နာနာလေးကစ်တယ်. နာဂစ်


အခုတလော ဂျပန်ငလျင်၊ရှမ်:ပြည်က ငလျင်တွေ မြင်ရတော. ကိုယ်တိုင်ကြုံတွေ့ခဲ.ရတယ်. ဆိုင်ကလုန်းနာဂစ် အကြောင်း အမှတ်ရမိပါတယ်။ ၂၀၀၈ ဧပရယ် ၂၇ မှာ စတင်ဖြစ်ပေါ်ခဲ.တယ်. လေဖိအားနည်:ရပ်ဝန်:ကနေ မေ ၂ ရက်နေ့ မှာတော. အားအလွန်ကောင်းတယ်. ဆိုင်ကလုန်းနာဂစ် အဖြစ် ရောက်ရှိခဲ.ပါတော.တယ်။ တစ်နာရီ လေပြင်းတိုက်ခတ်နှုန်: ၁၀၅ မိုင်ကနေ ၁၃၅ မိုင်အထိ တိုက်ခတ်တာ။ မိုင် ၁၀၀ ဆိုရင်တောင် အပင်တွေ အမြစ်အကုန်ကျွတ်အောင် ပြင်းတာ။
မုန်တိုင်းမတိုက်ခင်အထိ ဘင်္ဂလားဒေ့ရှ်ပဲ ဝင်မလိုလို၊ အိန္ဒိယပဲ ဝင်မလိုလိုနဲ. နောက်ဆုံး မြန်မာပြည်ကို ဝင်မွေသွားတော.တာပဲ။ မိုင် ၇၀၊၈၀ ဆိုတယ်.အချိန် ဘင်္ဂလားဒေ့ရှ်နဲ. အိန္ဒိယက ရက္ခာတွ စုဆောင်းပြီ: မုန်တိုင်းအတွက် ပြင်ဆင်နေပြီ။ ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်သမျှ မုန်တိုင်းတွေက ဘင်္ဂလားဒေ့ရှ်ကို ဝင်လေ့ရှိတာမို့ ဘင်္ဂလားဒေ့ရှ်က မုန်တိုင်းပါးဝနေပြီ။ မိုင်၁၀၀ ဘယ်ကို ဝင်မွှေမယ်မှန်: မသိခင်ကတည်:က မုန်တိုင်း သတိပေးချက်တွေ ထုတ်ပြန်ပြီ: ပြည်သူတွေကို ရှောင်ခိုင်းနေပြီ။

တို.များ အစိုးရကတော. ကြိုတင်ပြင်ဆင်ဖို. ဝေးရော၊ တုတ်တုတ်မှ မလှုပ်၊ မဲဆွယ် ကောင်းနေတာများ မြန်မာပြည်ကို ဝင်မယ်ဆိုတာ သေချာတော.မှ သတိပေးရှာပါတယ်။ တီဗီ ဖန်သားပြင် အောက်နားမှာ "ဟိုင်းကြီ:ကျွန်းရဲ. အနောက်တောင်ဖက် မိုင်၁၅၀ အကွာ ပင်လယ်ပြင်ကို ဗဟိုပြု၍ အားအလွန်ကောင်းသော ဆိုင်ကလုန်းနာဂစ်သည် နောက် ၄၈ နာရီ အတွင်း မြန်မာပြည်ကို ဝင်ရောက် တိုက်ခတ်ပါမည်။ ယင်းမုန်တိုင်းကြီ:ရှိန်ကြောင့် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ. ရခိုင်ပြည်နယ်တွင် မိုးသည်:ထန်စွာ ရွာသွန်းပြီ: ရေပြင်မြေပြင်လေသည် တစ်နာရီ မိုင် ၁၀၅မှ ၁၃၅ အထိ တိုက်ခတ်နိုင်ပါသည်။" ဆိုတယ်. စာတန်:လေးဟာ အဆတ်မပြတ် ပေါ်လာပါတော.တယ်။ မုန်တိုင်း ရန်ကုန်ကို ဝင်မယ်.နေ့က တချို. ရုံးတွေ၊ကျောင်းတွေက နေ့တဝက် ဆင်းပေးလိုက်တယ်။

မြန်မာပြည် အနောက်တောင်ဖက်စွန်: နဂရေ့အငူနားက ဧရာဝတီတိုင်းထဲက ဟိုင်းကြီ:ကျွန်းကလေးက တို.ဇာတိပါ။ မိဘများလည်: လက်ရှိ နေထိုင်ဆဲပါ။ စိတ်ပူလို့ ဖေ့ဆီ ဖုန်းဆက်မေးတော. "လေတိုက်တာ တအားပဲ။ လေကို ကျောခိုင်းနေရတယ်။ နေလို့ မရတော.ဘူး။" ဆိုပြီ: ဖုန်းကျသွားတော.ပါပဲ။ တို.မှာလည်: မိသားစုဝင်လေး ၅ယောက်ပဲ ရှိတာ ဖေနဲ.မေက ဟိုင်းကြီ:မှာ၊ မကြီ:က စင်င်္ကာပူမှာ၊ မောင်လေးနဲ. တို.က ရန်ကုန်မှာ။ မုန်တိုင်းဝင်မယ် သိတာနဲ. ရေတင်ထား၊ ဆန်၊ရိက္ခာခြောက် ဝယ်ထားရတယ်။ မြန်မာ့အမှောင်နဲ. မြန်မာ့ရုပ်မမြင်အသံမကြားကို ကြည့်လို့ကတော. ဘယ်တော.မှ သတင်းအမှန် သိရမှာမဟုတ်လို့ ရေဒီယိုကို ဖွင့်ပြီ: နိုင်ငံခြားသတင်းဌာနကနေ လွှင့်တယ်.မုန်တိုင်းသတင်း နားစွင့်ရတယ်။

