ရပ်ကွက်ထဲမှာ‌တော့ဗျာ - ၂

အောက်တိုဘာ ၈ ရက်နေ့က နီပေါနှစ်သစ်ကူးပွဲတော်ပြီးရင် ဒုတိယအကြီးဆုံးပွဲတော်ဖြစ်တဲ့ Dashain ပွဲတော် ကျောင်းမှာ ကျင်းပပါတယ်။ ပွဲတော်ရဲ့ သမိုင်းကြောင်းကို ဆူနမ့်ကို မေးတော့ ပြောပြရရင် ဇာတ်လမ်းက ရှည်တယ်။ တိုတိုတုတ်တုတ် နတ်ပူဇော်ပသတဲ့ပွဲလို့ မှတ်ထားလိုက်တဲ့။ ရှင်းပါပေတယ်။ ဆူနမ်၊ ရာမားတို့ရဲ ့ပွဲဆိုတော့လည်း မိုင်းနဲ့ စန်းထွန်းလည်း ဝိုင်းဝန်းရတာပေါ့။ ဘာကူလုပ်ပေးရမလဲဆိုတော့ အဲဒီနေ့မှာ အဓိကတာဝန်ကြီး ယူပေးရမယ်တဲ့။


လှလှလေး ဖြစ်ရမယ်ဆိုတဲ့ ရာမားရဲ ့ အမိန့်တော်ကြောင့် မောက်ကပ်ဘေ့စ်ကြီးဖွင့်ကာ ရေလည်ရှိုင်းကြပါတော့တယ်။ ပွဲတော်ချိန်မှာ စွန်လွှတ်ကြတဲ့ ဓလေ့အရ ရိုးရာမပျက် စွန်လွှတ်ကြပါတယ်။ အစကနေ စလွှတ်နေရင် စွန်က ဒီနေ့နဲ့တင် ကောင်းကင်ပေါ် ရောက်မှာမဟုတ်။ နောက်နေ့ကူးသွားမှာ သေချာတယ်။ ခက်ခက်ခဲခဲ ကြိုးစားပမ်းစား အပင်ပန်းခံကာ ဘာလို့ စွန်စလွှတ်တော့မှာလဲ။ အလွယ်ကူဆုံးနည်း သူများတွေ လွှတ်လို့ ကောင်းကင်မှာ ပျံဝဲနေတဲ့ စွန်တွေကို မောင်ပိုင်စီးလိုက်တယ်။



ပွဲတော်ချိန်မှာ ဒန်းလည်း စီးကြသတဲ့။ ရိုးရာမပျက် စီးချင်ရင်တော့ ဆူနမ် ကျောင်းဘေးနား မူလတန်းကျောင်းဝင်းထဲက ကလေးကစားကွင်းမှာ သွားစီးလို့ အကြံပေးကောင်းတဲ့ စန်းထွန်းကို ဆူနမ်က အသက်ကြီးပြီး ကလေးလုပ်နေတဲ့သူသာ သွားစီးတဲ့။ ဒါ လူကို သက်သက်မဲ့.....။

ဖွင့်ထားတဲ့ သီချင်းက တီးလုံးလေးတွေပဲပါတဲ့ စန်းထွန်းအကြိုက် Musical ။ ဆူနမ် ငါ ဒန့်မယ်ဆိုတော့ ဒီသီချင်းက နတ်ကို ပူဇော်တဲ့သီချင်း ဒန့်လို့မရဘူးတဲ့။ ပွဲတော်ချိန်မှာ ဖွင့်ကြတဲ့ သီချင်းတဲ့။ ဒန့်ချင်ပါတယ် ဆိုနေမှ။ တို့များ နတ်သီချင်းနဲ့တော့ ကွာပါ့။ နတ် ဝင်ပူးတဲ့လူကလည်းက၊ ဘေးကလူတွေလည်းဝင်ကနဲ့ တို့များနတ်ပွဲဆို မြိုင်ပါ့။ ဒိန်း တလိန်းလိန်း၊ ဒူဒူ တချပ်ချပ် နဲ့။

