ပန်းလက်ဆောင်...

ရူပါက ချူချာ၊ ကိုယ့်ကို ကြိုက်ချင်သလိုလို ရှိတဲ့သူကိုတောင် သူများနောက်ကို ပါသွားအောင် စွမ်းဆောင်နိုင်တဲ့ စန်းထွန်းတယောက် ပန်းစည်းလက်ဆောင် ပေးမဲ့သူက မရှိ။ ပန်းစည်းလှလှလေးတွေ မြင်တိုင်း မျက်လုံးက အရောင်တလက်လက် မျက်နှာက တပြုံးပြုံးနဲ့ မစားရ ဝမခန်း ငမ်းတတ်လေရဲ့။ NUSမှာ ဘွဲ့ယူတဲ့နေ့က မကြီးပေးတဲ့ ဂုဏ်ပြုပန်းစည်းကလွဲရင် ဘာပန်းစည်းမှ မရစဘူး။ ချစ်သူများနေ့မှာ မကြီးရတဲ့ ချောကလက်ကို ကပ်ယက်စားရတဲ့ ဘဝ။ ပန်းစည်းလေး တကိုင်ကိုင် ကောင်မလေးတွေ မြင်ရတိုင်း အားကျမိသကိုး။

ကိုယ့်ဘာသာဝယ်ပြီး ကိုင်သွားရင် ဘယ်သူသိတာ မှတ်လို့နော့။ စင်္ကာပူမှာလည်း ပန်းတွေက ဈေးကြီးမှကြီး။ ချစ်သူများနေ့ဆို ပန်းတွေက ဈေးခေါင်ခိုက်နေတာ။ ဘုရားပန်းတင်တဲ့ပန်းတောင် ခါတော်မီ ဈေးတက်လိုက်သေး။ သူများပေးတာသာ လိုချင်တာ ကိုယ်ဘာသာ ဝယ်ဆိုတော့ အင်တင်တင်ရယ်။ ပန်းစည်းအစား ပန်းအိုးဝယ်ပြီး စိုက်တာကမှ ပန်းလေးတွေ ဖူးပွင့်လာတာ ကြည့်ပြီး ပိုစိတ်ဝင်စားဖို့ကောင်းတာ။ အဲဒါဆို ပန်းစည်းအစား ပန်းအိုးဝယ်ပြီး လက်ဆောင်ပေးရင်လည်း ...ဒန်...တန်..တန်။

HyBee မှာ ဈေးဝယ်ကြရင်း ဆူနမ်၊ ရာမား၊ မိုင်းတို့တွေ ပိုက်ဆံရှင်းနေတုန်း စန်းထွန်းတယောက် ပန်းဆိုင်နားမှာ ထုံးစံအတိုင်း ငမ်းနေတုန်း

မိုင်း။ ။ စန်းစန်း ငါ့ကို ပန်းဝယ်ပေးမလို့ ကြည့်နေတာလား။

စန်းစန်း။ ။ အင်း။ ဒါပေမဲ့ ဒီကပန်းတော့ မဟုတ်ဘူး။ ဟင်းရွက်တန်းက ဂေါ်ဖီပန်း။

မိုင်း။ ။ ဟမ်...။

စန်းစန်း။ ။ ဟုတ်တယ်လေ။ ပန်းက ဘာလုပ်လို့ ရမှာလဲ။  ဂေါ်ဖီပန်းဆို ပြုတ်ပြီး သုတ်စားစား၊ ကြည်ဥ (ဘဲဥက ဈေးကြီးသောကြောင့် မတတ်နိုင်) နဲ့ ကြော်စားစား ကောင်းမှကောင်း။ ဘိုတွေဆို ပန်းဂေါ်ဖီအစိမ်းကို  mayonnaise နဲ့ တီးကြတာ။ ပန်းလက်ဆောင်လည်းရ ကြော်စားလို့လည်းရ။ တချက်ခုတ် နှစ်ချက်ပြတ်။ ဘယ်လောက်ကောင်းတဲ့ အိုင်ဒီယာလည်း..။