တီဗီဆိုတာလည်: ကိုရီးယားကား ကြည့်ရုံပါပဲ ပျင်းဖို.ကောင်:တယ်. အစီအစဉ်တွေနဲ. ဆောက်လိုက်တယ်. ရေကာတာ၊ဖွင့်လိုက်တယ်. တံတား၊ တိုးတက်နေတာများ တီဗီထဲမှာ ပြောပါတယ်။ တိကျမြန်ဆန်တယ်. သတင်းရချင်ရင် ရေဒီယိုကနေ နိုင်ငံခြားသတင်းဌာနတွေကို နားထောင်ပါ။ မြန်မာ့ရုပ်မမြင်အသံမကြားမှာ အမြဲစောင့်ကြည့်ရတယ်. အစီအစဉ်တခု ရှိတယ်။ ဦးထွန်းလွင်ရဲ. လပတ်မိုးလေဝသအစီအစဉ်။ ဦးထွန်းလွင်က ရှေ့လမှာ လေဖိအားနည်:ရပ်ဝန်: ၂ခု ဖြစ်ပေါ်ဖို. ရှိတယ်။ ၁ခုကတော. မုန်တိုင်းဖြစ်နိုင်ချေ ရှိတယ် လို့ ခန်.မှန်:ရင် သူမှန်:တယ်.အတိုင်း မလွဲဘူး။ တခြားလူတွေအတွက် မုန်တိုင်းသတင်းက အရေးမကြီ:ပေမယ်. ပင်လယ်ပြင်ကို မှီပြီ: အသက်မွေးရသူတွေအတွက်ကတော. မုန်တိုင်းသတင်းက အသက်ထက် အရေးကြီ:ပါတယ်။

မေ ၂ ညနေမှာတော. ရန်ကုန်မှာ မိုးစရွာပါပြီ။ ဆိုင်ကလုန်းနာဂစ် ရန်ကုန်ဆီ ရွေ့လာပါပြီ။ ရှိတယ်. ပိုက်ဆံကို စလွယ်သိုင်း အိတ်ထဲထည်. ကိုယ်နဲ.မကွာထားပြီ: အိပ်။ မနက်၎နာရီလောက်မှာ လေတိုက်တာ တိုက်တောင် သိမ့်သိမ့်တုန်တယ်။ တိုက်များ ပြိုလေမလာ: တွေးကြောက်တယ်.စိတ်နဲ. စောင်ကို ခေါင်းမြီးခြုံရင်း သဗုဒ္ဓေဂါထာကို အမြီးအမောက်မတည်.အောင် ရွတ်။ အောက်ထပ်ကိုလည်: ဆင်းကြည့်ရသေးတယ်။ မိုးသည်:ရင် မြောင်းတွေက ရေမဆင်းတော.လို့ တိုက်ခန်:ထဲကို ရေဝင်တာ အမြဲလိုပါပဲ။ အောက်ထပ်နေသူများရဲ. ဒုက္ခ။ မီးဖွင့်လိုက်တာနဲ. မီးမလင်း။ မုန်တိုင်းဝင်ရင် လျှပ်စစ်ဌာနက ဝါယာလျှော.ဖြစ်မှာစိုးလို့ မီးဖြတ်လိုက်ပြီ။ တီဗီကေဘယ်ကြိုးကို ရေလွတ်တယ်.နေရာတင်၊ နံရံမှာ ရေတွေ စီးကြလာလို့ ပစ္စည်းတွေကို ဟိုရွှေ့၊ဒီရွှေ့။ ကျတယ်.ရေတွေများလာလို့ အပြင်ထွက်ပြီ: ကြည့်လိုက်တယ်.သကာလ လာ:လား ...အိမ်ခေါင်မိုး မရှိတော.ပါလား။ အပေါ်ထပ်က လူတွေ ဘယ်လိုများ နေကျပါလိမ့်။ လေတအားတိုက် မိုးကသည်းလို့ ချမ်:အေးရတယ်.အထဲ အမိုးအကာမရှိဘဲ မိုးရေထဲမှာ ဘယ်လိုများ နေကြပါလိမ့်။ အပြင်ထွက်ပြီ: စနည်းနာနေတယ်. မောင်မောင်ကို အိမ်ထဲအတင်း ဝင်ခိုင်းရတယ်။ လေက တဝှီးဝှီးတိုက်ပြီ: သွပ်ပြာ:တွေ ပျံဝဲနေတာ။ တော်ကြာ နောက်နေ့ သစ်စရာ မျက်နှာ မရှိပဲ ဖြစ်နေဦးမယ်။ ဘေးအိမ်က မဇင်မာက "စန်:ထွန်းရေ တိုက်ပြိုမလား မသိဘူး။ ဘုန်းကြီ:ကျောင်း သွားခိုရအောင်" တယ်.။ "လေက ဒီလောက် တိုက်နေတာ ဘုန်းကြီးကျောင်းရောက်အောင် မနည်:သွားရမယ်။ ငါတို.လည်: ရှိနေတာ။ စိတ်မပူနဲ.။ ပြေးရင် အတူပြေးကြမယ်" ဆိုတယ်. ဘေးအိမ်က အန်တီဆွေ ပြောမှပဲ အကြောက်နည်:နည်: သက်သာတော.တယ်။ မိုးမရွာတော.ပဲ လေက ဝှေ့ရမ်:တိုက်နေတာ သစ်ပင်ပိ၊ လွင့်လာတယ်. သွပ်ပြားရှတာနဲ.တင် ဘုန်းကြီ:ကျောင်းရောက်ဖို. နေနေသာသာ လမ်:မှာတင် အသက်ပျောက်သွားနိုင်တယ်။ ရေကလည်: အိမ်ထဲမှာတင် ဒူးဝက်ရောက်တယ်။ လမ်:တွေမှာတော. ပေါင်လယ်လောက် ရောက်တယ်။ ဘယ်နေရာ ကြည့်ကြည့် အပျက်အစီးပုံတွေ။ နောက်ဖေးက စလောင်းကတော. မြောင်းထဲ ရောက်သွားရှာပြီ။ တယောက်တည်:နေတယ်. မဇင်မာက တို.တွေနဲ. လာပေါင်းရှာတယ်။ မနက်၁၀နာရီလောက်မှာ တိုက်လိုက်တယ်.လေ။ ညနေစောင်းမှပဲ သက်သာတော.တယ်။ တမြို.လုံးလည်:ကုန်ပြီ။

