနမ်က ဆူတာ။ ဆူနမ်၊ မိုင်း တယောက်တလှည့် စန်းထွန်းကို ကားမောင်းသင်ပေးကြတာပါ။ ဂင်္ဂါပါ အကောင်းမနေရ။ သူတို့ ကျောင်းကနေထွက်သွားတော့ တော်တော် မောင်းတတ်နေပြီ။

လိုင်စင်ဖြေမဲ့နေ့မတိုင်မှီ ၁နာရီလောက် ကားမောင်းလေ့ကျင့်ရင် Yanzi လိုက်ပေးပါတယ်။ သူများ ကားမောင်းနေတာ ဘေးကနေ အဖော်လိုက်ပေးရတာ အတော်ပျင်းစရာကောင်းတာ။ ကိုယ်ကသာ မောင်းကျင့်နေလို့ မသိတာ။ Yanzi ကိုလည်း အားနာလှပါတယ်။

စန်းထွန်းရဲ့စီးတော်မြင်း အဲလေ ဖွတ်ချက် ဖွက်ချက်ကား ၊ ဘေးတံခါးတွင် ဘယ်တုန်းက ဝင်အောင်းထားမှန်း မသိ ပိန်နေသည်၊ မိုးရွာရင် ဖွေးသန့်နေပြီး မိုးမရွာရင်တော့ နံသာရောင် ထွက်သည်၊ အတွင်းအားကောင်းသော ဆူနမ်ကြောင့် တံခါးလော့က ကားမောင်းသူဖက်က လော့ချ၍ မရ၊ ရေသုတ်တံက အရေးကြီးတဲ့ ကားမောင်းသူဘယ်ခြမ်းကို မသုတ်၊ ညာဖက်ကိုသာ သုတ်သည်။ သို့ပါ၍ မိုးရွာထဲ ကားမောင်းလျှင် ကားမှန်ကို တစ်ရှူးနှင့် သုတ်ကာ wiper တာဝန်ကို ကားမောင်းသူဘေး ထိုင်သူက တာဝန်ယူရသည်။ သြော် ကားဝယ်ပြီးတော့ ကြွားချင်တာ ငါ့ကား ငါ့ကား....
ကားငှားလိုက်ရင်လည်း သိတတ်တဲ့သူကတော့ ဆီဖြည့်ပေးပေမဲ့ မသိတတ်တဲ့သူ(အများစု)ကတော့ ဆီလုံးဝမကျန်အောင်ပါ မောင်းပစ်လိုက်တာမျိုးတွေ ကြုံရပါတယ်။ သူငယ်ချင်းလည်းမဟုတ် ကားကိုလည်း ယူသုံးချင်တဲ့အပြင် သူ့ကိုပါ သင်ပေး၊ ကားမောင်းလိုင်စင် သွားဖြေရင်လည်း သူ့ကိုပါခေါ်၊ ကိုယ့်အတွက် မနက်စောစောထလိုက်ပေးတဲ့ သူငယ်ချင်းကိုပါ သူ့ကိုစောင့်ခိုင်း။ ကားရော၊ လူပါစိုက်။ ဒီလို လူမျိုးတွေနဲ့ ကြုံတွေ့ရတော့ စိတ်ရှုပ်ရပါတယ်။ အားနာသင့်မှ နာပြီး နိုးသင့်ရင် ပြတ်ပြတ်သားသား နိုးတတ်ရပါမယ် ပိတ်သတ်ကြီး :P။

သြော် ကား..ကား..မရှိပြန်တော့လည်း ဒုက္ခ။ ရှိပြန်တော့လည်း ဒုက္ခ။ လိုင်စင်မြန်မြန် ရပါစေ ။ လိုင်စင်ရပြီးတဲ့နေ့ ကားကို ရောင်းပြီပဲ။ ဖုန်းတဂွမ်ဂွမ်ဆက်၊ တွေ့တိုင်းမေး၊ ကိုယ့်ဖြည့်ထားတဲ့ ဆီတွေသုံး၊ မအားရတဲ့ကြားထဲ ကားမောင်းသင်ခိုင်းနဲ့ နားပူလွန်းလို့ လိုင်စင်ရပြီးတာနဲ့ ကားရောင်းပြီး လမ်းပဲ လျှောက်တော့မယ်။ နားညည်းတော့ ခံနိုင်ဘူးအေ..ခြေထောက်ညောင်းပဲ ခံတော့မယ်။