မိုင်း။ ။ တော်ပြီ။ နိုး ...Thanks...။


HyBee ရှေ ့ ပန်းတွေနဲ့အတူ အလှစိုက်ထားတဲ့ ငရုတ်ပန်းလေးတွေ တွေ့တော့

မိုင်း။ ။ စန်းစန်း နင့်ကို အဲဒီငရုတ်ပန်းကို အိုးထဲ ထည့်စိုက်ပြီး လက်ဆောင်ပေးမယ်။ စားခါနီးဆို ပန်းအိုးထဲက ငရုတ်သီးကို ခူးပြီး စားရုံပဲ။ ပန်းလက်ဆောင်လည်းရ စားလို့လည်းရ။ တချက်ခုတ် နှစ်ချက်ပြတ်။ ဘယ်လောက်ကောင်းတဲ့ အိုင်ဒီယာလည်း..။

စန်းစန်း။ ။ တော်ပြီ။ နိုး...Thanks...။

စန်းထွန်း တွယ်တာကို မိုင်းက ဒီလို  ပြန်နှက်ပါတယ်။ ပါးစပ်ကသာ ဂေါ်ဖီပန်းစည်းလို့ ပြောပေမဲ့ တကယ်တော့ အကောင်အထည် မဖေါ်ဖြစ်ခဲ့။ တကယ် အကောင်အထည်ဖေါ်သွားတာကတော့ တရုတ်ပြည် ကွမ်ကျိုးက ယန်းဇီ။  ရေဆင်းစိုက်ပျိုးတက္ကသိုလ်က  သူငယ်ချင်းဘွဲ့ယူတဲ့နေ့မှာ ဒီလို တမူထူးခြားတဲ့ ဂုဏ်ပြုပန်းစည်းလက်ဆောင် ပေးခဲ့ကြသတဲ့။ ရှုစားကြကုန်လော့...




ဂေါ်ဖီပန်းစည်းလက်ဆောင် သွားပေးလို့ ကျီစားကာ ပန်းစည်းနဲ့ ပေါက်ရင်တော့ တူများနဲ့ မဆိုင်ရေးချ မဆိုင်ပါ ခင်ည... း)  းD  းP ။

စန်းထွန်း
စက်တင်ဘာ ၃၀၊ ၂၀၁၁။

13 comments:

သူႀကီးမင္း (တုုံးဖလား) said...

ပန္းထက္ ပန္းေဂၚဖီကုိ ပုိႀကိဳက္တယ္။ တကယ္။ း)

ခင္မင္လွ်က္

Anonymous said...

"ပန္းတကာပန္းဘယ္ပန္းၾကိဳက္လဲကြယ္
ေရြးခ်ယ္ေပးခဲ့ခ်င္ပါတယ္"(တြံေတးသိန္းတန္ေျပာတာ)
စန္းထြန္းရယ္..
ပန္းမေပးလို႕စိတ္မေကာင္းျဖစ္ေနလား?
ေျပာေျပာထဲက ေစာေရာေပါ့ကြယ္။ ကဲေျပာ
သမီးစံေပးမယ္ ဘာပန္းၾကိဳက္လည္းေျပာ
ေခြးေတးပန္းလား၊လက္ခုပ္ပန္းလား း))
ဟီးးးးးးး
ခ်စ္လို႕စတာပါကြယ္ စိတ္ဆိုးနဲ႕ေနာ္
စိတ္ဆိုးရင္ တမီးရွံကို ျပန္စ းP
ခ်စ္ခင္စြာျဖင့္
သမီးစံ

ေခ်ာ(အစိမ္းေရာင္လြင္ျပင္) said...