ဘယ်နေရာကြည့်ကြည့် အပျက်အစီးတွေ။ ဘယ်စစ်တပ်၊ဘယ်ကြံ.ဖွတ်က လာမကူပါဘူး။ ကိုယ်.ပတ်ဝန်းကျင်၊ကိုယ်လမ်: ကိုယ်ဘာသာရှင်းပဲ။ လမ်:ပေါ် လဲကျနေတယ်.သစ်ပင်တွေ၊ ဟိုဒီက လွင့်လာတယ်. အမှိုက်တွေနဲ. လမ်:က သွားလို့တောင် မရဘူး။ ရှိသမျှ အမှိုက်တွေကို လမ်:မထိပ်မှာ လာပစ်ကြတော.တာပဲ။ လမ်:ထိပ်လာ မပစ်လို့လဲ ဘယ်နေရာ သွားပစ်ရမှာလဲ။ ရေနည်:နည်:ကျတာနဲ. အိမ်ကို ရေဆေးချ၊ ပတ်ထုတ်။ ရေကျချိန်မှာ ဆေးမချရင် နုန်းတွေနဲ. နောင် ဆေးချဖို.မလွယ်တော.ဘူး။ မောလိုက်တာ ဖတ်ဖတ်မော။ ဖြိုးတို. မောင်နှမ ၂ ယောက် ရောက်လာပြီ: သတင်းလာမေးရှာတယ်။ လိုင်းကားတွေ မထွက်လို့ ၃ မှတ်တိုင်ကို လမ်:လျှောက်လာရတယ်။ ညဖက် BBCက ရေဒီယို နားထောင်တော. ဟိုင်းကြီ:ကျွန်းမှာ ၁၅၀ လောက် သေတယ် ဆိုတယ်. သတင်း နားထောင်ပြီ: မောင်နှမ၂ယောက် အိပ်နေရာကနေ ငေါက်ကနဲ ထထိုင်တော.တာပဲ။ ဖေ၊မေ တိမ်:ပါးသွားရင် တို.များ ဘယ်လို လုပ်ရပါမလဲ ။ ရေဆေးချ၊ အမှိုက်ရှင်းနေလို့ အလုပ်များနေတာနဲ. ဟိုင်းကြီ:ကို မေ့နေတာ။ အခုတော. စိတ်ပူလိုက်တာ တအားပဲ။ သတင်းကြားကြားချင်း ခေါင်းနပန်: ကြီးသွားတယ်ဆိုတာ အမှန်ပဲ။

ကောင်းနေသေးတယ်. ဖုန်းတွေ လိုက်ဆက်တော. ကိုသိန်:ဝင်းက ပုသိမ်ဆင်းဖို. ရှိတယ်။ ကားနောက်ခန်:ကနေ လိုက်လို့ရတယ်တယ်.။ မောင်မောင် သုံးဖို. ပိုက်ဆံနည်:နည်: ချန်ထားပြီ: ရှိသမျှ ပိုက်ဆံကို ထည်.။ မောင်မောင်ကလည်: လမ်:မှာ စားဖို. မုန့်ခြောက်၊ ရေဘူး၊ ကျောပိုးအိတ်ကို ပြင်ပေးရှာပါတယ်။ သူ့မှာလည်: စိတ်ပူနေတာ ပါးစပ်ကသာ ထုတ်မပြောရှာတာ မျက်နှာက ဆီးရွတ်လောက်ပဲ ရှိတော.တာ။ ရန်ကုန်၊ပုသိမ် ကားလမ်:တလျှောက် တွေ့ရတယ်. မြင်ကွင်းတွေက စိတ်မချမ်:သာစရာ။ နေရာတကာ အပျက်အစီး အပြိုအလဲ။ မန်တလေ:က ပြာပုံ၊ ရန်ကုန်က အမှိုက်ပုံ၊ နေပြည်တော်က အရိုးပုံဆိုတယ်. တဘောင်လိုလိုက မှန်နေပြီလား။ မကြာခင်ကပဲ မန်:တလေး ရတနာပုံဈေးကြီ: မီးလောင်ထားတာ။ အခု ရန်ကုန်က အမှိုက်ဆိုတာကလည်: မှန်နေပြီ။ နေပြည်တော်ကတော. ဘယ်လို အရိုးပုံမလဲ မသိတော.ပါ။ ဓာတ်ဆီက ရန်ကုန်မှာ ဝယ်လို့ မရတော.ဘူး။ မြို.ပြင်ရောက်မှပဲ ဝယ်လို့ရတော.တယ်။