(မိုင်း၊ရာမားတို့ ဓာတ်ပုံတွေ ပြန်တွေ့လို့ ပို့စ်နဲ့ မစပ်မဟပ်  တင်လိုက်ပါတယ်။ နောင် သူငယ်ချင်းချင်းတွေနဲ့အတူ ဓာတ်ပုံရိုက်ဖို့ဆိုတာ ဘယ်ဆီဘယ်ဝယ်မှန်း မသိလို့ အမှတ်တရအဖြစ် ဒိုင်ယာရီမှာ သိမ်းလိုက်ပါတယ်။ သည်းခံကာ ကျော်ခွပြီး ဖတ်ကြပါကုန်။ နှစ်သစ်မှာ ပျော်စရာအစား စိတ်ညစ်စရာတွေ ဖတ်ရလို့ ညစ်သွားပါသလား။ တွေ့ပုချီ၊ ဘီရာနဲ ပါနော်။ ဘီရာနဲဆိုတာ မသိသူများ ဘီရာသောက်တာနဲနေရင် များများထပ်သောက်ပါဟု ဆိုလိုပါသည် :P)

အားလုံးပဲ နှစ်သစ်မှာ ကျန်းမာပျော်ရွှင်ကြပါစေ။
စန်းထွန်း
ဇန်နဝါရီ ၁၊ ၂၀၁၁။

19 comments:

မဒမ္ကိုး said...

စန္းထြန္းေရ
ေပ်ာ္ရႊင္ဖြယ္ႏွစ္သစ္ျဖစ္ပါေစ း)

ခ်စ္တဲ႕

မဒိုးကန္

Anonymous said...

အားမနာတတ္တဲ့သူကိုု အားနာရင္ ေနာင္လည္းျပႆနာျဖစ္မွာဘဲ။ ကိုုယ္လည္း စန္းထြန္းသူငယ္ခ်င္းေတြဘက္ကဘဲ။ း)
သူငယ္ခ်င္းအရင္းေတြအတြက္ဆုုိရင္ေတာ့ အနစ္နာခံၾကရတာခ်စ္စရာ့ဓေလ့ပါ။
အိုုင္အိုုရာ

ညိမ္းႏိုင္ said...

ဟုတ္တယ္.....အားမနာသင့္ရင္အားမနာတာအေကာင္း
ဆံုးရယ္....၊No means No ဆိုတာေလးသေဘာက်သြား
တယ္....:)))။စန္းထြန္းကားေလးက ခ်စ္စရာေလးပါ..။
ကားေမာင္းသူဘက္ကေလာ့ ပ်က္ေနတာကေတာ့ အေရး
ဆို ခုန္ထြက္လို႕ရေအာင္ထင္ရဲ႕....:P။ အင္း...ကားေမာင္း
လိုင္စင္လည္းရေရာ ကားလည္းျပန္ေရာင္းၿပီး လမ္းပဲ
ေလွ်ာက္ေတာ့မယ္လား.....ျဖစ္ရမယ္...စန္းထြန္းတို႕က
ေတာ့....:D

စံပယ္ခ်ိဳ said...

ကားေရာလူပါခ်စ္ေနမိျပီဗ်ဳိ႕
ဂ်က္လာေမာင္းေပးရမလားလုိ႔စဥ္းစားတုန္း
ေရာင္းလုိက္ျပီလား----------------
ႏွစ္သစ္မွာေပ်ာ္ရႊင္ပါေစ
စိတ္တူကုိယ္တူ ခ်စ္ရသူလဲေတြ႔ပါေစ

San San Htun said...

