ရပ်ကွက်ထဲမှာ‌တော့ဗျာ - ၃

ကျောင်းက ကြီးလေးကြီးမှာ ပါဝင်တာက တရုတ်ကျောင်းသားတွေပါ။ တရုတ်ကျောင်းသားတွေရဲ ့ ထူးခြားချက်က အင်္ကျီတထည်ကို တပတ်လုံးလုံး ဝတ်တာပါ။ NUS မှာတုန်းကလည်း တရုတ်ကျောင်းသားတွေက ဝတ်စုံတစုံကို ၃ရက်အတိ ဝတ်တတ်ပါတယ်။ အုပ်စုထဲက Zhao Yan ဆိုတဲ့ တရုတ်မလေးဆို အင်္ကျီအဖြူက အမည်းဖြစ်အောင် ဝတ်တာပါ။ နေ့စဉ် အင်္ကျီလဲတဲ့ တရုတ်ဆိုတာ ရှားမှရှား။ တရုတ်ပြည်မှာ အေးလို့ ချွှေးမထွက်ပေမဲ့ စလုံးလို ပူတဲ့ နေရာမှာ စဉ်းစားတာ ကြည့်တော့။ သူတို့ဆီက အနံ့တမျိုးရတယ်။


အိအိ၊ ဘ၊ ကောင်းကောင်းတို့ အုပ်စုထဲက ဝမ်းမင်ဆို တက္ကသိုလ်တက်နေစဉ် တလျှောက်လုံး အင်္ကျီ၂ထည်၊ ဘောင်းဘီ ၂ထည်ပဲ ရှိတာတဲ့။ အင်္ကျီတွေကတော့ ဈေးကြီးတဲ့ အားကစားဝတ်စုံတွေ။ သူ တက္ကသိုလ်တက်တုန်းက ဓာတ်ပုံတွေ ကြည့်ရင် ၂ထည်တည်းသော အင်္ကျီဝတ်တဲ့ မစ္စတာ ဒါဝတ် အဲလေ ဝမ်းမင်ကို တွေ့ရပါတယ်။


အခု အဆောင်မှာလည်း တရုတ်မတွေရှိတဲ့ နေရာနားက သန့်စင်ခန်းဆို ညစ်ပတ်ပါတယ်။ ရေဆွဲမချတာ၊ ညစ်ပတ်လို့ အဆောင်မှုးတွေက အမြဲ သတိပေးတာ ခံရတာပါ။ တရုတ်မတွေလည်း ကျောင်းက ထွက်သွားတော့ သန့်စင်ခန်းလည်း သန့်ရှင်းလို့။ တရုတ်မတွေရဲ့အခန်းက ရှုပ်ပွနေလေ့ ရှိပါတယ်။ ဆူနမ့်အခန်းက တို့အုပ်စုထဲမှာ အပွဆုံး။ ယန်းဇီအခန်းကို မြင်တော့မှ ဆူနမ့် အခန်းက တော်သေးတယ်။ ကျောင်းကို ရောက်တာ ၅လပဲ ရှိသေးတဲ့ ယန်းဇီက ကျောင်းမှာ ၈လ နေပြီးတဲ့ တို့တွေထက် ပစ္စည်းတွေ များပြီး ခြေချစရာ နေရာမရှိအောင် ပွနေတာပါ။ ကြွက်သိုက်လို့ တို့တွေက အတင်းဆိုလေ့ရှိပါတယ်။ မီးဖိုချောင်ဆိုရင်လည်း တရုတ်မတွေ ချက်ပြီးရင် ဘယ်တော့မှ  သန့်ရှင်းလေး လုပ်လေ့မရှိပါဘူး။

လူဦးရေ နည်းပါးတဲ့ ပြည်နယ်မှာတော့ ကလေးတယောက်ထက် ပိုယူခွင့် ရှိပေမဲ့ တမိသားစု  ကလေးတယောက်ပဲ ယူရတဲ့ စနစ်ကြောင့် တရုတ်တွေက တဦးတည်းသော သားသမီးတွေပါ။ နောက်ထပ် ကလေးတယောက် ယူမယ်ဆိုရင် အစိုးရကို ပိုက်ဆံအများကြီး ပေးရတာတဲ့။ တရုတ်မတွေ အများကြီး တယောက်လောက် ချိတ်လို့ ကျားချန်ကို တို့တွေက အကြံပေးပါတယ်။ ကျားချန်က ဘယ်လို ပြန်ပြောလဲဆိုတော့ ထမင်းစားဆောင်မှာ တရုတ်တွေ အတူစုထိုင်ကြရင်တောင် တရုတ်မတွေက သူတို့ကို စကားတောင် ဟဟ မပြောဘူးတဲ့။ တနိုင်ငံတည်းက မဟုတ်တဲ့အလား။ ဘိုတွေကိုမှ ချိတ်ချင်တာတဲ့။

