တကယ် တတ်မတတ် _ ၂
ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှာတော့ သင်တဲ့စာအုပ်တွေက တကယ်ကောင်းပါတယ်။ အထူကြီးတွေ(ခေါင်းအုံးအုံးအိပ်ဖို့ အတော်ပဲ း) )။ lab ခန်းထဲ တခါပဲလား ဝင်ဖူးတယ်။ ကွန်ပျူတာတွေကလည်း စုတ်နေတာ များပါတယ်။ ပရိုဂရမ်တွေကို စာရွက်မှာပဲ ရေးကြတာ။ ကျက်စာတွေဆို အလွတ် ကျက်ကြတာ။ ခလုတ်တိုက်ရင် မေ့ရော။ ကျောင်းသာ ပြီးသွားတယ် ခေါင်းထဲ ဘာမှ မကျန်ခဲ့၊ ကွန်ပျူတာတောင် ကောင်းကောင်း မရိုက်တက်၊ ပရိုဂရမ်ဆိုတာကို ဘယ်လိုရေးရမှန်းမသိ။ ဘုရားစူး ကွန်ပျူတာ။ thesis ဆိုလည်း shadow နဲ့ ရေးတာများပါတယ်။ တကယ်လုပ်၊ တကယ်တတ်တဲ့လူလည်း ရှိမှာပါ။ အများစုကတော့ သူလိုကိုယ်လိုပါပဲ။ UCSY မှာ ၅နှစ်လောက် တက်ခဲ့လို့ပဲ NUS မှာ တက်ခွင့်ရတာပါ။ မဟုတ်ရင် undergraduate poly တက်နေရမှာ။
မြန်မာပြည်မှာကလည်း အလုပ်အကိုင်ရှားပါးတော့ သင်ယူထားတဲ့ ဘာသာနဲ့ လုပ်ကိုင်ဖို့ အတော်ခက်ပါတယ်။ chemistry၊ physis၊ maths တို့နဲ့ ဘွဲ့ရထားသူတွေ ဘာလုပ်ရမလဲ။ ဒီလိုနဲ့ ကျောင်းပြီးတော့ မိဘလုပ်ငန်းကိုပဲ ဦးစီးချင် ဦးစီး၊ ကုမ္ပဏီ အလုပ်ဝင်ချင်ဝင်၊ အစိုးရဝန်ထမ်း လုပ်ချင်လုပ်။ ကိုယ်တတ်ထားတာတဲ့ ပညာနဲ့ပတ်သက်တဲ့ အလုပ်ရတာ အတော်ကံကောင်းလို့မှတ်။ ဒါဆို မတတ်မဲ့ အတူတူ ဘာလို့ ကျောင်းတက်မှာလဲလို့ မေးစရာ ရှိတယ်။ ဘွဲ့လား လိုတာပေါ့။ ဧည့်ခန်းမှာ ဓာတ်ပုံချိတ်ဖို့။ ဘွဲ့လေးမှ မရရင် ဂုဏ်ငယ်တာပေါ့။ လူတိုင်းဘွဲ့ရနေတဲ့ ခေတ်ကြီးမှာ။ အဝေးသင်တက်တဲ့သူတွေကတော့ ဘယ်လိုနေတယ်မသိ။ ကိုယ်တွေ day သမား နေ့တိုင်း ကျောင်းတက်နေတာတောင်။
နိုင်ငံခြားက ပညာရေးကတော့ အပြန်အလှန် ဆွေးနွေး။ homework တွေ အများကြီး။ individual project၊ group project၊ presentation။ နားလည်အောင် စာတွေဖတ်။ အတန်းပြီးရင် လေ့ကျင့်ဖို့ ကွန်ပျူတာ တယောက်တလုံး။ စာကြည့်တိုက်မှာလည်း စာအုပ်တွေက အများကြီး။ အလွတ်ကျက်လို့ မရပါဘူး။ တကယ်နားလည် သဘောပေါက်မှ ဖြေလို့ရတာပါ။ တကယ်တတ်မတတ်ဆိုတာ ကောင်းမွန်တဲ့ ပညာရေး၊ သင်ကြားနည်း စနစ်၊ လိုအပ်တဲ့ ပစ္စည်းတွေ ထောက်ပံ့ပေးနိုင်နှုန်း၊ ကျောင်းသားတွေရဲ့ သင်ယူလေ့လာနိုင်စွမ်းတွေပေါ် မူတည်ပါတယ်။
ကျောင်းတကျောင်းရဲ့ အရည်အသွေးကို နိုင်ငံခြားကျောင်းသားတွေ လာတက်နှုန်း၊ ကျောင်းပြီးရင် အလုပ်ရနှုန်း၊ သုတေသနလုပ်ငန်းတွေမှာ ပါဝင်နှုန်း၊ ကျောင်းဆင်းရဲ့ လက်တွေ့ဘဝတွေမှာ အောင်မြင်မှုနှုန်း၊ သင်ယူထားတဲ့ ပညာနဲ့အသက်မွေးနှိုင်နှုန်းတွေနဲ့ တိုင်းတာပါတယ်။ ကျောင်းကောင်းမကောင်း၊ တကယ်တတ်မတတ် ဆိုတာ ပြောစရာမလိုဘဲ အချိန်တန်ရင် သိလာမှာပါ။
နိုင်ငံခြားမှာ ကျောင်းပြီးသွားကြသူတွေ မြန်မာပြည်ကို ပြန်ပြီး လုပ်ငန်းခွင် ဝင်ချင်ကြပေမဲ့ အလုပ်အကိုင်၊ လစာရှားပါးတော့ နိုင်ငံခြားမှာပဲ အခြေချကြတာ များပါတယ်။ ကလေးရှိသူတွေဆို ကလေးတွေ ပညာရေးအတွက် နိုင်ငံသားခံယူလိုက်ကြတာ များပါတယ်။ နိုင်ငံသားနဲ့ နိုင်ငံခြားသားက အခွင့်အရေးက အတော်ကွာတာကိုး။