ဂ်က္ဂ်က္ လာေမာင္းေပးမယ္ဆိုလို ့ အၿမန္ေရာင္းမွ...:P

သူႀကီးမင္း (တုုံးဖလား) said...

လူလည္စန္းထြန္း...
ေက်ာ္ခြၿပီးဖတ္ဖို႔ ေနာက္ဆုံးစာပုိဒ္မွာမွ လာေရးထားတယ္။ း)

ကားကေတာ့ ဂြတ္ရွယ္ထင္တယ္။ သူ႔ကားသူ ခ်ီးက်ဴးထားတာေတြ မ်ားလြန္းလုိ႔။ ဟာ ဟ။

ဟန္ၾကည္ said...

စန္းထြန္းကားက တံခါးဖြင့္ရင္း လက္ေမာင္းသားအလွေလ့က်င့္ရေအာင္ 2 in 1 လုပ္ထားတာျဖစ္မွာေပါ့...ကားေမာင္းရင္း တစ္ရွဴးနဲ႔သုတ္ေပးေနရတာေတာ့ မနိပ္ေပါင္ကြယ္...ကားေခါင္မိုးေပၚမွာ ခံုတစ္လံုးတပ္ထား လူတစ္ေယာက္ကို အဲဒီေပၚမွာ ထီးေဆာင္းထိုင္ခိုင္းၿပီး တံျမက္စည္းလွဲရင္း လိုက္ခိုင္းတာကမွ သက္သာလိမ့္ဦးမယ္ း း း)))

ရာမားနဲ႔ မိုင္းကို အခုမွ ေသေသခ်ာခ်ာျပန္ၾကည့္မိတယ္...ေက်ာင္းတုန္းက သူငယ္ခ်င္းေတြနဲ႔ အေတာ့္ကိုဆင္တာပဲ...

အိုေခ...ႏွစ္သစ္မွာ ေပ်ာ္ရႊင္အဆင္ေျပပါေစဗ်ား...ဘီယာမ်ား...( ဘာရယ္မွန္းေတာ့ မသိေပါင္...စန္းထြန္းက ဘီယာနဲဆိုလို႔ ခ်ထည့္လိုက္တာ း း း))

San San Htun said...

ဘယ္သူမ်ား ဘီရာနဲဆိုတာ မသိလဲလို ့ ေစာင့္ေနတာ ဦးဟန္ၾကည္ ၿဖစ္ေနပါေရာလား..ဘီရာနဲဆိုတာ ကိုရီးယားလို I am sorry လို ့ အဓိပၸာယ္ရတယ္

ျမေသြးနီ said...

ေပ်ာ္ရႊင္ဖြယ္ ႏွစ္သစ္မ်ားစြာကုိ စိတ္က်န္းမာ ကိုယ္ခ်မ္းသာစြာ ျဖတ္သန္းႏုိင္ပါေစ...။

ေမာင္ေမာင္ said...

ကားက လန္းတယ္ အစ္မစန္းထြန္းေရ။ ေမာင္ေမာင္တို.၀ယ္စီးႏုိင္ဖို.ေတာ္ေတာ္ၾကိဳးစားရအုန္းမယ္ ထင္တယ္ ဟိဟိ ။ေပွ်ာ္ရႊယ္ဖြယ္ ႏွစ္သစ္ေလးပါ။

San San Htun said...

မမၿမေသြး same to u
စတိတ္ကို လာခဲ့ ေမာင္ေမာင္ေရ တခါတည္း ကားေပၚက မဆင္းရ ၿဖစ္သြားမယ္.:P

ေခ်ာ(အစိမ္းေရာင္လြင္ျပင္) said...