သူပြောမှ တို့တွေ သတိထားကြည့်တော့ လားလား အမှန်ပဲဗျို့။ ဘိုတွေကို ချိတ်ထားတာက တရုတ်မတွေ။ ဂရင်းကဒ်ရအောင် ဒီနေ့ကစပြီး တရုတ်မတွေလို ဘိုတွေကိုပဲ ချိတ်တော့မယ်လို့ တို့တွေက နောက်လေ့ရှိပါတယ်။ တရုတ်နိုင်ငံသားကနေ တခြားနိုင်ငံသား ခံယူလိုက်ရင် တရုတ်ပြည်ကို ပြန်လို့ မရတော့ပါဘူးတဲ့။ ဖိလစ်ပိုင်တွေကတော့ တခြားနိုင်ငံသား ခံယူထားတာတောင် ပတ်စ်ပို့မရှိလည်း ဖိလစ်ပိုင်နိုင်ငံသားလို့ အစိုးရက ယူဆပြီး ကြိုက်တဲ့အချိန် ပြန်လို့ ရပါတယ်။ တခြားနိုင်ငံသား ခံယူလိုက်ရင်တောင် ကိုယ့်တိုင်းပြည်ကို မချစ်တဲ့သူလို့ မရှိပါဘူး။ ဘဝတက်လမ်းအတွက် နိုင်ငံခြားမှာ နေရင်း နိုင်ငံသား ခံယူလိုက်ကြပေမဲ့ အသက်ကြီးလာရင် ကိုယ့်မြေ ကိုယ်ရေမှာ နေချင်ကြသူချည်းပါပဲ။

ယန်းဇီက CS (Computer Science) က ဆိုရင် MBA က တရုတ်မတွေနဲ့ မိတ်ဆွေမဖွဲ့ပါဘူး။ CS အချင်းချင်းပဲ မိတ်ဖွဲ့လေ့ ရှိပါသတဲ့။ ရာမား ရယ်သံနဲ့ နှိပ်စက်လို့ အခန်းပြောင်းပြေးရတဲ့ အီရန်မ နစ်ကူးဆို စန်းထွန်းကို မိတ်မဖွဲ့ဘူး။ စန်းထွန်းက ရာမား၊ ဆူနမ်တို့အုပ်စုထဲကကိုး။

တက္ကသိုလ်အများစုက ဆရာဖြစ်အောင် ထရိန်းပေမဲ့ ‌ရှောင်ပိုင်တက်ခဲ့တဲ့ HuBei Normal University ကတော့ ဆရာမဖြစ် မထရိန်းပါဘူး။ Normal University တွေက အမေရိကန်သာသနာပြုတွေ တည်ထောင်ခဲ့တဲ့ တက္ကသိုလ်တွေ ဖြစ်လို့ပါတဲ့။ သင်ရိုးညွှန်းတမ်းတွေအားလုံးက တရုတ်စာတွေမို့လို့ တရုတ်တွေက အင်္ဂလိပ်စာ အားနည်းပါတယ်။ ကျောင်းကောင်းကောင်းတက်ခဲ့တဲ့ သူတွေသာ အီးကောင်းတာပါ။

ရွှေမြန်မာတွေကတော့ ချိန်းလိုက်ရင် မြန်မာစံတော်ချိန်အတိုင်း နာရီဝက်၊ တနာရီလောက် နောက်ကျတတ်ပေမဲ့ အချိန်တိကျတဲ့ တရုတ်တွေကတော့ ၁၅ မိနစ်လောက် စောရောက်နေလေ့ရှိပါတယ်။ ကိုစိုင်းက စန်းထွန်းတို့တွေကို တကယ်ရောက်မဲ့ အချိန်ပဲချိန်းလို့ ဆူလေ့ရှိပါတယ်။ ကွန်မြူနစ်ကြောင့် တရုတ်တွေက ဘာသာမဲ့တွေပါ။ ဘာကိုမှ မယုံဘဲ သိပ္ပံပညာ၊ ပိုက်ဆံကိုသာ ယုံတာတဲ့။ ဘုံကျောင်းသွားပြီး ဘာရရင် ဘာပြန်လှုမယ်ဆိုပြီး ပူဇော်ပသပါတယ်။

