နားဝင်ပီယံ သူ့ လက်သံ

၃နှစ်သမီး အရွယ်ကတည်းက စန္ဒရားသင်ခဲ့တဲ့ Yanzi တယောက် စနေနေ့ တဝက် အတန်းပြီးတယ်ဆိုရင်ပဲ Student Longue ပြေးကာ တနာရီလောက် စန္ဒရားလေ့ကျင့်လေ့ရှိပါတယ်။ သူ စန္ဒရားတီးလေ့ကျင့်တိုင်း စန်းထွန်းက ဘေးကနေ အားတွေ ကျလေ့ရှိပါတယ်။ တခုခုတီးတတ်တယ်ဆိုရင်ပဲ အားကျမိတာပါ။ ကိုယ်က ဝါးလက်ခုပ်တောင် ဖြောင့်အောင် မတီးတတ်တာကိုး။

ရန်ကုန်မှာတုန်းက သီချင်းစာသားမပါဘဲ တီးလုံးသက်သက် သီချင်းစီဒီတွေ ဝယ်နားထောင်ရင် ဘာကြီးတုန်းဟ ပျင်းစရာကြီးလို့  သြဘာပေးခံရဖူးပါတယ်။ Spa မှာ အဲဒီသီချင်းတွေ ဖွင့်ထားတာ ကိုယ့်အကြိုက်ပေါ့။

သူ့ နဲ့  မတဲ့တယ့် အကိုကို ပစ်ပေးပြီး တို့ မောင်ချောချောလေးကို အပိုင်စီးတဲ့ ယောက်မလေး မိစိမ့်က ကိုယ်ကြိုက်မှန်းသိလို့  သီချင်း၂ပုဒ်ပေးလာပါတယ်။ ကိုရီးယား စန္ဒရားပညာရှင် Yiruma ရဲ့ Kiss the rain နဲ့ River flows in you ပါ။  စာသင်ခန်းထဲမှာ ပရောဂျက်လုပ်နေရင်း ဖွင့်ထားတဲ့တီးလုံးသံကို ကြားတော့ စန်းစန်း အဲဒါ Yiruma ရဲ့ Kiss the rain မလားလို့  ကမ္ဘောဒီးယား Samneng Cheng က မေးလာပါတယ်။ Love me က Kiss the rain ထက် ပိုကောင်းတယ်လို့  Samneng က ညွှန်းလာပါတယ်။

သူ့ စန္ဒရားလက်သံလေးက ငြိမ့်ငြောင်းသာယာပြီး နှစ်ခြိုက်သူတွေအတွက်ကတော့ အပန်းပြေစေပြီး မနှစ်ခြိုက်သူတွေအတွက်ကတော့ ပျင်းစရာကြီး ဖြစ်မှာပါ။






ဘဝအမောလေးတွေ ပြေပါစေ။

စန်းထွန်း
ဒီဇင်ဘာ ၂၆၊ ၂၀၁၁။

18 comments:

jasmine(တောင်ကြီး) said...

စန်းထွန်းရေ
အပေါ်ဆုံးက Love Me နဲ့
အောက်ဆုံးက The Rain ကို အကြိုက်ဆုံးပါပဲ
ဂျက်ဆီမှာလဲ ရှိတယ်အတီးတွေပဲ
အဲတာတော့မဟုတ်ဘူး တယောသံလေ
နားထောင်ဖူးလား
တော်တော်လေး ဖီးလ် ဖြစ်တယ်နော်
နှစ်သစ်မှာပျော်ရွှင်ပါစေ

Nyi Linn Thit said...

Instrumental တွေကို ကျနော်လည်း ကြိုက်တယ်၊ Spa လို နေရာမျိုးမှာ ဆိုရင်တော့ အတိုင်းထက် အလွန်ပေါ့ဗျာ၊ Yiruma ရဲ့ သံစဉ်တွေကိုလည်း ကြိုက်တယ်...။

ညိမ်းနိုင် said...

ဟုတ်ပါ့ အိမ်မှာ အဲ့လိုခွေတွေဝယ်လာပြီးဖွင့်ရင် အဖေက
မင့်ဟာကလည်းတတောင်တောင်နဲ့ ပျင်းစရာကြီးကွာဆို
ပြီး သြဘာပေးပါရော...၊ကျွန်တော်လည်း စန္ဒယားတီးလုံး
သံတွေကိုကြိုက်တယ်ဗျ....ကျေးဇူးပါဗျာ....အကုန်ဒေါင်း
ယူသွားဘီ....။

Anonymous said...

အားလုံး..
ကြိုက်၏း)
စန္ဒယားသံတွေကိုတော့..
ကိုရီးယား.ကားတွေ.ကြည့်ရင်းနဲ့မှ
စွဲသွားတား)

...အလင်းစက်များ said...

ကျနော်တော့ ကြိုးစား နားထောင် ကြည့်တတ်ပါတယ်။ ဂီတကို ၀ါသနာပါပေမယ့် စောင့်ကျိုးကျိုး အသံပိုင်ရှင် ဖြစ်တာကြောင့် နည်းနည်း စိတ်နာနေလို့  ခပ်ဝေးဝေးနေတယ် ဆိုရင် ပိုမှန်ပါလိမ့်မယ်ဗျာ။ :D

ကိုအောင်(ပျူနိုင်ငံ) said...

တော်တော်ကောင်းတဲ့ လက်သံပဲ ...

Iora said...