အစားအစာတွေ ရောက်လာတော့ ပြင်ဆင်ကြပါပြီ။ စမူဆာ၊ ဂူလာဂျာမွန်း၊ ထမင်း၊ ဟင်း။ မုန့်ဝေတဲ့ တာဝန်ယူမှာက တို့လေးယောက်။ ထည့်ပေးရလွယ်တဲ့ စမူဆာနဲ့ ဂျာမွန်းဝေတဲ့တာဝန်ကို မိုင်းနဲ့ စန်းထွန်းကို တာဝန်ချပါတယ်။ ပြင်ဆင်လို့တောင် မပြီးသေးဘူး Q တန်းကြီးက ရှည်နေပြီ။ ကျောင်းသားကျောင်းသူတွေသာမက မြို့က ရပ်မိရပ်ဖတွေပါ အင်တိုက်အားတိုက် လာအားပေးကြတာ။ ကျောင်းတက်တဲ့ ကာလတလျှောက် ဆံပင်ကို လက်နဲ့ ဖီး၊ မျက်နှာပေါ် လိုရှင်း တဖတ်ဖတ်ရိုက်၊ ပရောဂျက်တွေပိလို့ ဘိုသီဘတ်သီ၊ အိပ်မှုန်စုံမွှားနဲ့ ကျောင်းတက်ခဲ့တဲ့ စန်းထွန်းတို့တွေ ဒီနေ့မှာတော့ ပဲပဲအပြည့် စက်ဆီယောင်ဆောင်ထားတဲ့ စန်းထွန်းတို့တွေကို မြင်တော့ အားလုံးက တအံ့တသြ။



ဒီကြားထဲ အစားအသောက်က စားလို့ကောင်းတော့ ၂ခေါက်၊ ၃ခေါက် Q ကြတော့ မုန့်ဝေတဲ့ စန်းထွန်းတို့မှာ ခြေထောက်တွေ တောင့်လို့။ နောက်တခေါက် လာQတဲ့ အတန်းထဲက ကျောင်းသားတွေကို စန်းထွန်းတို့တွေက "ဗန်ကာတက်ချ် နင် Second round မလား၊ အိတိယာ နင် Third round မလား" နဲ့ ဧကန်မလွဲ မှန်ကန်စွာ တပ်အပ်ဆိုနိုင်လေတော့ တအုန်းအုန်း၊ တသောသောနဲ့ပေါ့။ နောက် စန်းထွန်းတို့တွေနဲ့ နီပေါကျောင်းသားတွေ ဂျူတီချိန်းတော့မှပဲ အနားရတော့တယ်။



ကိုယ်တိုင်တီးတော့မှပဲ သဘောပေါက်တော့တယ်။ ဘာလို့ ၂ခေါက်၊ ၃ခေါက် လာကြလဲဆိုတာ။ အစားအသောက်က ကောင်းတာကိုး။ အိန္ဒိယပွဲတုန်းက ဒီလောက် Q မရှည်ဘူး။ ဒီနေ့တော့ Q က ရှည်မှရှည်။ Cedar Rapids  နီပါလီစားသောက်ဆိုင်က မှာထားတာ။



ဝါးတီးပြီးတော့ Dashian ပွဲတော်အကြောင်းကို ရှင်းပြပါတယ်။ ပွဲတော်ချိန်မှာ ဆွေမျိုးထဲက သက်ကြီးဝါကြီးတွေက လက်ကလေးကမ်းပေးရင် လက်ကိုထိပြီး ကန်တော့ကြပါတယ်။ အကြီးတွေက အငယ်တွေကို ဆုတောင်းပေးရင်း နဖူးမှာ အနီရောင်လေး ကပ်ပေးပြီး ဘာလီပျိုးပင်လေးတွေကို နားရွက်ကြားထဲ ညှပ်ပေးပါတယ်။ အကြီးတွေက အငယ်တွေကို မုန့်ဖိုးပေးတယ်။ ကိုယ့်ထက်ကြီးသူတွေကို ဂါရဝထားတဲ့ ဓလေ့က ဘယ်လူမျိုးမှာပဲဖြစ်ဖြစ် ချစ်စရာကောင်းပါတယ်။ တို့များ သီတင်းကျွှတ်လိုပေါ့။