တိုးတက်နေတယ်ဆိုပေမဲ့ လူဦးရေကများ အလုပ်အကိုင်က ရှားပါးနေသေးတော့ အလုပ်တခုရဖို့ ခက်သလို ရရင်လည်း အလုပ်မပြောင်းတော့ဘူးတဲ့။  နာမည်ကြီးတက္ကသိုလ်ကျောင်းဆင်းတွေကတော့ အလုပ်ကောင်းကောင်းရလေ့ ရှိပါတယ်။ အထက်တန်းအောင်မပြောနဲ့ ဘွဲ့ရတွေတောင် အလုပ်ရဖို့ ခက်တာပါ။ နေထိုင်စရိတ်ကြီးမြှင့်တဲ့ တရုတ်ပြည်မှာ လစာက ၁၀၀၀ လောက်ရရင် ၈၀၀ လောက်က စားစရိတ်၊ လမ်းစရိတ်ကုန်တာတဲ့။ နေစရိတ်မပါသေးဘူး။ လစာက ထမင်းနပ်မှန်အောင် စားရုံပါပဲ။ တခြားအပိုသုံးဖို့ မရှိပါဘူးတဲ့။ ဒါကြောင့် နိုင်ငံခြားထွက်ဖို့ ကြိုးစားကြသူချည်းပါပဲ။ ကိုယ့်နိုင်ငံမှာ အဆင်ပြေရင် ဘယ်သူက နိုင်ငံခြားထွက်ချင်မလဲနော်။ နိုင်ငံခြားမှာ အလုပ်လုပ်ရတာ ပင်ပန်းပါဘိ။ ဖူ့ကျန်န့်ပြည်နယ်က တရုတ်တွေ သြဇီကို တရားမဝင်နည်းနဲ့ ခိုးဝင်ကြလွန်းလို့ သြဇီဗီဇာလျှောက်လို့ ဖူ့ကျန့်ပြည်နယ်ကဆိုရင် ဗီဇာပယ်ပါသတဲ့။

တန်ခိုးထွားလာတဲ့ တရုတ်က နောက်အနှစ်၃၀ဆိုရင် အမေရိကန်နေရာကို ယူမယ်လို့ လီကွမ်ယုက ပြောထားပေမဲ့ တရုတ်မှာလည်း ပြသနာတွေပေါင်းစုံ။ မြို့ကြီးတွေကတော့ တိုးတက်လာပေမဲ့ ကျေးလက်ကတော့ မွဲတေဆဲ။ မြို့ပြနဲ့ ကျေးလက် ကွာခြားချက် နည်းသွားမှ တကယ်တိုးတက်တာပါ။ ဟောင်ကောင်လေက မသန့်ဘူးလို့ ယန်းဇီကို ပြောတော့ ယန်းဇီက တရုတ်ပြည်မကြီးမှာဆို လေက ဟောင်ကောင်ထက် ဆိုးတယ်တဲ့။ ၁၉၉၇ မှ အင်္ဂလိပ်က ဟောင်ကောင်ကို တရုတ်ဆီလွဲပေးခဲ့တာဆိုတော့ အင်္ဂလိပ်ဥပဒေက ဟောင်ကောင်မှာ အခြေတည်နေပါပြီ။ စက်ရုံတွေကလည်း ဥပဒေအတိုင်း လေထဲကို ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ လွှတ်တာပါ။ တရုတ်ပြည်မကြီးမှာတော့ အစိုးရနဲ့ ပနာရရင် ထင်တိုင်းကျဲခွင့် ရှိတာကိုး။