ဂရင္းတီးဘီၤယာဆိုလို႔ မ်က္လံုးေလးေတာင္ အရည္လဲ႔သြားတယ္ စိတ္ဝင္စားသြားတာေလ ဟိဟိ
ပေလာင္ဘီယာလို႕လည္းေခၚတယ္ေလ
ဟုိတေလာက သူငယ္ခ်င္းတစ္ေယာက္ကို ငါ ပေလာင္ဘီယာေသာက္ေနတယ္ ဆိုေတာ႔ သူက အဲဒီ ဘီယာက ျပင္းသလားတဲ႔ ေသာက္ရင္ မူးသလားတဲ႔ .. း)
တကယ္ဘီယာထင္ပံုရတယ္..
စန္းထြန္းေရ
ေပ်ာ္ရႊင္ဖြယ္ ႏွစ္သစ္ပါေနာ္.. ဆႏၵအားလံုး ျပည္႔ဝပါေစလို႔..

Thandar Lwin said...

မဂၤလာ ရွိၿပီး စန္းထြန္း ရဲ႕ ေကာင္းေသာ လို ရာဆႏၵမ်ားၿပည့္ စုံေသာ ေပ်ာ္ရႊင္စရာ ေကာင္းေသာ ကံေကာင္း က်န္းမာေသာ ၂၀၁၂ ၿဖစ္ပါေစ လို႔ ဆုေတာင္း ေပး ပါတယ္ စန္းထြန္းေရ ။
ေဟာင္ေကာင္ အေၾကာင္းေမးထားတာ ကို ၿပန္ေၿဖေပးတာ ခုမွဘဲ ေက်းဇူးတင္ေၾကာင္းေၿပာရေတာ့မယ္ ။ အမ ဘေလာ့ ကို လာအားေပးတာ လဲ ေက်းဇူးပါေနာ္ ။ ေန႔ ဘက္ ရုံးမွာ အလုပ္လုပ္ ညဘက္ ပတ္တိုင္းလုပ္ အိမ္မႉ ကိတ္စေ တြ လဲ လုပ္ရေသးတာမို႔ ေဟာင္ေကာင္ ပို႔စ္ ကေတာ့ လာမည္ ၾကာမည္ ေပါ့ ကြယ္ ။ အမ က သိပ္ လဲ မေရးတတ္ပါဘူး ။ စန္းထြန္း ရဲ႔ ဘေလာ့ ေလး ကေတာ့ လူငယ္သဘာ၀ ေပ်ာ္စရာေလးေတြ စိတ္၀င္စားစရာ ေဒသ အေၾကာင္းအရာ ေလးေတြ နဲ႔ မို႔ အသစ္ပို႔ေလးေတြ႔ ရင္ ၀မ္းသာအားရ လာဖတ္တာပါ ။ မန့္သာ မမန့္ ၿဖစ္တာ ပါ ။ ဖတ္ၿပီး စန္းထြန္း ကို အမသမီးေလးဆို ေကာင္းမွာဘဲေ တြးမိသလို အမ သမီးေလးကိုလဲ စန္းထြန္းလို ေတာ္ရင္ ေကာင္းမွာဘဲ လို႔ လဲ ေတြးမိပါတယ္ ။ ခ်စ္တဲ့ အမ မယ္သံ

blackroze said...

ဘီရာနဲ ဆိုတာေတြ႕ပုခ်ီကိုး..
သူမ်ားကေတာ့
စားတာနဲေရာ..
ဗိုက္ကဆာေရာ..
ဆိုတာဘဲသိတယ္ ဟီးးဟီးး

San San Htun said...

မမယ္သံေရ..ေဟာင္ေကာင္ပို ့စ္ေလး မအားလို ့ မေရးရင္ေတာင္ ဓာတ္ပံုေလးေတာ့ တင္မွေပါ့.ဒစ္စေနလမ္း မေရာက္ဖူးလို ့ ၾကည့္ခ်င္ေနတာ..
မေတာ္ပါဘူး အမရယ္.. ေအတခါေလး ရဖူးတယ္..ဘီရလိုက္..ဘီမိုင္းနပ္ရလိုက္နဲ ့ ဂႊ်မ္းပစ္ေနတာ..

ညီလင္းသစ္ said...