ပြီးတော့ ကလို့ရပါပြီဆိုပြီး သီချင်းဖွင့်တော့ ဘယ်သူမှ စပြီး ကမဲ့သူ မရှိ။ အတင်းဝိုင်းပြီး ဟိုလူ့ကိုဆွဲ၊ ဒီလူ့ကို ဆွဲထည့်မှပဲ လူစည်လာလေရဲ့။ အိန္ဒိယပွဲတော်တုန်းက တီးလုံးက မြူးပြီး ကလို့ကောင်းပေမဲ့ နီပါလီသီချင်းတွေကတော့ နှေးတယ်။ ဟစ်ဟော့ဘယ်လောက် ကြိုက်သလဲဆိုရင် သီချင်းတိုင်း ဟစ်ဟော့ပါသဗျား။ ရာဘင်က နီပေါအက သင်ပေးပါတယ်။ လွယ်ပါတယ်။ လက်ကလေးမြှောက်ကာ ၇၀ ဒီကရီပတ်လိုက် နောက်လက်တဖက်မြှောက်ကာ နောက်ထပ် ၇၀ ဒီကရီပတ်လိုက်။ ဒီဂျေတာဝန်ယူထားတဲ့ ဆူဘကို သီချင်းက so slow လို့ ကွန်ပလိမ်းလိုက်၊ မြန်ရင်လည်း too fast လို့ ကွန်ပလိမ်းလိုက်။ စန်းထွန်း၊ ရာမား၊ မိုင်း သုံးကောင်ပူးနေရင် ဆူဘခမျာ လိမ့်နေအောင် ခံရတော့ပါပဲ။

စန်းထွန်း၊ မိုင်း၊ ရာမား၊ ဒီဂျေ ဆူဘ။

နီပါလီပွဲတော် တင်ဆက်ပုံထက် အိန္ဒိယပွဲတော် တင်ဆက်ပုံက ပိုကောင်းပါတယ်။ အိန္ဒိယပွဲတော်တုန်းက ဆီမီးထွန်းညှိကာ  အိန္ဒိယရိုးရာအကကပြီး ပွဲတော်ကို ဖွင့်လှစ်ပါတယ်။ ပြီးရင် အစားအသောက်ကျွှေးတယ်။ ပြီးမှ အားလုံးကတာပါ။ အိန္ဒိယတီးလုံးကလည်း မြူးတော့ အတော့်ကို ကလို့ ကောင်းတယ်။ နီပါလီပွဲတော်မှာတော့ အစီအစဉ်တင်ဆက်ပုံထက် အစားအသာက်က ကောင်းတယ်။