တရုတ်ပြည်မှာ Facebook မရှိပါဘူး။ Tiananmen Square မှာ ၁၉၈၉က  နာမည်ကြီး ဘေဂျင်းတက္ကသိုလ်က တက္ကသိုလ်ကျောင်းသားတွေ ဦးဆောင်ကာ ဒီမိုကရေစီ တော်လှန်ရေးတရပ် ဆင်နွှဲခဲ့ပေမဲ့ အစိုးရက ရက်ရက်စက်စက် နိမ်နင်းခဲ့တာပါ။ တရုတ်ကျောင်းသားတွေကို အဲဒီအကြောင်းမေးလိုက်ရင် ကြားသာ ကြားဖူးပြီး မသိဘူးတဲ့ဗျား။ အင်တာနက်မှာ ရှာလို့မရအောင် ဘမ်းထားတာတဲ့။ ၂၀၁၀ နိုဘယ်ငြိမ်းချမ်းရေးဆုပိုင်ရှင် ထောင်ဒဏ် ၁၃နှစ် ကျခံနေရတဲ့ Liu Xiaobo  အကြောင်းကိုလည်း အင်တာနက်မှာ ရှာလို့မရအောင် ဘမ်းပါတယ်။ ခုလည်း The Lady ကို တရုတ်ပြည်မှာ ပြသခွင့် ပိတ်ထားပါတယ်။



စူးကျိုး၊ ကွမ်ကျိုး၊ ရှန်ဟိုင်း၊ Shenzen ဖက်ကို အလည်သွားတဲ့ ရုံးက မလေးတရုတ်မ ထိန်ထိန် ပြန်လာတော့ ဒီလို ဖောက်သည်ချပါတယ်။ ရှန်ဟိုင်း Expo မှာ ကလေးရှူးရှူးပေါက်ချင်တာကို လမ်းဘေးမှာ တည်နေတာတဲ့။ သန့်စင်ခန်း နီးနီးလေးကို။ အိမ်သာတွေကလည်း ညစ်ပတ်လို့တဲ့။ လွန်ခဲ့သော ၅နှစ်တုန်းက သန့်စင်ခန်းတွေမှာ တံခါးမရှိဘူးတဲ့။ အိမ်သာသွားရင် ထီးလေး ယူသွားရသတဲ့။ ခုတော့ အများကြီး တိုးတက်လာတာ။ အအေးထက် ဘီယာတို့၊ အရက်တို့က ဈေးပေါတော့ အရက်ကြိုက်ကြသတဲ့။ ဈေးမေးပြီး မဝယ်ရင် မျက်နှာထားတင်းလို့ နောင်များဆို တရုတ်ပြည်ခရီးဆို တာ့တာပါတဲ့။

နို့မှုန့်အတုကြာင့် ကလေးတွေ သေတဲ့အကြောင်းမေးတော့ လူမဆန်တဲ့ စီးပွားရေးသမားတွေကြောင့်တဲ့။ ပိုက်ဆံပေးလိုက်ရင် အားလုံးငြိမ်းသွားတာပဲတဲ့။ အိမ်မှာ သောက်နေတဲ့ Sun Flower ရေသန့်က မြန်မာ့အမှောင်ရဲ့ သောက်သုံးရန် မသင့်တဲ့ ရေသန့်စာရင်းထဲ ပါလာပါတယ်။ နောက်တပတ် ရေသန့်လာပို့ချိန် မေးလိုက်တော့ ပိုက်ဆံပေးလို့ အားလုံးအိုကေသွားပြီတဲ့။ ကြက်ဥအတုကတော့ တကယ်မဟုတ်ပါဘူးတဲ့။ တရုတ်တွေက နို့မှုန့်တို့၊ နို့တွေဆိုရင် နိုင်ငံခြားက တင်သွင်းတာပဲ အားပေးကြသတဲ့။ Made in China ဆို ဝှောင်ဝှောင်ရှေးကြသတဲ့။

တရုတ်ပြည်မှာ လူတိုင်းနီးပါး ဆရာဝန် ဖြစ်နိုင်ပါတယ်။ ၃လလောက် သင်တန်းတက်လိုက်ရုံနဲ့ ဆရာရမ်းကု ဖြစ်ပြီကိုး။ စီးပွားရေးတရှိန်ထိုး တိုးတက်လာတော့ ဈေးကွက်လိုအပ်ချက်အရ လေယာဉ်မောင် လိုအပ်ချက် များလာပါတယ်။ တလောက တရုတ်ပြည်တွင်းခရီးစဉ် လေယာဉ်တစီး ပျက်ကျသွားတာ ရာသီဥတုဆိုးလို့၊ လေယာဉ်စက်ချို့ယွင်းလို့ မဟုတ်ဘဲ အရည်အသွေးမပြည့်ဝတဲ့ လေယာဉ်မှုးကြောင့်ပါတဲ့။ စစ်ဆေးကြည့်တော့ စီဗွီက အတုဖြစ်နေမှန်း သိလာပါတယ်။