ပုသိမ်ကတော. မုန်တိုင်းဒဏ် မခံရဘူး။ ရန်ကုန်က ဟိုင်းကြီ: အဆက်အနွယ်တွေ ပုသိမ်ကို ဆင်းလာကြပြီ။ အောက်ဖက်က သတင်းတွေကလည်: ပုသိမ်ကို တက်လာပြီ။ ဟိုင်းကြီ:တကျွန်းလုံး မြုပ်သွားပြီ။ တယောက်မှ မရှင်ဘူး။ ဘိုကလေး၊ လပွတ္တာမှာ အခြေအနေ တော်တော်ဆိုးတယ်။ မနေ့ကတော. ကယ်ဆယ်ရေး သင်္ဘော ဆင်းသွားပေမယ်. ဘယ်အရပ်သားမှ လိုက်ခွင့်မပေး။ ဒီနေတော. လျှပ်ပြေး(တို.နယ်အခေါ် တကယ်တော. Speed Boatပါ) ဆင်းမယ် ဆိုလို့ လက်မှတ်ကို အလုအယက်ဝယ်။ ဈေးကြီ:ထဲ လိုမယ်ထင်တာတွေ ပြေးဝယ်။ ညနေစောင်းတော. ဒဏ်ရာရသူတွေ တင်လာတယ်. လျှပ်ပြေး ဟိုင်းကြီ:ကနေ ပုသိမ်ကို တက်လာပြီ ဆိုတယ်. သတင်းကြားတာနဲ. ဟိုင်းကြီ: အဆက်အနွယ်တွေ ကမ်:နားဆိပ်မှာ စောင့်နေတာ တိုးမပေါက်အောင်ဘဲ။

ဘယ်သူရေ ဘယ်ဝါရေ... ဘယ်သူတွေကတော. ပါသွားပြီ ဆိုတယ်. အသံတွေ ပွက်လောရိုက်နေချိန်မှာ တက်လာသမျှ လူတွေ ကိုယ်ကမသိ။ ကဗ္ဗလာ၊ချောင်းဝ၊ပြင်ခရိုင်၊ကျောက်ချောင်း၊ခမောက်မော် ကိုယ်.အနီးအနား ရွာတွေကလည်: အများကြီ:။ ကိုယ်မသိတယ်. ရွာတွေကလည်: အများကြီ:။ ဘယ်သူကို မေးရမှန်:မသိ။ ကိုယ်.ရွာသားကိုလည်: မတွေ.။ ရန်ကုန်မှာ နေတာကြာတော. ကိုယ်.ရွာသားကလည်: ကိုယ်.ကို မသိ။ ဟိုင်းကြီ:မှာ ကိုသန်:ဝင် ရုံက စလို့ အားလုံး ပြိုံကုန်ပြီ ဆိုတယ်. စကားကြားလိုက်ရတယ်. ခဏ ခေါင်းထဲ မိုက်ကနဲ ဖြစ်ပြီ: ကမ္ဘာကြီ:က ခဏရပ်သွားသလို ခံစားရလိုက်တယ်။ ဘုရား ဘုရား ဖေနဲ. မေ အသက်မှ ရှင်ပါသေးရဲ.လား။

Culture Shock !

(Ameircan Culture lecture ချိန်မှာ မှတ်မိလိုက်သမျှ ဖောက်သယ်ပြန်ချပါတယ်။)

"Hi. How are you?" လို့ နှုတ်ဆတ်တယ်. ကောင်လေးကို "fine. thanks you. and you?" ပြောမလို့ ပြင်တုန်း ဘချောသားက အဝေးကို ရောက်သွားပြီ။ တီချယ်တို. နိုင်ငံမှာက
"Hi."
"Hi."
"How are you?"
"Fine. Thanks you. And you?" ဆိုပြီ: ရှည်ရှည် လျားလျား နှုတ်ဆတ်တတ်ကြတာ။ US မှာတော. "Hi. How are you?" က"Hi" ပါတဲ.။

အမေရိကန်တွေရဲ. စကားထဲမှာ ပါနေကျက F***,Crap။ စလုံးမှာ တ lah lah လို့ ပြောသလို USမှာလည်: တ F*** F*** နဲ.။ စလုံးမှာ "What lao" USမှာတော. "Crap" တဲ. ။ခွဲခါနီး နှုတ်ဆက်တာက စလုံးမှာတော. "Bye Bye"၊ USမှာတော. "Have a good day." တဲ.။စလုံးတွေက Complaint တက်ဖို. ဝန်မလေးသလို အမေရိကန်တွေကလည်: ချီးမွမ်:စကား ပြောဖို. ဝန်မလေးဘူး။ ချီ:မွမ်:စရာ မရှိရင်တောင် ကြံဖန်ပြီ: ချီ:မွမ်:နေတာများ ရာသီဥတုတောင် အလွတ် မပေးဘူး။

Middle East နိုင်ငံသူကို အမေရိကန်တယောက်နဲ. မိတ်ဆက်ပေးတယ်.အခါ ကမ်:ပေးတယ်. အမေရိကန်ရဲ. လက်ဟာ လေထဲမှာ အိုးတိုးအမ်:တမ်: ရပ်သွားဖူးတယ်။ အဲဒီနိုင်ငံတွေမှာ မိန်:ကလေးတွေကို လက်ဆွဲနှုတ်ဆက်လေ့ မရှိပါဘူးတယ်.။ US မှာတော. လက်ဆွဲနှုတ်ဆတ်တာ၊ပွေ့ဖက်တာ၊ပါးချင်းအပ်တာက နှုတ်ဆတ်ခြင်းပါ။

အမေရိကန်နဲ. အာရပ်တွေ စကားပြောကြရင် အာရပ်က စကားပြောရင်း ရှေ့တိုးတိုးလာ အမေရိကန်က စကားပြောရင်း နောက်ကို ဆုတ်ဆုတ်နဲ. အတော်.ကို ဂွကျပြီ: ကိုးယိုးကားရား နိုင်တယ်. အဖြစ်။ ဖြစ်ရပုံက အာရပ်တွေက စကားပြောရင် နီးနီးလေး ကပ်ပြောကြသတဲ.။ အမေရိကန်တွေကတော. မနီးလွန်း၊မဝေးလွန်: အကွာအဝေးနဲ. ပြောကြသတဲ.။

ဗီယက်နမ်နဲ. နီပေါကတော. တွေ့တာနဲ. အသက်မေးတော.တာပဲ။ အာရှယဉ်ကျေးမှုအရ အသက်သိမှ မဘယ်သူ၊ကိုဘယ်ဝှါ ခေါ်လို့ရမှာကိုး။ ဒီလို ခေါ်မှ ယဉ်ကျေးတာလေ။ US မှာတော. အသက်၊ Personalမမေ:တာကမှ ယဉ်ကျေးတာတဲ.။