ရိုးရာပွဲတော်ကျင်းပချင်ရင် ကျောင်းကို သွားပြောလိုက်ရုံပါပဲ။ ကျောင်းက အကုန်စီစဉ်ပေးတယ်။ ကိုယ်က လက်ကမ်းစာစောင်ကမ်း၊ Student Lobby မှာ အလှအပဆင်၊ မုန့်ဝေ၊ အမှိုက်သိမ်းရုံပါပဲ။ ကျောင်းက အကုန်ခံပေးတာပါ။ လူအင်အားတောင့်တဲ့ အီသီယိုးပီးယားက နှစ်သစ်ကူးပွဲတော်၊ အိန္ဒိယက Navatritri ပွဲတော်၊ နီပေါတွေက Dashain ပွဲတော်ကျင်းပတော့ တကောင်တည်း ခြေစွာတဲ့ စန်းထွန်းလည်း သီတင်းကျွှတ်ပွဲတော် လုပ်ချင်တယ်။ ကျောင်းကို သွားပြောမယ်ဆိုလို့ အားလုံးက ဝိုင်းဟန့်ကြလေရဲ့။ နောင်၂ပတ်မှာ ကျောင်းမှာ ဒီပါဝလီပွဲတော်ရှိပေမဲ့ ဆူနမ်၊ ရာမား၊ မိုင်းတို့က ကျောင်းကနေ ခွာကြတော့မှာမို့ စန်းထွန်းတကောင်တည်း အရင်လို ခြေစွာနိုင်တော့မှာ မဟုတ်တော့ပါဘူး။

နောင်၂ပတ်အကြာမှာ နီပေါပွဲတော်တခုရှိပြန်သတဲ့။ အဲဒီပွဲတော်မှာတော့ မုန့်လက်ကောက်နဲ့တူတဲ့ မုန့်စားကြတယ်။


မုန့်ဆန်း(ကောက်ညှင်းဆန်ကို အခြာက်ခံထားတဲ့ ဆန်ပြားပြားလေး)တွေကို သီတင်းကျွှတ်ချိန်မှာ အုန်းသီး၊ သကြား၊ အုန်းရည်နဲ့ မုန့်ဆန်း(ဇန်း) လုပ်ပြီး အိမ်နီးနားချင်းတွေကို မေက ဝေလေ့ရှိပါတယ်။ နီပါလီတွေကတော့ မုန့်ဆန်းခြောက်ကို ဒီအတိုင်း စားတယ်။ ကြက်သားဟင်းနဲ့လည်း တီးတတ်တယ်။




ခေါက်ဆွဲခြောက်ကိုလည်း ဒီအတိုင်း မုန့်စားသလို စားတတ်တယ်။ နီပေါမှာ အော်တိုကားမရှိပါဘူးတဲ့။ ကားရှိတဲ့သူဆိုတာ တကယ့်သူဌေးတဲ့ဗျား။ မြန်မာပြည်က သာသွားပြီ။

သီတင်းကျွှတ်လပြည့်နေ့အဆောင်ရှေ့ သစ်ပင်အောက် ခုံမှာထိုင်ပြီး ဝိုင်းစက်နေတဲ့ ဖိုးလမင်းကို ကြည့်ကာ ရွှေပြည်ကြီးက ပျော်ရွှင်စရာကောင်းတဲ့ သီတင်းကျွှတ်ပွဲတော်အကြောင်း ဆူနမ်၊ ရာမား၊ မိုင်းတို့ကို ပြောပြပြီး လွမ်းဖူးတယ်။ ရွှေမြန်မာတွေကတော့ " ရွှေလမှာ ယုန်ဝပ်လို့ ဆန်ဖွတ်တဲ့အဘိုးအို ဟောကြည့်ပါဆို" ဆိုပြီး သားချော့တေး ဆိုတတ်ကြပေမဲ့ ဗီယက်နမ်နဲ့ တရုတ်တွေက လမင်းဆီမှာ ချောမောလှပတဲ့ လနတ်သမီးလေး ရှိတယ်လို့ ဆိုပါတယ်။ ငယ်ငယ်တုန်းကတော့ ယုံခဲ့ပေမဲ့ ကြီးလာတဲ့အချိန် သိပ္ပံသင်ရတဲ့အခါမှာတော့ လမှာရှိတဲ့ တောင်တွေရဲ့ အရိပ်ကြောင့် ဆန်ဖွတ်တဲ့ အဘိုးအို ဖြစ်လာတယ်ဆိုတာ သိလာပါတယ်။လပြည့်တိုင်း သေသွားတဲ့ အဖိုး၊ အဖွား ဆွေမျိုးတွေကို ပူဇော်ပသတတ်တဲ့ နီပေါတွေကလည်း ကြယ်ကြွေတဲ့အချိန်မှာ ဆုတောင်းရင် ဆုတောင်းပြည့်တယ်လို့ ယုံပေမဲ့ ဗီယက်နမ်တွေကတော့ ကြယ်ကြွေရင် လူတယောက် သေသွားပြီလို့ မှတ်ယူပါသတဲ့။