တယောက်ယောက် ပြသနာကြုံရင်လည်း ကူညီဖို့ ဝေးဝေးရှောင်ကြသတဲ့။ မျက်မြင်သက်သေဆို စစ်မေးလို့ မဆုံး၊ အခန့်မသင့်ရင် ဆွဲစိခံရနိုင်လို့တဲ့။ အခုတလော FaceBook မှာ ၂နှစ်အရွယ်ကလေးလေးကို ကားတစီးက တိုက်၊ လမ်းသွားလမ်းလာတဲ့သူတွေကလည်း အရေးမစိုက်တဲ့အပြင် နောက်ကားတစီးက တိုက်သွားပြန်တဲ့ ဗီဒီယို ပြန့်နေပါတယ်။ အားလုံး အုတ်အော်သောင်းနင်းဖြစ်ပြီး ရက်စက်လိုက်တာ၊ လူမဆန်လိုက်တာတို့ ဝေဖန်နေပါတယ်။



ယန်းဇီကို မေးတော့ လွန်ခဲ့တဲ့ ၃နှစ်လောက်က တရုတ်ပြည်မှာ အရမ်းနာမည်ကြီးတဲ့ ကိစ္စတခု ဖြစ်သွားခဲ့ပါတယ်။ ဘတ်စ်ကားပေါ်မှာ ချော်လဲနေတဲ့ အဘိုးကြီးကို အကူအညီပေးမိတဲ့ တက္ကသိုလ်ကျောင်းသားခမျာ အဘိုးကြီးက ပြန်တရားစွဲလို့ လျော်ကြေးတွေ အများကြီး ပေးလိုက်ရသတဲ့။ ဒီကတည်းက ဒုက္ခရောက်နေရင် ကူညီဖို့ တွန့်ပြီး ဘာမှမဆိုင်ဆိုပြီး နေဖို့ကြိုးစားကြသတဲ့။

ကောင်းမွန်တဲ့ တရားဥပဒေဆိုတာ  လူ့ကျင့်ဝတ်တွေကို  မဖြစ်မနေဆောင်ရွက်အောင် တွန်းအားပေးရမဲ့အစား မှားယွင်းတဲ့ တရားသူကြီး ဆုံးဖြတ်ချက်ကြောင့် လူတွေ ကူညီဖို့ တွန့်သွားတာ၊ နိုင်ငံခြားသားတွေ အမြင်မှာတော့ ရက်စက်လိုက်တာလို့ တွေးပေမဲ့ တရုတ်တွေက ကူညီမိရင် ဒုက္ခရောက်မှာလို့ တွေးတဲ့အခါ။ စနစ်ကြီးကို အဆိုးဆိုရမလား၊ ရိုင်းပင်းကူညီစိတ် ကင်းမဲ့တဲ့ သူတွေကို အပြစ်ဆိုရမလား။

ကျောင်းမှာ Distributed Computing( Web Application Architecture) သင်တဲ့ ဆရာ Najeeb က အီရတ်ကပါ။ တနေ့တော့ နားမလည်နိုင်ဘဲ ဇဝေဇဝါ ဖြစ်နေတဲ့ Yanzi က ဒီလို ပြောပါတယ်။
Najeeb။  ။ Why are you so tired?
Yanzi ။ ။ Because I am in period.
Najeeb။ ။ Ohhhh Ok Ok Go.