ေကာင္းတယ္၊ ႏိုးပစ္လိုက္...၊ း)

တခ်ိဳ႕လူေတြရဲ႕ စ႐ိုက္က ‘ငါ ေတာင္းၾကည့္မယ္၊ ရရင္ အျမတ္..၊ မရရင္လည္း ဘာမွ အ႐ွံဳးမ႐ွိဘူး၊ If you don't try, you'll never know’ ဆိုၿပီး နိတိေတြ၊ ေလးစားမႈေတြ ေဘးခ်ိတ္တတ္ ပါတယ္၊ အခုလိုမ်ိဳး အားမနာဘဲ ျပတ္ျပတ္သားသား ေျပာတာ အေကာင္းဆံုး ပါပဲ၊ ေပ်ာ္႐ႊင္စရာ ႏွစ္သစ္ ျဖစ္ပါေစ ညီမ စန္းထြန္းေရ..။

ဘုိျဖဴ said...

ဂရင္းတီးဘီၤယာဆိုလို႔ မ်က္လံုးေလးေတာင္ ျပဴးသြားတယ္ဘာမ်ားလဲ
ကားေလးလွသားပဲဗ်ာ
အေၾကြးေတြလာဆပ္ေနတာေနာ္

Angelhlaing(May everybody be happy and healthy! said...

စန္းထြန္းရဲ႕ ပိုစ္ေလးေရာ ကြန္မန္႕ေတြေၾကာင့္ပါ ၿပံဳးရတယ္ ဒါေၾကာင့္ ေနာက္က်မွ ေရာက္ေရာက္လာတာ ..:):) Happy New Year ပါ စန္းထြန္းေရ.

San San Htun said...