နီပါလီတွေက Dashain ပွဲတော်ချိန်ဆိုရင် Happy Dashain to you လို့နှုတ်ဆက်ကြပါတယ်။ သီတင်းကျွှတ်ချိန်မှာ ဘလော့ကြွလာ မိတ်သဟာများကို  Happy ThaDinGyut to you လို့ နှုတ်ခွန်းဆက်လိုက်ပါတယ်။ စန်းထွန်းထက် ငယ်ပေမဲ့ ဘလော့သက် ကြီးသူများ၊ စန်းထွန်းထက် တမိနစ်၊ တနာရီ၊ တရက် ကြီးသူများကို ဘလော့ကနေ ကန်တော့လိုက်ပါတယ် ။

မုန့်ဖိုးများများ ပေးပါဗျို့...

စန်းထွန်း
အောက်တိုဘာ ၁၆၊ ၂၀၁၁။

13 comments:

ေမသိမ့္သိမ့္ ေက်ာ္ said...

ပြဲေတာ္က ေပ်ာ္စရာေကာင္းတယ္။ ဗဟုသုတလည္းရသြားတယ္။ ေက်းဇူးပါေနာ္။

(မုန္႔လက္ေကာက္စားခ်င္တယ္။ ဟီး)

ခင္တဲ့
ေမသိမ့္

ေမဓာ၀ီ said...

လာဖတ္သြားတယ္ စန္းထြန္းေရ ...
ဖတ္ရတာ ေပ်ာ္စရာပဲ ... မုန္႔ေတြကလဲ အမ်ားႀကီးေနာ္။ ဘယ္ႏိုင္ငံ ဘယ္ေဒသေရာက္ေရာက္ ကိုယ့္တိုင္းျပည္ရဲ႕ ႐ိုးရာပြဲေလးေတြနဲ႔ ေပ်ာ္ရႊင္ေနၾကတာ ၾကည္ႏူးဖို႔ေကာင္းတယ္။

ဘုန္း2ေတာက္ said...

မုန္႔ဖုိးဆုိလုိ႔ သူႀကီးမင္းရဲ႕ သီတင္းကြ်တ္ပုံျပင္ကို သြားသတိရမိေသးတယ္။

စန္းထြန္းေရ အဲဒီမွာ ေပ်ာ္စရာႀကီးေနမွာပါေနာ္။ ဘုန္းဘုန္းလည္း ဒီမွာ မတက္ေတာ့ဘူး။ အဲဒီမွာ သြားတက္ေတာ့မွာနဲ႔တူတယ္။ ဟိ။

ေရာက္တဲ့ေနရာေဒသေတြမွာ ကိုယ့္ယဥ္ေက်းမႈအလုိက္ က်င္းပခြင့္ေပးႀကတာ၊ က်င္းပေနႀကတာဟာ တကယ့္ကို ႀကည္ႏူးစရာေလးပါ။

ခ်ယ္ရီေျမ said...

ဦးဇင္းေနတဲ့ ခ်ႏုိင္းမွာလဲ အဲဒီပဲြေတာ္ေတြ က်င္းပတာ အေတာ္မ်ားမ်ားေတြ႔ရတယ္... ဗဟုသုတမ်ားစြာရရွိသြားတယ္ ကိုစံထြန္းေရ...

ခ်မ္းေျမ့ပါေစေၾကာင္း
ခ်ယ္ရီေျမ

ေခ်ာ(အစိမ္းေရာင္လြင္ျပင္) said...

