ဒီဇင်ဘာပိတ်ရက်မှာ ဘာလုပ်မယ်...
ရို့စ်တဂ်ထားတာ ကြာပါပြီ။ ပရောဂျက်ရယ်၊ စာမေးပွဲရယ် ဘီးစီးနေတာနဲ့ ခုမှပဲ ရေးဖြစ်တော့တယ်။ ဒီနေ့ကနေ ဇန်နဝါရီ ၂ရက်နေ့အထိ Winter Break ၁၀ရက် ကျောင်းပိတ်ပါတယ်။ အားလပ်ရက်မှာ တချို့က ခရီးထွက်ကြ၊ တချို့ကလည်း မိသားစုတွေနဲ့အတူ ပျော်ရွှင်စွာ ဖြတ်သန်းကြမှာပါ။
သူ့ဘဲဘဲရှိတဲ့ ဘော့စတွန်ကို သွားလည်မဲ့ မိုင်းနဲ့ ဘော့စတွန်မှာ ရှိတဲ့ ဆူနမ်နဲ့ရာမား၊ Friend Gathering လုပ်ကြပါမယ်။ စန်းစန်း လာ join တဲ့။ ခရစ်စမတ်အခါသမယမို့ အစစအရာရာ ဈေးကြီး၊ နေရာတကာ ကြိတ်ကြိတ်တိုး စည်ကားနေပါတယ်။ အစကတော့ လေယာဉ်ခကို မိုင်းက သူပေးမယ်၊ ဆူနမ်ကလည်း သူအလုပ်ရရင် ထည့်ဝင်မယ်လို့ ဆိုသော်ငြား ကားဝယ်လိုက်လို့ ကဒ်ထဲမှာ ပိုက်ဆံတပြားမှ မရှိတော့တဲ့ မိုင်း၊ အလုပ်မရသေးတဲ့ ဆူနမ်၊ ဘိုင်ပြတ်နေတဲ့ စန်းထွန်းကြောင့် ဘော့စတွန်ခရီးစဉ် မဖြစ်မြောက်လိုက်ပါ။ ဒီလိုနဲ့ ဘော့စတွန်သွား တောမလားလိုက်ရပါ။
ဒီနေ့ Computer Science Department က ခရစ်စမတ်ပါတီ လုပ်ပါတယ်။ နိုင်ငံတခုဆီက ခရစ်စမတ်သီချင်းနဲ့ သီချင်းအဓိပ္ပာယ်ကို ရှင်းပြရပါတယ်။ အင်အားကြီး နီပေါ၊ တရုတ်၊ ဂျော်ဒန်၊ အီသီယိုးပီးယားကတော့ အုပ်တောင့်ပါတယ်။ တရုတ်တွေကတော့ သူတို့မှာ ခရစ်စမတ်သီချင်းမရှိပါဘူးတဲ့။ Friend ဆိုတဲ့ သီချင်းကို လူအင်းအားတောင့်တောင့်နဲ့ သီဆိုသွားပါတယ်။ သီချင်းအဓိပ္ပာယ်က သူငယ်ချင်းတွေ အတူတကွ ပျော်ရွှင်တာတွေ၊ စိတ်ညစ်တာတွေ ရင်ဆိုင်ပြီး ဖြတ်သန်းသွားကြမယ်တဲ့။
ဘာသာစကားတူတဲ့ ဂျော်ဒန်နဲ့ အီဂျစ်ကတော့ Jingle Bells ကို အာရေဗျဗားရှင်းနဲ့ ဆိုသွားပါတယ်။ တယောက်ခါးကို တယောက်ဖက်ကာ စီးချက်အလိုက် ခြေထောက်ကို နင်းကာ ဝိုင်းကြီးပတ်ပတ် ဒူဝေတာ တော်တော်ကြည့်လို့ ကောင်းပါတယ်။ ကိုယ်တောင် ဒူဝေချင်သွားတယ်။
အီသီယိုးပီးယားရိုးရာအကကို မြင်တွေ့လိုက်ရပါတယ်။
နီပါလီတွေကတော့ ခရစ်စမတ် သီချင်း၊ နှစ်သစ်သီချင်းတွေ တင်ဆက်သွားပါတယ်။
မွန်ဂိုလီးယားကလည်း ခရစ်စမတ်နဲ့ နှစ်သစ်မှာ ပျော်ရွှင်ပါစေ သီချင်းဆိုပါတယ်။
ဥစဘတ်ကစ္စတန်ကတော့ သူတို့မှာ ခရစ်စမတ်သီချင်း မရှိပါဘူးတဲ့။ နာမည်ကြီး အချစ်သီချင်းကို သီဆိုသွားပါတယ်။
ဘင်္ဂလားဒေ့ရှ်ကလည်း သူတို့မှာ ခရစ်စမတ်သီချင်း မရှိပါဘူးတဲ့။
ပါကစ္စတန်နဲ့ အိန္ဒိယကလည်း Sanskirt သီချင်းဆိုကာ ပူးပေါင်းတင်ဆက်ပါတယ်။ ပူးပေါင်းတင်ဆက်ပေမဲ့ ပါကစ္စတန်စကားကို အိန္ဒိယက မသိသလို အိန္ဒိကလည်း ပါကစ္စတန်စကား မသိပါဘူးတဲ့။
တဦးတည်းသော ရွှေမြန်မာ စန်းထွန်းကလည်း ခရစ်စမတ်သီချင်း သီဆိုပါတယ်။ ဘာသီချင်းလို့ ထင်ပါသလဲ...