ဟုတ္သား ရိုးရိုးပန္းက အလွဘဲၾကည္႕လို႕ရတယ္ ေဂၚဖီပန္းက စားလို႔ရတယ္ ဘယ္ေလာက္အသံုးဝင္သလဲေနာ္
ဟိဟိ ပန္းအစား အဲဒီလို စားလို႔ရတဲ႔ ပန္းေတြ လက္ေဆာင္မ်ားမ်ား ေပးသင္႔တယ္

Anonymous said...

ညီမေလး

ညီမေလးရဲ.ဘေလာ.ဂ္မွာ ညီမရဲ.မမကိုေတြ.ဘူးေနတာ ဟိုတေန.က ဂ်ဳေရာင္းပိြဳင္.မွာေတြ.လိုက္တယ္ တစ္ေယာက္တည္း ေရလည္လန္းတယ္ဗ်ာ၊

ညိမ္းႏိုင္ said...

ေဂၚဖီပန္းပဲေကာင္းပါတယ္စန္းထြန္းေရ....၊ၾကက္ဥေလး
နဲ႕ေၾကာ္စား..ရင္သိပ္ေကာင္းးးးးးးး:)

ဟန္ၾကည္ said...

ေက်ာင္းကထိန္မွာ သီခ်င္းတက္ဆိုတုန္းက သူငယ္ခ်င္းမတစ္ေယာက္က ဟန္ၾကည္ နင့္ကိုငါ အထူးဆန္းဆံုး ပန္းဆုခ်မယ္ဆိုလို႔ အဟုတ္ေအာက္ေမ့ေနတာ အဲဒီပန္းေဂၚဖီႀကီး တက္ဆုခ်ေတာ့ ကိုင္ထားရမလို လႊင့္ပစ္ရမလို ျဖစ္ခဲ့ဖူးတာ ျပန္သတိရသြားေပါ့...ေနာက္ဆံုးေတာ့လည္း အိမ္က ဟင္းအိုးထဲမွာ ပန္းလက္ေဆာင္က နိဂံုးခ်ဳပ္သြားပါေရာလား...

San San Htun said...

တဂ်ီးမင္းနဲ ့ ကိုညိမ္း
ေကာင္မေလးေတြကို ေဂၚဖီပန္းစည္း သြားေပးၿပီးတာနဲ ့ တခ်ိဳးတည္း လစ္ဖို ့ အသင့္ၿပင္ထား..တြတ္ပီလို မေရွာင္ရင္ လြတ္ရင္ေတာ့ တမ်ိဳးေပါ့ေလ...
သမီးစံ
ဘြဲ ့ယူရင္ ေဂၚဖီပန္းကို ေခြးေတးပန္း၊ လက္ခုပ္ပန္းေတြ ရံထားတဲ့ ဂုဏ္ၿပ ုပန္းစည္း ေပးမယ္ေနာ္...
မေခ်ာက အပီ ေထာက္ခံသဗ်ား...
ဟုတ္ကဲ့ခင္ဗ်ာ အေနာ္ ့မၾကီးက ေရလည္ လန္းပါတယ္..
ဟား..ဟား..ဦးဟန္ၾကည္ၾကီးက ေဂၚဖီပန္းလက္ေဆာင္ ရဖူးတယ္တဲ့..ဂုဏ္ယူလိုက္ပါ ခင္ဗ်ား...ဒီလို တမူထူးၿခားတဲ့ ပန္းလက္ေဆာင္ ရဖူးတာ...

mstint said...

ထူးထူးဆန္းဆန္း ေဂၚဖီပန္းစည္းကို ျမင္ဖူးသြားၿပီ စန္းထြန္းေရ။
ရန္ကုန္ကိုလာလည္မယ္္ဆိုရင္ တီတင့္ကို ႀကိဳေျပာေနာ္
ပန္းစည္းလက္ေဆာင္လာေပးခ်င္လို႔ း))
စိတ္ဓာတ္အစဥ္ၾကည္လင္ေအးျမပါေစကြယ္။

ေမတၱာျဖင့္
အန္တီတင့္

Unknown said...