လက်ချင်းချိတ်ထားတယ်. အာဖရိက ကောင်လေး၂ယောက်ကို အားလုံးက စိတ်ဝင်တစားနဲ. အကဲခတ်ကြမယ်။ ဖြစ်ရပုံက အာဖရိကမှာ ခင်မင်ကြရင် လက်ချင်းချိတ်ထားတာတဲ.။ လိင်တူချစ်သူ အခွင့်အရေး ရှိတယ်. US မှာတော. လိင်တူချင်း လက်ချိတ်ထားရင် တမျိုးအထင် ခံရမယ်။ ဒါ့ကြောင်. တို.များအုပ်စုထဲကများ တယောက်ယောက်က လက်လာချိတ်ရင် လက်ညိုးလေးထောင်၊ ခေါင်းကလေးရမ်:ပြီ: "It is not good." လို့ စကြတယ်။

US မှာ လူတိုင်းဟာ သမ်မတဖြစ်ခွင့် ရှိတယ်။ ဒီကုမ်မဏီကို ဘာမှမရှိတယ်. အခြေအနေကနေ ဒီလို ဖြစ်အောင် လုပ်ခဲ.တာလို့ လက်သီးလက်မောင်းတန်:ပြီ: ပြောနေတယ်. ကုမ်မဏီပိုင်ရှင် သူဋ္ဌေးများကို မြင်တွေ့ရမယ်။ အဖေက Director မို့ သားက Director ဖြစ်လာတာ မရှိ။ ယောက်ကျားနဲ. မိန်:မ အခွင့်အရေး အတူတူရှိတယ်. USမှာ CEO တာဝန် ထမ်:ဆောင်နေကြတယ်. Lady Boss တော်တော်များများကို မြင်တွေ့ရပါမယ်။

တရုတ်နိုင်ငံလို အနှစ် ၅၀၀၀ ယဉ်ကျေးမှု သက်တမ်:မရှိတယ်. USဟာ ထိန်:သိမ်:စရာ အမွေအနှစ် မရှိလို့ သဘာဝဘေးအန်တရယ် ထိန်:သိမ်:ကာကွယ်ရေးကို စောက်ချ လုပ်ကိုင်တယ်။

ဆရာမကြီ: ဒေါ်ခင်မျိုးချစ်ရဲ. မိတ်ဆွေ ဂျာမန်မဟာ ဘုရားတရား ကြည်ညိုလွန်:လို့ ဘယ်ခရီးသွားသွား ဘုရားဆင်းတုတော်ကို သယ်သွားတယ်။ တနေ့တော. ဂျာမန်မ ဘုရားဆင်းတု သိမ်:ဆည်:နေတာ မြင်ရတော. ဆရာမကြီ: ဒေါ်ခင်မျိုးချစ်ခမျာ မျက်လုံးပြူ:သွားပြီ: ရင်ဘတ်ကို လက်ကလေးနဲ. အသာဖိလိုက်ရတယ်။ အပေါ်အတွင်းခံလေးနဲ. ဘုရားဆင်းတုတော်ကို ထုပ်ပိုးနေတာလေ။ မေးကြည့်တော. ဘုရားဆင်းတုတော်ဆိုတာ မသန့်တာနဲ. မထုပ်ရဘူး ဆိုလို့ သူ့မှာ ရှိတယ်.အထဲက အသန့်ဆုံး၊ အနူးညံ့ဆုံးနဲ. ထုပ်နေတာတဲ.လေ။ ဟုတ်တော.လည်: ဟုတ်သား သူ့အတွင်းခံက ပိုးသားဆိုတော. နူးညံ.တယ်လေ။ ဆရာမကြီ:က အတွင်းခံနဲ. မထုပ်ရတယ်.အကြောင်း သေသေချာချာ ရှင်းပြတော.မှ ဂျာမန်မက ပြန်ပြောရှာတယ်။ "It is culture chock" တဲ.။

Lady First !


Lady Firstကြသူများ...

Dining Hallထဲ အစာ:အသောက် ယူတဲ.နေရာမှာ ဖြစ်ဖြစ်၊ လက်ဆေ:တယ်.နေရာမှာ ဖြစ်ဖြစ် ဆုံမိရင် MUM Feb intake MSCS က ကျောင်းသား၄၈ယောက်ဟာ ၅ယောက်ပဲရှိရှာတယ်. တို.များကျောင်းသူတွေကို "Lady First"လို့ မပြောသော်ငြား ခေါင်းကလေး ငဲ.၊ လက်ကလေးပြပြီ: ဦးစားပေးပါတယ်။

SCI courseပြီ: Presentation ပြီ:တယ်.အခါ နေ့လည်စာ စားပြီ:တယ်.အခါ ရေခဲမှုန့် ကျွေးပါတယ်။ မစားရတာ ၁လကြာပြီ ဖြစ်တယ်. ရေခဲမှုန့် စားဖို. သွားတယ်.အခါ ရေခဲမှုန့်နား ယောက်ျားလေးများ အုန်းအုန်းထနေပါတယ်။သူတို.နဲ. အတူဝင်မတိုးနိုင်လို့ အနားမှာ အသာလေးရပ်ပြီ: "Lady first" လို့ ပြောလိုက်တယ်. သကာလ ပါကစ္စတန်နဲ. အီဂျစ်က ကောင်လေးများက Lady မ first ပါဘူးတဲ.။ Men and women are equal ပါတဲ.။ First come,first serve တဲ.။ ဘာမှ ပြန်မပြောနိုင်ဘဲ အသာလေး ငြိမ်ကုပ်ပြီ: ပြန်ခဲ.ရတယ်။ လူနည်:နည်: စဲတော.မှ ရှိတယ်. မိန်:ကလေးအုပ်စု ချီတက်သွားတော.မှပဲ စားရတော.တယ်။