တီးလုံးငြီမ့်ငြမ့်လေးကိုမီးပိတ်နားထောင် ဒါမှမဟုတ် မီးမှန်မှိန်လေးနဲ့ ညစာစား ရတာသိပ်သဘောကျပါတယ်။
တခါတုန်းက ကိုယ်လုပ်တဲ့ ပရိုဂျက်တခုအတွက်ဗီဒီယိုနောက်ခံတီးလုံးထဲ့ဘို့  စန္ဒယားလက်သံတွေဝယ်ပြီး နားထောင်ကြည့်ခဲ့တာလည်းသတိရမိပါတယ်။
မျှဝေပေးလို့ ကျေးဇူးပါ။

ကိုကိုမောင်(ပန်းရနံ့) said...

နားထောင်ရင်း ဘယ်သူ့ကို လွမ်းရမှန်း မသိပေမဲ့ လွမ်းသလိုလိုကြီး ဖြစ်သွားတယ်။ အင်း..ဒါဆို သူကြီးမင်းလဲ ဂီတနဲ့ မဝေးသေးပါလား။း)

မဒမ်ကိုး said...

စန္နရားတီးလုံးသံတွေကိုသိပ်မြတ်နိုးတယ် ..

ဆောင်းတွင်းတို့ မိုးအေးအေးတို့အင်မတန်ဇိမ်ကျတယ်း)

ချစ်တဲ့

မဒိုးကန်

မောင်မောင် said...

စန္ဒယား လက်သံလေးတွေ အရမ်းနားထောင်လို.ကောင်းပါတယ်။

mstint said...

'ဝါးလက်ခုပ်တောင်ဖြောင့်အောင်မတီးတတ်ဘူး' ဆိုတဲ့
စန်းစန်းရေ ရေးလည်းရေးတတ်ပါ့နော်း)
ဘဝအမောလေးတွေဖြေသွားတယ် ကျေးဇူးပါ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Angelhlaing(May everybody be happy and healthy! said...

ဂီတသံတွေ နားထောင်ရတာ လွမ်းမောသလိုလိုကြီးပါပဲလားနော်... ဒီအချိန် ဒီအခါ နှစ်ကူးခါနီး ..မို့ ထင်ပါရဲ့ စန်းထွန်းရေ...ကျေးဇူးပါလို့..
ခံစားအားပေးလျှက်...

ကိုရင် said...

ဘီဘီချရင်း နားထောင်သွားတယ် နာ့ညီမရေ.. :D
တစ်လုံး ပိုကုန်မှန်းမသိ ကုန်သွားတယ်..:D

ချော(အစိမ်းရောင်လွင်ပြင်) said...

အာရုံတွေ လတ်ဆတ်သွားတယ်
ခံစားမှုတစ်မျိုးကို ပေးစွမ်းနိုင်တယ်လို့ ထင်မိတယ်... စန္ဒရားကို သိပ်တီးတတ်ချင်ခဲ့တာ
ဒါပေမဲ့ မသင်ဖြစ်ခဲ့ဘူး. သူများတွေတီးတာ သိပ်အားကျတာဘဲ။
သီချင်းလေးတွေ စုစည်းထားလို့ ကျေးဇူးပါ စန်းထွန်းရေ..

san htun said...

ဂျက်ရေ
တယောတီးလုံးလေးတွေ ရှယ်ပါလား နားထောင်ရတာပေါ့
ကျူးလစ်ပန်းတွေကို ရိုက်ထားတဲ့ ကိုညီ့  ကျူလစ်ပို့ စ် ဗီဒီယို နောက်ခံတီးလုံးလေး သဘောကျတယ်ဗျ..ရှယ်ပါဦး
ကိုငြိမ်း ကြိုက်သလောက် ဒေါင်းဗျား..ပိုက်ဆံပေးစရာမလို :P
Anonymous ကြိုက်တယ်ဆိုလို့  ဝမ်းသား၏
စောင့်ကျိုးကျိုး အသံပိုင်ရှင်များ ဝေးဝေးနေ နားထောင်ပါ :p
ဟုတ်ပါ့ အိုင်အိုရာ အရမ်းကို romatic ဖြစ်ပါတယ်

san htun said...

ကိုအောင် လာလည်တာ သိုင်းကျူးဗျား..
အလဲ့ တဂျင်းမီးးးက ဂီတနဲ့  မဝေးသေးဘူးဆိုဘဲ ဘယ်တူပြောတုန်း..
မဒိုးကန် မိုးအေးအေး ဆောင်းတွင်းမှာ စောင်လေးခြုံ ဂီတသံလေး နားထောင် ကော်ဖီလေးသောက် စာအုပ်တအုပ်နဲ့  နှပ်လိုက်ရရင် ဇိမ်ပဲဗျာ..
မောင်မောင်၊ တီတင့်၊ အိန်ဂျယ်လှိုင် လာလည်ပြီး နားထောင်တာ သိုင်းကျူး...
ကိုရင် ဘီဘီ တလုံးပိုကုန်တာ တူများနဲ့  ဆိုင်ဘူးနော်..
မချော စန်းထွန်းလည်း စန္ဒရား တီးတတ်ချင်တာ..သူများတွေ တီးတိုင်း သိပ်အားကျတာ..

ဟန်ကြည် said...

စန္ဒယားလက်သံကို ကြိုက်သပေါ့ စန်းထွန်းရယ်...Beethoven, Chopin တို့ရဲ့ တီးလုံး အခွေတွေကို ဖုန်းထဲမှာထည့်ထားပြီး အနားယူတဲ့အခါတိုင်း နားထောင်ဖြစ်တယ်...Vanessa Mae ရဲ့ တယောသံလည်း အင်မတန် နားဝင်ပီယံရှိတာမို့ အခွင့်ကြုံရင် နားထောင်ကြည့်ဖို့ လက်တို့လိုက်ပါရစေ...

san htun said...

နားထောင်လိုက်ပါ့မယ် ဆြာဟန်..