ပန္းေတြ ၾကည့္ရတာ စိတ္ေအးခ်မ္းပါတယ္။ ပန္းရဲ့ သဘာ၀က ေအးျမျခင္း ၾကည္ႏူးျခင္းကုိ ေဖာ္ေဆာင္ေနသလုိပါဘဲ။

ခင္မင္စြာျဖင့္

မဒမ္ကိုး said...

လာပါ ပန္းနဲ႕ေပါက္တာလဲနာခ်င္တယ္ ဆိုတာမ်ိဴး ျဖစ္သြားမယ္ တိန္ကနဲဆိုပက္လက္ပါလန္က်မယ္ ဟိဟိ း)

ျမေသြးနီ said...

ျမေသြးနီကို ေဂၚဖီပန္းစည္း လာေပးလို႔ကေတာ့ ၀ဲလ္ကမ္းလုပ္ပစ္လိုက္မွာ..။ ေဂၚဖီပန္းကို ဘဲဥေလးနဲ႔ ေၾကာ္စားတာေလာက္ ႀကိဳက္တာမရွိဘူး..။

စံပယ္ခ်ိဳ said...

jas ကုိေပးရင္လဲေၾကာ္စားလုိက္မယ္
ခ်စ္တဲ႔ jasmine

San San Htun said...

သူကြီးမင်း (တုံးဖလား) said...
ပန်းထက် ပန်းဂေါ်ဖီကို ပိုကြိုက်တယ်။ တကယ်။ း)

ခင်မင်လျှက်
September 30, 2011 at 8:34 PM
Anonymous said...
"ပန်းတကာပန်းဘယ်ပန်းကြိုက်လဲကွယ်
ရွေးချယ်ပေးခဲ့ချင်ပါတယ်"(တွံတေးသိန်းတန်ပြောတာ)
စန်းထွန်းရယ်..
ပန်းမပေးလို့စိတ်မကောင်းဖြစ်နေလား?
ပြောပြောထဲက စောရောပေါ့ကွယ်။ ကဲပြော
သမီးစံပေးမယ် ဘာပန်းကြိုက်လည်းပြော
ခွေးတေးပန်းလား၊လက်ခုပ်ပန်းလား း))
ဟီးးးးးးး
ချစ်လို့စတာပါကွယ် စိတ်ဆိုးနဲ့နော်
စိတ်ဆိုးရင် တမီးရှံကို ပြန်စ းP
ချစ်ခင်စွာဖြင့်
သမီးစံ
October 1, 2011 at 12:17 AM
ချော(အစိမ်းရောင်လွင်ပြင်) said...
ဟုတ်သား ရိုးရိုးပန်းက အလှဘဲကြည့်လို့ရတယ် ဂေါ်ဖီပန်းက စားလို့ရတယ် ဘယ်လောက်အသုံးဝင်သလဲနော်
ဟိဟိ ပန်းအစား အဲဒီလို စားလို့ရတဲ့ ပန်းတွေ လက်ဆောင်များများ ပေးသင့်တယ်
October 1, 2011 at 12:40 AM
Anonymous said...
ညီမလေး