Wal Mart သွားဖို့ Shuttleစောင်.တုန်းကလည်: မိန်:ကလေးမို့ ဦးစားပေးမယ် မထင်နဲ. လှည်.တောင် မကြည့်ဘူး။ သူတို.နဲ. ပြိုင်တို:ဖို. နေနေသာသာ အနားတောင် မကပ်နိုင်ဘူး ။ နောက်တစီးကို ၁၅ မိနစ်လောက် အအေးထဲမှာ စောင်.ပေတော.ပဲ။ အေးလွန်:လို့ နာရည်တွေ ကျလာတာ ပြန်ရောက်တော. Cevit သောက်ယူရတယ်။ အဲဒီကတည်:က စလို့ MUM MSCSက Gentleman များဟာ Dinning Hallထဲမှာသာ Gentleman ပါတယ်။ Lady first ကလည်: Dinning Hall မှာသာ lady first တာ တခြားနေရာမှာ lady မ firstပါဘူးလို့ တို.များကလည်: အတင်းတုတ်ပါတယ်။

ယောက်ျား၊ မိန်:မ ၂ယောက်လုံး အလုပ်လုပ်မှ စားရတယ်. ခေတ်ကြီ:ထဲမှာ မိန်:မက အလုပ်က ပြန်လာရင် ချက်ပြုတ်ပြီ: အလုပ်များနေသလောက် ယောကျာ်းဖြစ်သူကတော. အိမ်မှုကိစ္စ ငါနဲ. မဆိုင်ဆိုပြီ: နေတယ်.သူမျိုး ရှိသလို မိန်:မကို ကူညီလုပ်ကိုင်ပေးတယ်. သူမျိုးလည်: ရှိပါတယ်။အိမ်မှုကိစ္စ ကူညီလုပ်ကိုင်ပေးတယ်. ယောက်ျားကိုရတယ်. မိန်:မဟာ တကယ် ကံကောင်းတာပဲ။ အိမ်မှုကိစ္စ ငါနဲ. မဆိုင်ဆိုပြီ: နပ်နေတတ် တယ်. ယောကျာ်းလေးများကို မြင်ရ၊ကြားရတယ်. အခါ ပြောလိုက်ချင်ပါတယ် "Yes. Men and women are equal. But men are more equal." လို့ ။

ဂုဏ်ယူပါတယ်။

အခု ဂျပန် ဆူနာမီ သတင်းက တကမ္ဘာလုံးကို ဂရက်ရိုက်စေပါတယ်။မီဒီယာတွေရဲ. ကျေးဇူးကြောင့် ဂျပန် ငလျင်ရဲ. ပြင်းထန်မူ၊ဆူနာမီ လှိုင်းလုံးကြီ:တွေရဲ. အဖျက်စွမ်:အား ကြီ:မားပုံ၊ဂျပန် ပြည်သူတွေရဲ. ဒုတ်ခတွေကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ.ရတယ်။ ငလျင်၊ ဆူနာမီ အပြင် နျူကလီးယား ဓာတ်အားပေး စက်ရုံက ပြဿနာတွေကြောင့် ဂျပန်ပြည်သူတွေမှာ တပူပေါ် နှစ်ပူဆင.်။

ငလျင်လှုပ်တုန်း ကျင်းပနေတယ်. အစည်းအဝေးကို ချက်ချင်း ရပ်ဆိုင်းပြီ: ဂျပန်ဝန်ကြီးချုပ် နာအိုတို ခန် ကိုယ်တိုင် စီမံခန်.ခွဲတယ်။ 7 11 လို အစားအသောက် ဖြန်.ဖြူ:တယ်. companyတွေလည်: vending machine မှာရှိတယ်. အစားအစာတွေကို ပိုက်ဆံပေ:စရာ မလိုဘဲ ယူစားခွင့် ပေးတယ်။လိုက်နာရမယ်. နည်းလမ်:တွေကိုလည်: ဂျပန် ဘာသာတင် မကဘဲ ဘာသာပေါင်းစုံနဲ. တောက်လျှောက် ကြေညာတယ်။ ငလျင်ခိုပြီ:လို့ ပြန်သွားကြရင်လည်: အမှိုက်တစမှ မကျန်ခဲ.ဘူး။အစားအစာတွေ စုဆောင်းဖို.တောင် စနစ်တကျ တန်:စီကြတယ်။ လုရက်တာ၊ခိုးတာ မရှိဘူး။ဂျပန်ဝန်ကြီးချုပ်က ရေဒီယို သတ္တိကြွသတင်းကို ချက်ချင်း အကြောင်းမကြားလို့ ဓာတ်အားပေး ကုမ္ပဏီကို ဆူတယ် ဆိုပဲ။တကယ် အလုပ်လုပ်တယ်. အစိုးရနဲ. စည်:ကမ်:ရှိတယ်. ပြည်သူတွေကို မြင်တာ စိတ်ချမ်:သာစရာပါ။ (တို.များ အစိုးရနဲ. ကွာပါ့နော်)။ ဂျပန်ဟာ ငလျင်ဒဏ်ကြောင့် ပျက်စီးသွားပေမယ်. မကြာခင် အရင်လိုပဲ အင်အားကြီ:နိုင်ငံ ဖြစ်လာမှာပါ။

ဗီယက်နမ်သူကတော. သူတို.ဆီမှာ တပါတီပဲရှိလို့ နိုင်ငံရေးအရှုပ်အထွေး မရှိပါတယ်.။ဒါပေမယ်. အလုပ်ကို အသက်ထွက်မတတ် လုပ်ရပေမယ်. ရတယ်. ပိုက်ဆံက နည်:တော. အများစုက နိုင်ငံခြား ထွက်ရပါသတယ်.။

