အလွဲများ (၂)...


ဒေသတခုနဲ့  တခု ခေါ်ပုံလေးတွေ၊ လေယူလေသိမ်းလေးတွေ ကွဲလွဲပါတယ်။ စန်းထွန်းတို့  ဒေသအခေါ် ခက်တဲ့ ရန်ကုန်မှာတော့ ပြည်ကြီးငါး။ မြေပုံသီးကို ရန်ကုန်မှာတော့ ခရမ်းချဉ်သီး။ မန္တလေးဖက်မှာ ခါကြက်ဥ ရန်ကုန်မှာတော့ မုန်လာဥနီ။ ဘိတ်၊ရခိုင်တွေက ပုတီး ဗမာတွေက ဆွဲကြိုး။

သံတွဲကို အလုပ်ကိစ္စနဲ့  ရောက်သွားတဲ့ အောင်ကြီး သူကြုံခဲ့ရတာတွေကို ဖောက်သည်ချတော့ စန်းထွန်းကလည်း ပြန်ပြီး ဖောက်သည်ချလိုက်ပါတယ်။ သူငယ်ချင်းတွေနဲ့  လက်ဖက်ရည်ဆိုင် ထိုင်ရင်း စားပွဲထိုးလေး ဒေသစကားနဲ့  အားရပါးရ အော်လိုက်ပုံကြောင့် အောင်ကြီးခမျာ မျက်လုံးပြူးသွားရှာပါတယ်။ စားပွဲထိုးလေး အော်လိုက်ပုံက
“လက်ဖက်ရည် တိတ်...  နို့ ..နိုက်…” ဟူ၍။

(မှတ်ချက်။ ရခိုင်ဘာသာစကားအရ တစ်ကို... တိတ်၊ နှစ်ကို... နိုက် ဟု အသံထွက်သည်။)

စန်းထွန်း
စက်တင်ဘာ ၉၊ ၂၀၁၁။

8 comments:

ကိုကိုမောင်(ပန်းရနံ့) said...

ဒါနဲ့..
ပြည်ကြီးငါးကို စန်းထွန်းတို့ဘက် ဘယ်လို ခေါ်ပါလိမ့်။

ခင်မင်လျှက်

san htun said...

"ခက်တဲ့" တဲ့...လပွတ္တာမှာလည်း ခက်တဲ့ လို့  ခေါ်တယ်... :D

jasmine(တောင်ကြီး) said...

ဘေးကထိုင်တဲ့လူကတစ်ကယ်လာမနှိုက်တာပဲ
ကျေးဇူးတင်ရမလိုပဲ
စန်းထွန်းတကို့ကတော့လုပ်လိုက်ပြန်ပြီ

ချော(အစိမ်းရောင်လွင်ပြင်) said...

ကြံကြံဖန်ဖန် နှိုက်စရာရှားလို့
အဲလေ စကားပီအောင်ပြောပါတော့ ကိုရခိုင်ရယ်း)

နေ၀သန် said...

;))... မသောက်နဲ့တော့ကွီ.. တော်ကြာ.. :P

ခင်မင်လျက်
နေ၀သန်

ညိမ်းနိုင် said...

ဟဟဟ...ဖြစ်ရမယ်...၊အကိုကြားဖူးတဲ့ မိုက်လို့မီးထွန်း
တာ ဆိုတာထက်အကြောင်းဆိုးနေပါရောလား....။

Iora said...

ဘယ်သူခွေးခွေး..တို့ မခွေးလို ပေါ့လေ..ဟဲဟဲ
အိုင်အိုရာ

Angelhlaing(May everybody be happy and healthy! said...

အဟီးးးးး..... အဲလိုပဲ ရီလိုက်တော့မယ် စန်းထွန်းရေ :):) ကွန့်မန့်ပေးတဲ့ သူတွေကလည်း တော်ပ :P:P