မိန်းကလေးဆို နှုတ်ဆက်ဖို့ မပြောနဲ့ စေ့စေ့တောင် မကြည့်၊ ကျောင်းတက်တဲ့ ကာလတလျှောက် အပေါင်းအသင်း မလုပ်၊ ယောကျ်ား မိန်းမ ခွဲခြားမူ ပြင်းထန်တဲ့အရှေ့အလယ်ပိုင်းက အာရပ်တွေပါ။ ကျောင်းပြီးခါနီးတော့ နှုတ်ဆက်ပါတယ်။ ဟယ်လိုတဲ့ မျက်နှာကို မကြည့်၊ မျက်စိလွှဲရင်း နှုတ်ဆက်တာ။ ဒီလို အာရပ်ကို ရာသီလာတဲ့အကြောင်း အမှန်အတိုင်း ပွင့်ပွင့်လင်းလင်း သွားပြောတော့ မပြောသင့်တဲ့အရာလို့ တွေးတဲ့ ( ဗီယက်နမ်၊ နီပေါ၊ မြန်မာ)  မိုင်း၊ ဆူနမ်၊ ရာမားနဲ့ စန်းထွန်း လေးယောက်သား မပြုံးဘဲ ဝါးလုံးကွဲ ရယ်လိုက်ကြတာ။ အာရပ် ယဉ်ကျေးမှုအရ မပြောအပ်ဘူးလို့ အတော် ရှင်းပြရလိုက်ရတယ်။ နောက်ဆို ဆရာ နာဂျစ်လည်း ယန်းဇီကို Why are you so tired လို့ မေးရဲတော့မှာ မဟုတ်ဘူး။ အတော်ပွင့်လင်းတဲ့ တရုတ်မ။


ဆရာမကြီ: ဒေါ်ခင်မျိုးချစ်ရဲ. မိတ်ဆွေ ဂျာမန်မဟာ ဘုရားတရား ကြည်ညိုလွန်:လို့ ဘယ်ခရီးသွားသွား ဘုရားဆင်းတုတော်ကို သယ်သွားတယ်။ တနေ့တော. ဂျာမန်မ ဘုရားဆင်းတု သိမ်:ဆည်:နေတာ မြင်ရတော. ဆရာမကြီ: ဒေါ်ခင်မျိုးချစ်ခမျာ မျက်လုံးပြူ:သွားပြီ: ရင်ဘတ်ကို လက်ကလေးနဲ. အသာဖိလိုက်ရတယ်။ အပေါ်အတွင်းခံလေးနဲ. ဘုရားဆင်းတုတော်ကို ထုပ်ပိုးနေတာလေ။ မေးကြည့်တော. ဘုရားဆင်းတုတော်ဆိုတာ မသန့်တာနဲ. မထုပ်ရဘူး ဆိုလို့ သူ့မှာ ရှိတယ်.အထဲက အသန့်ဆုံး၊ အနူးညံ့ဆုံးနဲ. ထုပ်နေတာတဲ.လေ။ ဟုတ်တော.လည်: ဟုတ်သား သူ့အတွင်းခံက ပိုးသားဆိုတော. နူးညံ.တယ်လေ။ ဆရာမကြီ:က အတွင်းခံနဲ. မထုပ်ရတယ်.အကြောင်း သေသေချာချာ ရှင်းပြတော.မှ ဂျာမန်မက ပြန်ပြောရှာတယ်။ "It is culture chock." တဲ.။

အစိုးရကို မကြိုက်ပေမဲ့ နိုင်ငံကို ချစ်ကြတဲ့ တရုတ်တွေပါ။

စန်းထွန်း
အောက်တိုဘာ ၂၈၊ ၂၀၁၁။

17 comments:

မဒမ္ကိုး said...

စန်းစန်းအကြောင်းလေးတွေဖတ်ရတာ
တော်တော်ပျော်စရာကောင်းတဲ့ ကျောင်းသားဘ၀ပါလားကွယ်..
တချိန်ကျရင် ဒါတွေက တကယ့်ကို သတိရစရာတွေပဲပေါ့ ။

ခင်တဲ့

မဒိုးကန်

Rita said...

အတော် စိတ်ဝင်စားစရာကောင်းတယ်။

TZH1985 said...

ဟားဟား... အရေးအသားလန်းတယ်... ဖတ်လိုက်တာ ပြီးသွားမှန်းမသိဘူး... :P

Iora said...