တရုတ်ကျောင်းသားတွေကတော. တရုတ်အစိုးရက တိုးတတ်တယ် ပြောနေမယ်. ပေါက်ဖော်တွေကတော. နိုင်ငံခြားကို နည်းမျိုးစုံနဲ. ထွက်ဖို. ကြိုးစားရပါတယ်တဲ.။ တရုတ်အစိုးရကို မကြိုက်တယ်. အကြောင်း ပြောပြတယ်။နို.မှုန်.အတု ဆိုတာ တကယ်လားလို့ မေးတော. နို.မှုန်.ဈေးက ကြီ:တော. ဆိုင်ရာဆိုင်ရာတွေကို ပိုက်ဆံပေးပြီးတော. ဖြန်.တာပါတယ်. ။ ကြက်ဥအတုကတော. ကောလဟာလပါ။ တရက်ပဲ ခံတော. အပြင်ကိုဖြန်.လို့ မရပါဘူးတယ်.။၂လ ၃လ ဆရာဝန် သင်တန်:တတ်ပြီ: ရမ်:ကုဆရာဝန် ပေါတာတော. အမှန်ပါတယ်.။ တယောက်ယောက်က မတရားလုပ်တာ တွေ့တာအောင် ဘာမှ မတွေ့ဘူး၊ ဘာမှ မမြင်ဘူးလို့ ဘူးခံရသတဲ.။ ဆွဲစိခံရမှာ စိုးလို့ (မြန်မာပြည် အတိုင်းပါလားနော်)။ Internetမှာ Liu Xiaobo (နိုဘယ် ငြိမ်:ချမ်:ရေးဆုရှင်၊ လူ့အခွင့်အရေး လှုပ်ရှားသူ၊ထောင်ဒဏ်ကျခံနေရသူ) လို့ ရှာလို့ မရအောင် ဘမ်:တယ်။ Facebookကိုလည်: ဘမ်:တယ်။ဟေ့ ငါတို. အစိုးရက နင်တို.လောက် မဆိုးဘူး Facebookကို မဘမ်:ဘူးဟ လို့ ပြောလိုက်တော. နင်တို. အစို:ရက Facebookကို မသိသေးလို့. ဖြစ်မယ်၊ ဒါမှမဟုတ် ကို မဘမ်:နိုင်သေးတာ ဖြစ်မယ်တယ်.။

နီပေါသူလေးကတော. သူတို.ဆီက အစိုးရဆန်.ကျင်ဆမ်ဒပြသူတွေ အစိုးရက နှိမ်နင်းပုံအကြောင်းလေးကို ဒီလိုပြောပြပါတယ်။ လူမျိုးပေါင်းစုံ၊ပါတီပေါင်းစုံ၊ဘာသာပေါင်းစုံ နေထိုင်ကြတယ်. နီပေါမှာလည်: ပြသာနာတွေကလည်: များသား။

သပိတ်မှောက်လို့ ဘတ်စ် ကားတွေမပြေးလို့ ရုံးကို လမ်:လျှောက်ရ၊ ဆန်ဒပြတယ်. နေရာကို ရေ၊မီး ဖြတ်၊ ဆန်ဒပြသူတွေကို မျက်ရည်ယိုဗုံးနဲ. လူအုပ်ခွဲတယ်. အကြောင်း ပြောပြတယ်။တို. မြန်မာပြည်မှာတော. မျက်ရည်ယို ဗုံးသာမက ဘုရားနဲ. တဂုဏ်:တည်:ထားတယ်. သံဃာကို သေနတ်နဲ.ပါ ဆော်တာ လို့ပြောတော. "Oh My God ! Ur government is worse than ours." တယ.်။ပြိုင်နေကြတာ ဘယ်အစိုးရက ပိုဆိုးတယ်. အကြောင်း။

Singapore Government အစိုးရကိုသာမက မြန်မာအစိုးရကို တလ ၈၀ ကနေ ၁၂၀ ဆောင်ရတယ်၊ သက်တမ်:တိုးရင် ၃၀၀၊ အခွန်မဆောင်ရင် သက်တမ်:မတိုးပေး၊ဘယ်သွားသွား ဗီဇာလိုတယ်. အကြောင်း ပြောပြတော."Myanmar people are rich." တယ်.။ မြန်မာပြည်သူတွေက မချမ်:သာပါ အစိုးရကသာ ချမ်:သာတာ။ Manchester Unitedကို ဂျိုကုပ်မှူးကြီ:မြေးက ဝယ်ဖို. ကြံစည်သေးတယ် နာဂစ်မုန်တိုင်း တိုက်လို့ ပြည်သူတွေ ဒုတ်ခရောက်နေတုန်း ဝယ်ရင် ကျော်မကောင်းကြားမကောင်း ဖြစ်မှာစိုးလို့ လက်လျှော.လိုက်တယ်. ဝီကီလစ် သတင်းကို ပြလိုက်တော. "တော်တော် ချမ်:သာတာပဲ၊ Singaporeက tycoonတောင် မဝယ်နိုင်ဘူးတယ်."။

Hong Kongကို အဝင် Immigrationမှာ ဆယ်မိနစ်လောက် တခွန်:မှ မမေးဘဲ Passportကိုဖင်ပြန်ခေါင်းပြန် စစ်နေတာ နောက်က တန်:စီတယ်. အန်တီကြီ:က ဘာလူမျိုးလဲတယ်.။ ရွှေမြန်မာဆိုတာလည်: သိရော တချိုးတည်: လစ်တော.တာပဲ။ ရွှေမြန်မာဆိုရင် ကြာလို့တယ်. တခြားလိုင်းမှာပဲ သွားစီတော.တယ်။

Macau Immigrationမှာလည်: တခြားလူမျိုးတွေ အားလုံး Arrival Visa ကို free။ သိတော် မူတယ်. အတိုင်း ရွှေမြန်မာကတော. ၁၀၀ ပေးမှ Arrival Visa ရတော် မူတယ်။ ဘယ်နေရာရောက်ရောက် ဂုဏ်ယူရပါလား ရွှေမြန်မာရယ်။