ညီမလေးရဲ.ဘလော.ဂ်မှာ ညီမရဲ.မမကိုတွေ.ဘူးနေတာ ဟိုတနေ.က ဂျုရောင်းပွိုင်.မှာတွေ.လိုက်တယ် တစ်ယောက်တည်း ရေလည်လန်းတယ်ဗျာ၊
October 1, 2011 at 1:12 AM
ညိမ်းနိုင် said...
ဂေါ်ဖီပန်းပဲကောင်းပါတယ်စန်းထွန်းရေ....၊ကြက်ဥလေး
နဲ့ကြော်စား..ရင်သိပ်ကောင်းးးးးးးး:)
October 1, 2011 at 7:52 AM
ဟန်ကြည် said...
ကျောင်းကထိန်မှာ သီချင်းတက်ဆိုတုန်းက သူငယ်ချင်းမတစ်ယောက်က ဟန်ကြည် နင့်ကိုငါ အထူးဆန်းဆုံး ပန်းဆုချမယ်ဆိုလို့ အဟုတ်အောက်မေ့နေတာ အဲဒီပန်းဂေါ်ဖီကြီး တက်ဆုချတော့ ကိုင်ထားရမလို လွှင့်ပစ်ရမလို ဖြစ်ခဲ့ဖူးတာ ပြန်သတိရသွားပေါ့...နောက်ဆုံးတော့လည်း အိမ်က ဟင်းအိုးထဲမှာ ပန်းလက်ဆောင်က နိဂုံးချုပ်သွားပါရောလား...
October 1, 2011 at 6:05 PM
San San Htun said...
တဂျီးမင်းနဲ့ ကိုညိမ်း
ကောင်မလေးတွေကို ဂေါ်ဖီပန်းစည်း သွားပေးပြီးတာနဲ့ တချိုးတည်း လစ်ဖို့ အသင့်ပြင်ထား..တွတ်ပီလို မရှောင်ရင် လွတ်ရင်တော့ တမျိုးပေါ့လေ...
သမီးစံ
ဘွဲ့ယူရင် ဂေါ်ဖီပန်းကို ခွေးတေးပန်း၊ လက်ခုပ်ပန်းတွေ ရံထားတဲ့ ဂုဏ်ပြ ုပန်းစည်း ပေးမယ်နော်...
မချောက အပီ ထောက်ခံသဗျား...
ဟုတ်ကဲ့ခင်ဗျာ အနော့်မကြီးက ရေလည် လန်းပါတယ်..
ဟား..ဟား..ဦးဟန်ကြည်ကြီးက ဂေါ်ဖီပန်းလက်ဆောင် ရဖူးတယ်တဲ့..ဂုဏ်ယူလိုက်ပါ ခင်ဗျား...ဒီလို တမူထူးခြားတဲ့ ပန်းလက်ဆောင် ရဖူးတာ...
October 1, 2011 at 11:39 PM
mstint said...
ထူးထူးဆန်းဆန်း ဂေါ်ဖီပန်းစည်းကို မြင်ဖူးသွားပြီ စန်းထွန်းရေ။
ရန်ကုန်ကိုလာလည်မယ်ဆိုရင် တီတင့်ကို ကြိုပြောနော်
ပန်းစည်းလက်ဆောင်လာပေးချင်လို့ း))
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်
October 2, 2011 at 10:10 AM
Unknown said...
ပန်းတွေ ကြည့်ရတာ စိတ်အေးချမ်းပါတယ်။ ပန်းရဲ့ သဘာဝက အေးမြခြင်း ကြည်နူးခြင်းကို ဖော်ဆောင်နေသလိုပါဘဲ။

ခင်မင်စွာဖြင့်
October 2, 2011 at 3:05 PM
မဒမ်ကိုး said...
လာပါ ပန်းနဲ့ပေါက်တာလဲနာချင်တယ် ဆိုတာမျိူး ဖြစ်သွားမယ် တိန်ကနဲဆိုပက်လက်ပါလန်ကျမယ် ဟိဟိ း)
October 3, 2011 at 1:16 AM
မြသွေးနီ said...
မြသွေးနီကို ဂေါ်ဖီပန်းစည်း လာပေးလို့ကတော့ ဝဲလ်ကမ်းလုပ်ပစ်လိုက်မှာ..။ ဂေါ်ဖီပန်းကို ဘဲဥလေးနဲ့ ကြော်စားတာလောက် ကြိုက်တာမရှိဘူး..။
October 3, 2011 at 2:08 AM
စံပယ်ချို said...
jas ကိုပေးရင်လဲကြော်စားလိုက်မယ်
ချစ်တဲ့ jasmine
October 4, 2011 at 3:21 PM