မဒမ်ကိုး...စန်းထွန်းရေ...ပျော်ရွှင်ဖွယ်နှစ်သစ်ဖြစ်ပါစေ း)..ချစ်တဲ့ ...မဒိုးကန်
Anonymous...အားမနာတတ်တဲ့သူကို အားနာရင် နောင်လည်းပြဿနာဖြစ်မှာဘဲ။ ကိုယ်လည်း စန်းထွန်းသူငယ်ချင်းတွေဘက်ကဘဲ။ း)...သူငယ်ချင်းအရင်းတွေအတွက်ဆိုရင်တော့ အနစ်နာခံကြရတာချစ်စရာ့ဓလေ့ပါ။ အိုင်အိုရာ
ညိမ်းနိုင်...ဟုတ်တယ်.....အားမနာသင့်ရင်အားမနာတာအကောင်းဆုံးရယ်....၊No means No ဆိုတာလေးသဘောကျသွားတယ်....:)))
စန်းထွန်းကားလေးက ချစ်စရာလေးပါ..။ ကားမောင်းသူဘက်ကလော့ ပျက်နေတာကတော့ အရေးဆို ခုန်ထွက်လို့ရအောင်ထင်ရဲ့....:P။ အင်း...ကားမောင်းလိုင်စင်လည်းရရော ကားလည်းပြန်ရောင်းပြီး လမ်းပဲလျှောက်တော့မယ်လား.....ဖြစ်ရမယ်...စန်းထွန်းတို့က
တော့....:D
စံပယ်ချို...ကားရောလူပါချစ်နေမိပြီဗျို့...ဂျက်လာမောင်းပေးရမလားလို့စဉ်းစားတုန်း..ရောင်းလိုက်ပြီလား...နှစ်သစ်မှာပျော်ရွှင်ပါစေ...စိတ်တူကိုယ်တူ ချစ်ရသူလဲတွေ့ပါစေ
San San Htun...ဂျက်ဂျက် လာမောင်းပေးမယ်ဆိုလို့ အမြန်ရောင်းမှ...:P
သူကြီးမင်း (တုံးဖလား)...လူလည်စန်းထွန်း...ကျော်ခွပြီးဖတ်ဖို့ နောက်ဆုံးစာပိုဒ်မှာမှ လာရေးထားတယ်။ း)ကားကတော့ ဂွတ်ရှယ်ထင်တယ်။ သူ့ကားသူချီးကျူးထားတာတွေ များလွန်းလို့။ ဟာ ဟ။
ဟန်ကြည် said..စန်းထွန်းကားက တံခါးဖွင့်ရင်း လက်မောင်းသားအလှလေ့ကျင့်ရအောင် 2 in 1 လုပ်ထားတာဖြစ်မှာပေါ့...ကားမောင်းရင်း တစ်ရှူးနဲ့သုတ်ပေးနေရတာတော့ မနိပ်ပေါင်ကွယ်...ကားခေါင်မိုးပေါ်မှာ ခုံတစ်လုံးတပ်ထား လူတစ်ယောက်ကို အဲဒီပေါ်မှာ ထီးဆောင်းထိုင်ခိုင်းပြီး တံမြက်စည်းလှဲရင်း လိုက်ခိုင်းတာကမှ သက်သာလိမ့်ဦးမယ် း း း)))ရာမားနဲ့ မိုင်းကို အခုမှ သေသေချာချာပြန်ကြည့်မိတယ်...ကျောင်းတုန်းက သူငယ်ချင်းတွေနဲ့ အတော့်ကိုဆင်တာပဲ...အိုခေ...နှစ်သစ်မှာ ပျော်ရွှင်အဆင်ပြေပါစေဗျား...ဘီယာများ...( ဘာရယ်မှန်းတော့ မသိပေါင်...စန်းထွန်းက ဘီယာနဲဆိုလို့ ချထည့်လိုက်တာ း း း))
San San Htun...ဘယ်သူများ ဘီရာနဲဆိုတာ မသိလဲလို့ စောင့်နေတာ ဦးဟန်ကြည် ဖြစ်နေပါရောလား..ဘီရာနဲဆိုတာ ကိုရီးယားလို I am sorry လို့ အဓိပ္ပာယ်ရတယ်
မြသွေးနီ...ပျော်ရွှင်ဖွယ် နှစ်သစ်များစွာကို စိတ်ကျန်းမာ ကိုယ်ချမ်းသာစွာ ဖြတ်သန်းနိုင်ပါစေ...။
မောင်မောင်...ကားက လန်းတယ် အစ်မစန်းထွန်းရေ။ မောင်မောင်တို.ဝယ်စီးနိုင်ဖို.တော်တော်ကြိုးစားရအုန်းမယ် ထင်တယ် ဟိဟိ ။ပျှော်ရွှယ်ဖွယ် နှစ်သစ်လေးပါ။
San San Htun.. မမမြသွေး same to u....စတိတ်ကို လာခဲ့ မောင်မောင်ရေ တခါတည်း ကားပေါ်က မဆင်းရ ဖြစ်သွားမယ်.:P