ကိုယ့်ရဲ့ တရုပ်သူငယ်ချင်းမလေးတွေကတော့ ပျံနေတာဘဲ။ သဘောလည်းကောင်းတယ်။ စာလည်းတော်တယ်။ စတိုင်လဲမိုက်တယ်။ တရုပ်သူငယ်ချင်းကောင်လေးတယောက်ကတော့ အမေရိကားကို မကြိုက်လို့ သူ့ ပြည်ကိုပြန်ပြီး သူ့ ပြည်က ပီအိတ်ဒီ နဲ့ ရာထူးကြီးကြီးတခုမှာ ပြန်လုပ်နေတယ်။ တရုပ်ဆိုင်တွေတချို့ က တော့ မျက်နှာကြောတင်းလို့ မ၀ယ်စားချင်ဘူး။

မေသိမ့်သိမ့် ကျော် said...

ဖတ်လိုက်ရတာ ပျော်စရာကြီးနော်။

ပြည်ကြီးတရုတ်တွေနဲ့နေဖူးလို့ အဲဒီက တရုတ်တွေ ညစ်ပတ်တာတော့ ကောင်းကောင်းသိပါ့... ဟီး။ လူတိုင်းကိုတော့ မဆိုလိုပါ။ သူတို့ ခမျာလည်း အရမ်းကို သနားဖို့လည်းကောင်း ၊ တစ်ခါတစ်ရံ ဦးနှောက်က အပြေးလွန်နေတော့ အမြင်ကတ်ဖို့လည်းကောင်းတယ်။ သူတို့ ခမျာ အစစအရာရာ တော်တော်လေးကို ကြိုးစားရရှာတယ်။ ဗီဇလားတော့ မသိဘူးနော်။

ခင်တဲ့
မေသိမ့်

နေ၀သန် said...

ပျော်ပျော်ကြီးကိုဖတ်သွားတယ်.. အဲဒီတရုတ်တွေတော့ မြင်ကိုမမြင်ချင်ပေါင်.. :P

ခင်မင်လျက်
နေ၀သန်

Anonymous said...

အားကီးဆိုးလဲ့တရုတ်တွေပါလားကွယ်း)
မှတ်စရာလေးတွေ.မှတ်သွားတယ်နော်စန်းထွန်း
ဒါနဲ့
the lady ကိုသူတို့ကဘာလို့ပြခွင့်မပေးလဲမသိ
သူတို့နဲ့လည်းမဆိုင်ဘဲနဲ့ :P
ပျော်ရွှင်ပါစေစန်းထွန်းရေ
ချစ်ခင်စွာဖြင့်
မိစံ

ချယ်ရီမြေ said...

ကိုစံထွန်းရေ.. သတင်းနဲ့ ဓာတ်ပုံလေးတွေ ကြည့်သွားပါတယ်..

ချမ်းမြေ့ပါစေကြောင်း
ချယ်ရီမြေ

စံပယ်ချို said...

စန်းထွန်းအကြောင်းလေးတွေစိတ်ဝင်စားဖို့
ကောင်းသလို စိတ်ကိုလဲ လန်းဆန်းစေတယ်နော်..
ဓါတ်ပုံလေးတွေကလဲ
ချောတာလှတာထက် ချစ်ဖို့ကောင်းတယ်
ဖြူစင်မှုတွေပါဝင်နေတယ်
ချစ်တဲ့ jasmine

ညိမ်းနိုင် said...

စန်းထွန်းသူငယ်ချင်းကမှ ၂ထည်ရှိသေး...ကျွန်တော့်သူ
ငယ်ချင်းတရုတ်ဆို တစ်စုံထဲရှိတာ...၊စလုံးကိုလာတော့
အဲ့ဝတ်စုံနဲ့...၊စလုံးမှာနေစဉ်တစ်လျှောက် ဘယ်သွားသွား
အဲ့ဝတ်စုံ...၊ဟော...ပြည်ကြီး အလည်ပြန်တော့လည်း ဒီ
ဝတ်စုံ...၊အဲ..ပြန်လာတော့ရော....အဲ့သာပဲဗျာ...လေဒယ်...
နှစ်တပတ်လည်မှာ ၂ခါလားလျှော်တာဗျ....ကဲ....။

ချော(အစိမ်းရောင်လွင်ပြင်) said...