ပျော်ရွှင်သော ခရစ်စမတ်အခါသမယ ဖြစ်ပါစေ။ ကျန်းမာပါစေ။ ပျော်ရွှင်ပါစေ။
ကောက်ခါငင်ခါ လက်တမ်းစပ်လိုက်တဲ့ ခရစ်စမတ်သီချင်း။ ဘယ်သူသိတာမှတ်လို့နော် :P
ပရိတ်သတ်များ
ပိတ်သတ်ကြီး
ခရစ်စမတ်အားလပ်ရပ်မှာ ဘယ်မှမသွားဘဲ အင်တာဗျူးအတွက် ပြင်ဆင်၊ ကိုရီးယားတွေ ကြည့်၊ ပျော်ရွှင်စွာ ဘလော့ဂင်းမယ်လို့ သတင်းကောင်းပါးပါတယ်။
သမီးနဲ့ အမေ အပြိုင်နွှဲကြစဥစဥ◌်
 ရို့စ်မေးထားတာက
♥ ခရစ်စမတ် ရောက်ခါနီးရင် စိတ်လှုပ်ရှား ပျော်ရွှင်မိပါသလား။
စိတ်မလှုပ်ရှားပေမဲ့ ပျော်ပါတယ်။ ခရစ်စမတ်သီချင်းလေးတွေ နေရာတိုင်းဖွင့်တာ၊ ခရစ်စမတ်အလှဆင်ထားတွေကို ကြိုက်တယ်လေ (ဓာတ်ပုံရိုက်ရင် အရမ်းလှလို့)။ အပြိုင်အဆိုင်ဈေးလျှော့ချိန်ဆိုတော့ လျှော့ပင်းလို့ အတော်ကောင်းသလား မမေးနဲ့။
♥  ကိုယ့်ရဲ့ အိမ်ကို ခရစ်စမတ် သစ်ပင်၊ decoration ornaments များနဲ့ အလှဆင်လေ့ ရှိပါသလား။
မလုပ်ဖြစ်ပါဘူး။ အဲ သီတင်းကျွှတ်၊ တန်ဆောင်တိုင်ဆိုရင်တော့ မီးပုံးတွေ၊ မီးလုံးလေးတွေနဲ့ အိမ်ကို အလှဆင်တယ်။ ဒါပေမဲ့ခရစ်စမတ်သစ်ပင်မှာ အလှဆင်ထားတွေကို ကြိုက်တယ်။
♥ နှင်းတွေ အေးခဲနေတဲ့ နေရာကို သွားရောက်လည်ပတ်ချင်ပါသလား။ တကယ်လို့ နှင်းတွေကြားမှာ လက်ရှိနေထိုင်နေရင် နှင်းမပါတဲ့ ခရစ်စမတ်နဲ့ နှင်းဖြူဖြူတွေ ကျရောက်နေတဲ့ ခရစ်စမတ် ဘယ်အရာကို ပိုနှစ်သက်မိလဲ (ရွေးချယ်ခွင့် ရှိမယ်ဆိုရင်ပေါ့)။
နှင်းဖြူဖြူလွလွလေးနဲ့ ခရစ်စမတ်ကို ပိုနှစ်သက်ပါတယ်။
♥ ခရစ်စမတ်ပိတ်ရက်ကို ဘယ်လို ဖြတ်သန်းချင်ပါသလဲ။ အဲ့ဒီအချိန်မှာ ခရီးထွက်တတ်ပါသလား။
ခရီးတွေ သွားချင်ပါတယ်။ မိသားစု၊ သူငယ်ချင်းတွေနဲ့အတူ အတူတူဝိုင်းဖွဲ့ထိုင်၊ စားသောက်ပြီး သူတို့ကို ခရစ်စမတ်လက်ဆောင် ပေးချင်ပါတယ်။ Volunteer လုပ်ပြီး အကူအညီလိုအပ်နေတဲ့သူတွေကို ကူညီချင်ပါတယ်။
♥ ချစ်တဲ့ခင်တဲ့သူတွေကို ဘယ်လို လက်ဆောင်လေးတွေ ပေးဖြစ်လဲ။