ချော(အစိမ်းရောင်လွင်ပြင်) said... ဂရင်းတီးဘီၤယာဆိုလို့ မျက်လုံးလေးတောင် အရည်လဲ့သွားတယ် စိတ်ဝင်စားသွားတာလေ ဟိဟိ ပလောင်ဘီယာလို့လည်းခေါ်တယ်လေ
ဟိုတလောက သူငယ်ချင်းတစ်ယောက်ကို ငါ ပလောင်ဘီယာသောက်နေတယ် ဆိုတော့ သူက အဲဒီ ဘီယာက ပြင်းသလားတဲ့ သောက်ရင် မူးသလားတဲ့ .. း)တကယ်ဘီယာထင်ပုံရတယ်.. စန်းထွန်းရေ...ပျော်ရွှင်ဖွယ် နှစ်သစ်ပါနော်.. ဆန္ဒအားလုံး ပြည့်ဝပါစေလို့..
Thandar Lwin...မင်္ဂလာ ရှိပြီး စန်းထွန်း ရဲ့ ကောင်းသော လို ရာဆန္ဒများပြည့် စုံသော ပျော်ရွှင်စရာ ကောင်းသော ကံကောင်း ကျန်းမာသော ၂၀၁၂ ဖြစ်ပါစေ လို့ ဆုတောင်း ပေး ပါတယ် စန်းထွန်းရေ ။ ဟောင်ကောင် အကြောင်းမေးထားတာ ကို ပြန်ဖြေပေးတာ ခုမှဘဲ ကျေးဇူးတင်ကြောင်းပြောရတော့မယ် ။ အမ ဘလော့ ကို လာအားပေးတာ လဲ ကျေးဇူးပါနော် ။ နေ့ ဘက် ရုံးမှာ အလုပ်လုပ် ညဘက် ပတ်တိုင်းလုပ် အိမ်မှူ ကိတ်စေ တွ လဲ လုပ်ရသေးတာမို့ ဟောင်ကောင် ပို့စ် ကတော့ လာမည် ကြာမည် ပေါ့ ကွယ် ။ အမ က သိပ် လဲ မရေးတတ်ပါဘူး ။ စန်းထွန်း ရဲ့ ဘလော့ လေး ကတော့ လူငယ်သဘာ၀ ပျော်စရာလေးတွေ စိတ်ဝင်စားစရာ ဒေသ အကြောင်းအရာ လေးတွေ နဲ့ မို့ အသစ်ပို့လေးတွေ့ ရင် ဝမ်းသာအားရ လာဖတ်တာပါ ။ မန့်သာ မမန့် ဖြစ်တာ ပါ ။ ဖတ်ပြီး စန်းထွန်း ကို အမသမီးလေးဆို ကောင်းမှာဘဲေ တွးမိသလို အမ သမီးလေးကိုလဲ စန်းထွန်းလို တော်ရင် ကောင်းမှာဘဲ လို့ လဲ တွေးမိပါတယ် ။ ချစ်တဲ့ အမ မယ်သံ
blackroze... ဘီရာနဲ ဆိုတာတွေ့ပုချီကိုး..သူများကတော့ စားတာနဲရော..ဗိုက်ကဆာရော..ဆိုတာဘဲသိတယ် ဟီးးဟီးး
San San Htun...မမယ်သံရေ..ဟောင်ကောင်ပို့စ်လေး မအားလို့ မရေးရင်တောင် ဓာတ်ပုံလေးတော့ တင်မှပေါ့.ဒစ်စနေလမ်း မရောက်ဖူးလို့ ကြည့်ချင်နေတာ..မတော်ပါဘူး အမရယ်.. အေတခါလေး ရဖူးတယ်..ဘီရလိုက်..ဘီမိုင်းနပ်ရလိုက်နဲ့ ဂွျှမ်းပစ်နေတာ..
ညီလင်းသစ်..ကောင်းတယ်၊ နိုးပစ်လိုက်...၊ း)တချို့လူတွေရဲ့ စရိုက်က ‘ငါ တောင်းကြည့်မယ်၊ ရရင် အမြတ်..၊ မရရင်လည်း ဘာမှ အရှုံးမရှိဘူး၊ If you don't try, you'll never know’ ဆိုပြီး နိတိတွေ၊ လေးစားမှုတွေ ဘေးချိတ်တတ် ပါတယ်၊ အခုလိုမျိုး အားမနာဘဲ ပြတ်ပြတ်သားသား ပြောတာ အကောင်းဆုံး ပါပဲ၊ ပျော်ရွှင်စရာ နှစ်သစ် ဖြစ်ပါစေ ညီမ စန်းထွန်းရေ..။
ဘိုဖြူ...ဂရင်းတီးဘီၤယာဆိုလို့ မျက်လုံးလေးတောင် ပြူးသွားတယ်ဘာများလဲ...ကားလေးလှသားပဲဗျာ...အကြွေးတွေလာဆပ်နေတာနော်
Angelhlaing... စန်းထွန်းရဲ့ ပိုစ်လေးရော ကွန်မန့်တွေကြောင့်ပါ ပြုံးရတယ် ဒါကြောင့် နောက်ကျမှ ရောက်ရောက်လာတာ ..:):) Happy New Year ပါ...စန်းထွန်းရေ