လာလာ မုန္႔ဖိုးေပးမယ္
လာယူ
စန္းထြန္းကိုယ္တိုင္ လာယူမယ္ဆိုရင္ေတာ႔ ေပးဦးမွာ
ဒါေပမဲ႔ ေလယာဥ္စရိတ္ေတာ႔ ကိုယ္႕စာရိတ္နဲ႔ကိုယ္လာရမယ္ေနာ္ ဟိဟိ
ဘာလီပ်ိဳးပင္ေလးေတြက ခ်စ္ဖို႔ေကာင္းတယ္ေနာ္
စိမ္းစိမ္းၾကီးမဟုတ္ဘဲ စိိမ္းဖန္႔ဖန္႔ေလး

Angelhlaing(May everybody be happy and healthy! said...

စန္းထြန္းရဲ႕ ပို႕စ္ေလးေတြ ဖတ္ရတာ..စိတ္ခ်မ္းေၿမ႕စရာ ေကာင္းလိုက္တာ...ေပ်ာ္စရာၾကိးပဲ....မိုက္တယ္....:):)

ညိမ္းႏိုင္ said...

ဟုတ္ပါ့ဗ်ာ....စန္းထြန္းတို႔ ပဲပိၿပီး စက္ဆီလိုလို ပဲဆီလိုလို
လုပ္ေနၾကတာမ်ား.....:))) စမူစာေတြျမင္ေတာ့ စားခ်င္
သြားတယ္...၊ဘေလာ့ကေန ရိုးရာမပ်က္ ကန္ေတာ့တာ...
သာဓုပါဗ်ာ......ကဲ...ေရာ့...ေရာ့....မုန္႔ဖိုး...ငါးမူး....:)

San San Htun said...

ေအာင္ညေလးက်ာ...ကိုၿငိမ္းတို ့မ်ား ကပ္စီးနဲခ်က္က ကမ္းကုန္...ငါးမူးဆိုရင္ ဒီကလည္း မုန္ ့ဖိုး ၿပန္ေပးလိုက္မယ္..ေရာ့..ေရာ့..တက်ပ္.. းD

မဒမ္ကိုး said...

မုန္႕လက္ေကာက္ေတြသားေရက်သြားရင္း ဆုေပးခဲ႕ပါတယ္ .ကဲ ျမန္ျမန္ကၽြတ္ပါေစလကြယ္ း)

စံပယ္ခ်ိဳ said...

စားစရာေတြအမ်ားၾကီးပဲ
မုန္႔လက္ေကာက္လုိလဲပါတယ္ေနာ္
ပြဲေတာ္က ေပ်ာ္စရာေကာင္းတယ္
ခ်စ္တဲ႔ မိဂ်က္

Anonymous said...

flawless post with lovely San Htun!

သူႀကီးမင္း (တုုံးဖလား) said...

ေဒသတစ္ခု အယူအဆတစ္ခုေပါ့ေလ။ ၾကယ္ေၾကြတဲ့အခါမ်ိဳးမွာေပါ့။ သူႀကီးမင္းတုိ႔အရပ္အယူအဆကေတာ့ ၾကယ္ေတြရင္ လက္ႏွစ္ဖက္ ေရွ့ကုိ ထုတ္ၿပီး အ၀ုိင္းပုံစံ ျပဳလုပ္ကာ ဘယ္လက္ေခ်ာင္းနွင့္ ညာလက္ေခ်ာင္း အခ်င္းထိၿပီး.. ဖြ.. နင့္ကုိ ၾကည့္တာ မဟုတ္ဘူး၊ ေရႊအုိးေငြအုိးကုိ ၾကည့္တာ.. လုိ႔ ပါးစပ္က ေျပာၾကေလ့ရွိပါတယ္။ အဲဒီ လက္ႏွစ္ဘက္ ၀ုိင္းထားတဲ့ေအာက္၊ေျမႀကီးေအာက္မွာ ေရႊေခ်ာင္း ေရႊအုိးေတြ ရွိတတ္တယ္တဲ့။ ဒါေပမဲ့ လက္ႏွစ္ဘက္ကုိ အခ်င္းခ်င္း ၾကယ္ေတြတာ မေပ်ာက္သြားခင္ အျမန္လုပ္ရတယ္။ အခ်င္းခ်င္း မထိမိရင္ အဆင္မေျပဘူးတဲ့။ ေနာက္တစ္ခါ ၾကယ္ေၾကြတာ ေတ႔ြရင္ စမ္းၾကည့္ၾကေပါ့။
ေရႊအုိးႀကီးေတြ ရမွာ က်ိန္းေသတယ္။ း)