ဈေးလည်း သိပ်မကြီး၊ ကြာရှည်အသုံးတည့်မဲ့ လက်ဆောင်လေးတွေ ပေးချင်ပါတယ်။
♥ ခရစ်စမတ်မှာ အမှတ်တရလေးတွေ ရှိခဲ့ဖူးရင် ပြောပြပေးပါ။
မရှိ။
♥ နှစ်သစ် အကြိုညမှာ ဘယ်သူတွေနဲ့ အတူတူ ရှိနေချင်ပါသလဲ။
သူငယ်ချင်းတွေနဲ့ အတူ။
♥ New Year Eve မှာ countdown ပြုလုပ်လေ့ ရှိသလား။ အမှတ်တရများ ရှိခဲ့ရင် ပြောပြပေးပါ။
၂၀၀၉ နှစ်သစ်ကူးညမှာ တနေကုန် လျှော့ပင်း ညကျမှ ကောက်ခါငင်ကာ West Cost Beach ကို သွား Countdown။ ပြီးတော့ Tent လဲမရှိဘဲ ညီအမနှစ်ယောက်  အိပ်လိုက်ကြတာ တုပ်တုပ်မှမလှုပ်။ မနက်၅နာရီ မခိုင်နှိုးတော့မှပဲ နှိုးတော့တယ်။ ၂၀၁၀ MarinaBay Countdown က မီးရှုးမီးပန်းတွေ အတော်လှတယ်။
♥ နှစ်သစ်ကို ကုန်ဆုံးစေချင်တဲ့ နေရာသီးသန့်မျိုး ရှိပါသလား။ အလည်အပတ် အစီအစဉ် ရှိ၊ မရှိ ဖော်ပြပေးပါ။
သူငယ်ချင်းတွေနဲ့ အတူ ကမ်းခြေမှာ ဖြစ်ဖြစ်၊ တောပေါ်မှာဖြစ်ဖြစ် မီးပုံပွဲဆင်နွှဲရင်း နှစ်သစ်ကို ကြိ ုဆိုချင်ပါတယ်။
♥ နှစ်သစ်မှာ New Year Resolution အနေနဲ့ ဘာတွေ ဆုံးဖြတ်ချက်ချပြီး အကောင်အထည် ဖော်တတ်ပါသလဲ။
New Year Resolution တွေ ချလိုက်၊ ဖြစ်မလာလိုက်။ ပြန်ချလိုက်နဲ့။ ဒီလိုပဲ လုံးချာလည် လိုက်နေတာပါပဲ။
♥ နှစ်တစ်နှစ် ကုန်ဆုံးသွားတဲ့ အပေါ် လွမ်းမောတသတာမျိုး၊ အချိန် မကုန်စေချင်တာမျိုး ရှိတတ်ပါသလား။
မရှိ။
♥ နှစ်သစ်ရောက်ရင် ဆွေမျိုး၊ မိတ်ဆွေတွေကို ပို့စ်စကဒ်များ၊ e-card များနှင့် နှုတ်ခွန်းဆက်တာမျိုး ရှိပါသလား။
ခရစ်စမတ်မှာ ခရစ်ယာန်ဘာသာဝင် အတန်းပိုင်ဆရာမအိမ်သွား ဝါးတီးရင်တော့ ခရစ်စမတ်ကဒ် လက်ဆောင်ပေးလေ့ရှိတယ်။ ခရစ်စမတ်ကဒ်လေးတွေကို ချိတ်ဆွဲပြီး အလှဆင်ထားတတ်တာကိုး။ နှစ်သစ်မှာ သူငယ်ချင်းတွေကို ဖုန်းဆက်ပြီး နှစ်သစ်ဆုတောင်းပေးတတ်ပါတယ်။
ပျော်ရွှင်ဖွယ် ခရစ်စမတ်လေး ဖြစ်ပါစေ။
စန်းထွန်း
ဒီဇင်ဘာ ၂၃၊ ၂၀၁၁။
12 comments:
rose said...