စန်းထွန်းရေးတဲ့ တရုတ်တွေအကြောင်း ဖတ်ပြီး အသံထွက်အောင် ရယ်မိတော့တာပါဘဲ
ဒီထက်ဆိုးတာဘဲ ရှိတာ.. မလွန်ပါဘူး..
တရုတ်ပြည်မှာ မြို့ကြီးတွေမှာတော့ အိမ်သာ ကောင်းလာပြီဆိုပေမဲ့ ပြည်နယ်တွေ တောရွာတွေမှာတော့ တံခါးမရှိတုန်းပါ..
တစ်ယောက်ကို တစ်ယောက်မြင်နေရတဲ့ အိမ်သာတွေမှာ ငုတ်တုတ်ထိုင်နေကြတုန်းပါဘဲ..း)
အောက်မှာတော့ မြောင်းကလေးတစ်ခုဘဲ ရှိလေတော့ တစ်နေကုန်ရေမလောင်းရင် အဲဒီမြောင်းကလေးထဲမှာ ဟိုဟာတွေ ပုံနေတော့ ဝင်လိုက်တာနဲ့ အနံ့က တစ်ထောင်းထောင်း..
အား.. ရေးနေရင်း အံချင်လာလို့ လစ်ပြီး စန်းထွန်းရေ.. မညာဘူး တကယ်အံချင်လာပြီ။

Iora said...

တော်တောဆိုးတဲ့ချော..ကိုယ်လည်းအံချင်လာပြီ။
အိုင်အိုရာ

ဟန်ကြည် said...

ဖတ်ရတာ အရသာရှိပဗျား...ပေါက်ဖော်တို့အကြောင်း သောင်းပြောင်းထွေလာကို အခုမှပဲ စုံတကာစေ့အောင် သိရတော့တယ်...သူငယ်ချင်းတစ်ယောက် တရုတ်နယ်စပ်မှာ တာဝန်ကျတုန်းက အလည်လာဖို့ တရုတ်ပြည်ဘက်ကို သွားကြဖို့ မကြာမကြာ ဖိတ်သပေါ့...ဒီပို့စ်ဖတ်ပြီးမှပဲ မသွားဖြစ်တာ မှတ်တယ်လို့ ကောက်ချက်ချမိတော့တယ်...တော်ကြာ ပါတော်မူတဲ့ကိစ္စ ပြဿနာတော်တက်နေရင် ခက်ရချေရဲ့...ကိုယ်ကလည်း နဂိုကမှ အိမ်သာနဲ့ပတ်သက်ရင် sensitive က ဖြစ်ပါဘိသနဲ့...

Angelhlaing(May everybody be happy and healthy! said...

ပျော်စရာကြီးပဲ စန်းထွန်းရေ...စုံလို့ပါပဲ...ဖတ်ရင်းပြုံး..ပြုံးရင်း ဝါးလုံးကွဲရယ်....မိတယ်လို့....:)

မြသွေးနီ said...

ဗဟုသုတရတယ် စန်းထွန်းရေ...။
သူ့အရပ်နဲ့ သူ့ဇာတ် ဟုတ်နေတာပေါ့နော်...။
ဘာပဲဖြစ်ဖြစ် အတွေ့အကြုံရတာ အမြတ်ပေါ့..။ ကောင်းတာယူ၊ မကောင်းတာပယ်ယုံပေါ့နော်..။ ကွန်မြူနစ်တိုင်းပြည်ဆိုတော့ အတွင်းမှာ အဲ့ဒီလိုတွေ ဖြစ်နေတာလားမသိဘူးနော်..။

mstint said...

စန်းစန်းရဲ့ အတွေ့အကြုံလေးတွေဖတ်ပြီး တီတင့်စက်ရုံမှာ အလုပ်လုပ်စဉ်က အကြောင်းလေးတွေ ပြန်သတိရသွားတယ်။
တရုတ်ပညာရှင်တွေကို စည်းကမ်းကတော့ ကြပ်ကြပ်မတ်မတ်ကိုကိုင်ရတယ် စန်းစန်းရေ။
အစားအသောက်လည်းကြမ်းတယ် စက်ရုံကခွေးတစ်ကောင် ပျောက်သွားတာ သူတို့လက်ချက်မို့ ခေါ်ဆူရသေးတယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Unknown said...

ဘယ်လိုပြောရမှန်းတောင် မသိတော့ပါဘူး။ အကူအညီပေးချင်တဲ့စိတ်နည်းပါးကြတာကို အတော်လေး အံ့သြမိတယ်။ ကလေးကို ကားတိုက်တဲ့ ဖိုင် ကြည့်ပြီး တကယ် စိတ်မချမ်းသာဘူးးးး။