အလကားရတာ မသုံးနဲ. ဆက်သွယ်ရေးဝန်ကြီ:ဌာန ဝင်ငွေတို:အောင် ပိုက်ဆံပေး သုံးကြပါတဲ.။ အင်း ဒီလို ခေါင်းမရှိတယ်.၊ပြည်သူတွေ သက်သာအောင် မလုပ်ပေးဘဲ ပြည်သူတွေဆီက ငွေညှစ်ထုတ်နေတယ်. စစ်အစိုးရ အုပ်ချုပ်နေသရွေ့ မြန်မာပြည် ဘယ်တော.မှ တိုးတတ်မှာ မဟုတ်ပါ။ စစ်တိုက်ဖို.ပဲ သိတယ်.၊ညှိနှိုင်းတွေ့ဆုံဆွေးနွေးမှုဆိုတာ မသိတယ်.၊အမိန့်ကိုပဲ နာခံတတ်တယ.်စစ်သားတွေက တိုင်းပြည် အုပ်ချုပ်နေတော.လည်: ခက်သားလား။ တတ်သိနားလည်သူတွေ အုပ်ချုပ်မယ်ဆိုတော.လည်: လက်မခံ။မင်းဆိုးမင်းညစ် ဒုတ်ခမှ မြန်မာပြည် အမြန်ဆုံး ကင်းဝေးပါစေ။အာဏာရှင်စနစ် ကျဆုံးပါစေ။

လွမ်:တယ်.စိတ်

Singapore မှာနေတော. ရန်ကုန်ကို လွမ်:တယ်။ ရန်ကုန်မှာနေတော. Singaporeကို လွမ်:တယ်။
Singaporeရော၊ရန်ကုန်မှာရော မနေတယ်.အခါ Singaporeရော၊ရန်ကုန်ရော ၂ခုလုံးကို လွမ်:တယ်။

တယောက်တည်: စကားပြောဖော် မရှိဘဲ ပြတင်းပေါက်ကနေ အပြင်ကို ငေးကြည်.ရတိုင်း၊ စားမဝင်တိုင်း၊ ရာသီဥတု အေးလွန်:တိုင်း၊ရင်ဖွင့်ရမယ်. သူငယ်ချင်း မရှိတိုင်း၊ ဘယ်မှ သွားလည်စရာ မရှိ ဂူအောင်းနေရတိုင်း၊မိသားစုနဲ. မိုင်သောင်းချီဝေးတယ်. ဟိုးအဝေးကြီ:မှာလို့ ခံစားရတိုင်း၊မြန်မာစကားကို လွမ်:မိတိုင်း တယောက်တည်:ပါလား ခံစားချက်က ဝမ်:နည်:စေတယ်။

မျှော်လင့်ချက်တခုအတွက် ပေးဆပ်ရတယ်. တန်ဖိုးက ကြီ:မားတယ်။

အရိုးပြိုင်းပြိုင်းနဲ. အရွက်မရှိတယ်. သစ်ပင်တွေကို မြင်ရတိုင်း အမြဲစိမ်:စိုနေတယ်. သစ်ပင်တွေကို လွမ်:တယ်။
အေးစက်တယ်. နှင်းတွေ မြင်တိုင်း ပူနွေးတယ်. နေရောင်ခြည်ကို လွမ်:တယ်။
ပေါ့ရွှတ်တယ်. အစားအစာတွေ စားရတိုင်း အရသာရှိလှတယ်. ကိုယ်.တိုင်ပြည်အစားအစာကို လွမ်:တယ်။
ကိုယ်ပိုင်ကားတွေ စီးရတိုင်း mrt နဲ.bus ကို လွမ်:တယ်။
ကိုယ်.ဘေးနား လူအများကြီ:ရှိပေမယ်.လည်: တယောက်တည်:လို့ ခံစားရတယ်. အခါ မိသားစုကို လွမ်:တယ်။
အမြဲ ဗိုက်ဆာနေတယ်.အခါ အမြဲတမ်:ဗိုက်ပြည်.နေတာကို လွမ်:တယ်။
SMS,PhoneCall,Gathering,Shopping ကို လွမ်:တယ်။
မျက်လုံးပြာတွေ ကြားထဲမှာ စပ်စုတတ်တယ်. မျက်လုံးနက်နက်တွေကို လွမ်:တယ်။
မြန်မာစကားကို လွမ်:တယ်။
အဲ နောက်ထပ် ဘာများ လွမ်းစရာ ကျန်ပါသေးပါလိမ်....:P

Anawrahta meets Shin Arahan



Anawrahtta knelt in supplication before him and asked: “Venerable sir, men practise various froms of worship, some give ritual feasts to the nats, some make offerings to the dragon, some pray to the Buddisattas. Which form of worship is the best?”

Shin Arahan answered: “Do not go by hearsay, nor by what is handed down by others, nor by what is stated on the authority of your traditional teachings. Do not go by reasoning, nor by inferring, or by argument as to method nor from reflection on and approval of an opinion, nor out of respect, thinking a recluse must be deferred to. But lay brother, when you know for yourself; these teachings are not good; they are blameworthy; they were condemned by the wise; these teachings, when followed out and put to practice, conduce to loss and suffering, then reject them.”

As had happened before, Shin Arahan went on his way after saying what he had to say, and Anawrahta was left pondering over the words. There was nothing for him to do but ride back to the palace. On the way, he thought:”The reverend thera told me not to go by thinking a recluse must be deferred to ....does it mean that I am not to accept even what he said? The Buddhism I know teaches dependence on prayers and ritual offerings and I am not satisfied: but the Buddhism the thera teaches leaves everything to my judgement, it means whatever there is to be discovered, I shall have to find out for myself.”