ညိမ်းနိုင် said...
blackroze said...
...အလင်းစက်များ said...
San San Htun said...
တောက်ပကြယ်စင် said...
mstint said...
မေတ္တာဖြင့်
အန်တီတင့်
Anonymous said...
အိုင်အိုရာ
မဒမ်ကိုး said...
ချစ်တဲ့
မဒိုးကန်
မောင်မောင် said...
San San Htun said...
rose said...
ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါးလေး တက်ဂ်ပို့စ်ကို ရေးပေးလို့ ကျေးဇူးပါ စန်းထွန်းရေ...။ အေးချမ်းသော နှစ်သစ်ကို ရရှိပါစေ။
December 24, 2011 at 4:59 AM
ညိမ်းနိုင် said...
ဟဟဟ....စန်းထွန်းရေးလိုက်ရင် ပေါ့ပေါ့ပါးပါးနဲ့ပျော်စ
ရာလေးတွေပဲ...၊ခရစ်စမတ်သီချင်းကတော့ မူပိုင်လုပ်ထား
သင့်တယ်ထင်တယ်....၊တော်ကြာကော်ပီသမားတွေ
လက်ချက်မိသွားဦးမယ်နော်...:)))။စန်းထွန်းတစ်ယောက်
ပျော်ရွင်ကြည်နူးဖွယ် ခရစ်စမတ်နှင့် နှစ်ကူးကာလကို
ပိုင်ဆိုင်နိုင်ပါစေဗျား
December 24, 2011 at 11:12 AM
Angelhlaing(May everybody be happy and healthy! said...
ပျော်ရွင်ဖွယ် ခရစ်စမတ်လေးဖြစ်ပါစေ စန်းထွန်းရေ.. လက်ဆောင်မသွားတယ် ဆိုလို့ ချက်ချင်းလိုက်လာတာ...:P:P:P Happy New Year ပါ စန်းထွန်းရေ..လို့။
December 24, 2011 at 1:12 PM
blackroze said...
ပျော်စရာ christmas လေးဖြစ်ပါစေရှင်.
December 24, 2011 at 1:22 PM
...အလင်းစက်များ said...
ကျနော့ဆီ ပိုစ့် အသစ် တက်မလာဘူးဗျ။ တောလား မှာတင် ရပ်နေတယ်။
ပျော်ရွှင်ဖွယ် ပိတ်ရက် လေး ဖြစ်ပါစေဗျာ။
December 25, 2011 at 1:11 AM
San San Htun said...
သတိပေးတာ ကျေးဇူး ဓာတ်မီးတလက်ရေ..settings ပလော်ပလန် ဖြစ်နေတာ
December 25, 2011 at 2:18 AM
တောက်ပကြယ်စင် said...
ဘာတဲ့လည်း စန်းထွန်းရေ ဓာတ်မီးတစ်လက်တဲ့လား။ ပြီးတော့ ပလော်ပလန် ဟိ။ ရယ်ရတယ် ပြောတတ်တယ်နော်။ နှစ်သစ်မှာ ပျော်ရွှင်မှုအပေါင်းနှင့် ခညောင်းပါစေ...
December 25, 2011 at 8:42 AM
mstint said...
တဂ်ပို့လေးသဘောကျတယ် စန်းစန်းရေ း)
Merry Christmas & Happy New Year !!!
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
December 25, 2011 at 10:32 AM
Anonymous said...
ပျော်ရွှင်သောအားလပ်ရက်လေးဖြစ်ပါစေ..
ပို့စ်အသစ်တက်တာ ကိုယ့်စီမှာပြန်ပေါ်လာပြီ။
အိုင်အိုရာ
December 26, 2011 at 3:47 AM
မဒမ်ကိုး said...
စန်းထွန်းရေ ခုမှလာလည်နိုင်တယ်အေ
ခြေရှည်နေလို့ ဘလနဲ့ကင်းကွာနေလေရဲ့ း)
ကျောင်းတွေပိတ်ထားတော့ဇိမ်ကျနေတယ်ပေါ့လေ .
နှင်းမှုန်ဖွေးဖွေးခရစ္စမတ်မှာဘာတွေလုပ်နေလဲဖြေပါ း)
ချစ်တဲ့
မဒိုးကန်
December 27, 2011 at 12:30 AM
မောင်မောင် said...
ပျှော်ရွှင်သော ခရစ်စမတ်ပါ ခင်ဗျာ။
December 27, 2011 at 12:41 AM