ခင္မင္လွ်က္

San San Htun said...

မေသိမ့်သိမ့် ကျော် said...
ပွဲတော်က ပျော်စရာကောင်းတယ်။ ဗဟုသုတလည်းရသွားတယ်။ ကျေးဇူးပါနော်။

(မုန့်လက်ကောက်စားချင်တယ်။ ဟီး)

ခင်တဲ့
မေသိမ့်
October 16, 2011 at 8:00 PM
မေဓာဝီ said...
လာဖတ်သွားတယ် စန်းထွန်းရေ ...
ဖတ်ရတာ ပျော်စရာပဲ ... မုန့်တွေကလဲ အများကြီးနော်။ ဘယ်နိုင်ငံ ဘယ်ဒေသရောက်ရောက် ကိုယ့်တိုင်းပြည်ရဲ့ ရိုးရာပွဲလေးတွေနဲ့ ပျော်ရွှင်နေကြတာ ကြည်နူးဖို့ကောင်းတယ်။
October 17, 2011 at 1:33 AM
ဘုန်း2တောက် said...
မုန့်ဖိုးဆိုလို့ သူကြီးမင်းရဲ့ သီတင်းကျွတ်ပုံပြင်ကို သွားသတိရမိသေးတယ်။

စန်းထွန်းရေ အဲဒီမှာ ပျော်စရာကြီးနေမှာပါနော်။ ဘုန်းဘုန်းလည်း ဒီမှာ မတက်တော့ဘူး။ အဲဒီမှာ သွားတက်တော့မှာနဲ့တူတယ်။ ဟိ။

ရောက်တဲ့နေရာဒေသတွေမှာ ကိုယ့်ယဉ်ကျေးမှုအလိုက် ကျင်းပခွင့်ပေးကြတာ၊ ကျင်းပနေကြတာဟာ တကယ့်ကို ကြည်နူးစရာလေးပါ။
October 17, 2011 at 2:06 AM
ချယ်ရီမြေ said...
ဦးဇင်းနေတဲ့ ချနိုင်းမှာလဲ အဲဒီပွဲတော်တွေ ကျင်းပတာ အတော်များများတွေ့ရတယ်... ဗဟုသုတများစွာရရှိသွားတယ် ကိုစံထွန်းရေ...

ချမ်းမြေ့ပါစေကြောင်း
ချယ်ရီမြေ
October 17, 2011 at 3:35 AM
ချော(အစိမ်းရောင်လွင်ပြင်) said...
လာလာ မုန့်ဖိုးပေးမယ်
လာယူ
စန်းထွန်းကိုယ်တိုင် လာယူမယ်ဆိုရင်တော့ ပေးဦးမှာ
ဒါပေမဲ့ လေယာဉ်စရိတ်တော့ ကိုယ့်စာရိတ်နဲ့ကိုယ်လာရမယ်နော် ဟိဟိ
ဘာလီပျိုးပင်လေးတွေက ချစ်ဖို့ကောင်းတယ်နော်
စိမ်းစိမ်းကြီးမဟုတ်ဘဲ စိမ်းဖန့်ဖန့်လေး
October 17, 2011 at 5:32 AM
Angelhlaing(May everybody be happy and healthy! said...
စန်းထွန်းရဲ့ ပို့စ်လေးတွေ ဖတ်ရတာ..စိတ်ချမ်းမြေ့စရာ ကောင်းလိုက်တာ...ပျော်စရာကြိးပဲ....မိုက်တယ်....:):)
October 17, 2011 at 7:16 AM
ညိမ်းနိုင် said...
ဟုတ်ပါ့ဗျာ....စန်းထွန်းတို့ ပဲပိပြီး စက်ဆီလိုလို ပဲဆီလိုလို
လုပ်နေကြတာများ.....:))) စမူစာတွေမြင်တော့ စားချင်
သွားတယ်...၊ဘလော့ကနေ ရိုးရာမပျက် ကန်တော့တာ...
သာဓုပါဗျာ......ကဲ...ရော့...ရော့....မုန့်ဖိုး...ငါးမူး....:)
October 17, 2011 at 7:50 AM
San San Htun said...
အောင်ညလေးကျာ...ကိုငြိမ်းတို့များ ကပ်စီးနဲချက်က ကမ်းကုန်...ငါးမူးဆိုရင် ဒီကလည်း မုန့်ဖိုး ပြန်ပေးလိုက်မယ်..ရော့..ရော့..တကျပ်.. းD
October 17, 2011 at 9:14 AM
မဒမ်ကိုး said...
မုန့်လက်ကောက်တွေသားရေကျသွားရင်း ဆုပေးခဲ့ပါတယ် .ကဲ မြန်မြန်ကျွတ်ပါစေလကွယ် း)
October 18, 2011 at 5:32 AM
စံပယ်ချို said...
စားစရာတွေအများကြီးပဲ
မုန့်လက်ကောက်လိုလဲပါတယ်နော်
ပွဲတော်က ပျော်စရာကောင်းတယ်
ချစ်တဲ့ မိဂျက်
October 18, 2011 at 8:13 AM
Anonymous said...
flawless post with lovely San Htun!
October 18, 2011 at 8:24 AM
သူကြီးမင်း (တုံးဖလား) said...
ဒေသတစ်ခု အယူအဆတစ်ခုပေါ့လေ။ ကြယ်ကြွေတဲ့အခါမျိုးမှာပေါ့။ သူကြီးမင်းတို့အရပ်အယူအဆကတော့ ကြယ်တွေရင် လက်နှစ်ဖက် ရှေ့ကို ထုတ်ပြီး အဝိုင်းပုံစံ ပြုလုပ်ကာ ဘယ်လက်ချောင်းနှင့် ညာလက်ချောင်း အချင်းထိပြီး.. ဖွ.. နင့်ကို ကြည့်တာ မဟုတ်ဘူး၊ ရွှေအိုးငွေအိုးကို ကြည့်တာ.. လို့ ပါးစပ်က ပြောကြလေ့ရှိပါတယ်။ အဲဒီ လက်နှစ်ဘက် ဝိုင်းထားတဲ့အောက်၊မြေကြီးအောက်မှာ ရွှေချောင်း ရွှေအိုးတွေ ရှိတတ်တယ်တဲ့။ ဒါပေမဲ့ လက်နှစ်ဘက်ကို အချင်းချင်း ကြယ်တွေတာ မပျောက်သွားခင် အမြန်လုပ်ရတယ်။ အချင်းချင်း မထိမိရင် အဆင်မပြေဘူးတဲ့။ နောက်တစ်ခါ ကြယ်ကြွေတာ တေ့ွရင် စမ်းကြည့်ကြပေါ့။
ရွှေအိုးကြီးတွေ ရမှာ ကျိန်းသေတယ်။ း)

ခင်မင်လျှက်
October 18, 2011 at 2:49 PM