မြန်မာပြည်မှာနေတုန်းကတော့ နွားခြေရာခွက်ထဲက ဖားလို အိုင်ထဲကရေကို ပင်လယ်ထင်နေတာပါ။ သူများတိုင်းပြည်တွေ တိုးတက်နေတာတွေ့ပေမဲ့ ကိုယ်နဲ့ လားလားမှ မဆိုင်။ နိုင်ငံခြားတိုင်းပြည်လည်းရောက်ရော သူများတိုင်းပြည်တွေ တိုးတက်နေတာတွေ မြင်ရတော့ ကိုယ်ချစ်တဲ့ တိုင်းပြည်ကြီးကိုလည်း အဲလို တိုးတက်စေချင်ပါတယ်။ ခုမှ ပင်လယ်ကြီးကို တကယ်မြင်ဖူးတာ း) ။
အာဆီယံညီလာခံမှာ မြန်မာပြည်က ပညာရေးဝန်ကြီးက မြန်မာပြည်မှာ တက္ကသိုလ်ပေါင်း ၁၀၀ကျော်ရှိတယ်လို့ ကြွားပါတယ်။ တကယ်လည်း ရှိပါတယ်။ သူမို့ မရှက်။ တို့ကတော့ သူ့အစား ရှက်လိုက်တာ။ ကမ္ဘာ့အဆင့် ၂၀ကျော်၊ ၄၀ကျာ် ကမ္ဘာ့ထိပ်တန်း တက္ကသိုလ် ၁၀၀ထဲမှာ ပါတဲ့ တက္ကသိုလ်တွေ ရှိတဲ့ စင်္ကာပူက မကြွားရဘဲ ဒင်းက ကြွားနေလို့လေ။ ပြောလိုက်ချင်တယ် အရည်အတွက်ထက် အရည်အသွေးက အဓိကပါလို့။
သူများနိုင်ငံတွေက ပညာရေးအတွက် ဘတ်ဂျက်တွေ အများကြီး သုံးနေချိန်မှာ တဦးအတွက် ၁၀ ဒေါ်လာလောက်ပဲ သုံးနေတော့လဲ တိုးတက်ဦးမယ်။ ပညာရေးစနစ်ကို ကိုယ်မပြောင်းနိုင်တော့လည်း ပြောင်းနိုင်တာက ကိုယ့်ကိုကိုယ်ပဲ ရှိတယ်။ အဆင်ပြေရင် နိုင်ငံခြားကျောင်းသွားတက်၊ အင်္ဂလိပ်စာကို ကောင်းအောင်လုပ်ပြီး စကော်လားရှစ်လျှောက်။ အချိန်အခါ မသင့်သေးရင်တော့ အင်္ဂလိပ်စာကို ကောင်းအောင်လုပ်ပြီး ကြိ ုးစားနေမယ်ဆိုရင်တော့ တနေ့နေ့တော့ အခွင့်အရေးဆိုတာ ပေါ်လာမှပါ။
ရုပ်ရည်ချောမောလှပမှုတွေက အသက်ကြီးလာရင် ပျောက်ကွယ်သွားနိုင်သလို၊ ရည်းစားဆိုတာလည်း အဆင်မပြေတဲ့ တချိန်ချိန်မှာ ကိုယ့်ကို ထားသွားနိုင်ပါတယ်။ မပျောက်ကွယ်ဘဲ ကိုယ့်ဆီမှာ အမြဲရှိနေပြီး တန်ဖိုးရှိနေမှာက ပညာပါပဲ။
စန်းထွန်း
သြဂုတ် ၆၊ ၂၀၁၁။
5 comments:
Anonymous said...
သိပ်မှန်ပါတယ်။
အိုင်အိုရာ
Iora said...
အိုင်အိုရာ
သိ င်္ဂါ ရ said...
ထင်တာပါပဲ ခင်ဗျာ ... ။
နည်းပါသေးတယ်လေ ...
San San Htun said...
Anonymous said...
သိပ်မှန်ပါတယ်။
ကိုယ်ကလည်း ကိုယ်တို့ရဲ့ရွေးချုယ်ခွင့်မရှိတဲ့ ပညာရေးစနစ်ကြီးကို အမြစ်ကလှန်ပစ်ချင်နေတာ။ စာကိုနှုတ်တိုက်ကျက်ပြီးအောင်အောင်လုပ်ရတာတွေ။ ဟိုးတုန်းးကတကယ်တော်ခဲ့တဲ့ဆရာဆရာမတွေ ကျောင်းသားတွေလည်းရှိခဲ့ပါတယ်။ ဒီဘက်ခေတ်ကျမှ.....
အိုင်အိုရာ
August 6, 2011 at 11:16 PM
Iora said...
ဒီဘက်ခေတ်ကျမှ..တော်ချင်ရက်နဲ့မတော်နိုင်ဖြစ်ရတာကိုဆိုလိုချင်တာပါ။ မတော်တော့ဘူးလို့ဆိုလိုတာမဟုတ်ပါဘူး။
အိုင်အိုရာ
August 7, 2011 at 3:59 AM
ချော(အစိမ်းရောင်လွင်ပြင်) said...
အောက်ဆုံးမှတ်ချက်လေးက သိပ်ကောင်းတာဘဲ
တို့လည်းပညာရေးကို အရာရာထက် ဦးစားပေးတဲ့သူတစ်ယောက်ပါ။ ညီမစန်းထွန်းရဲ့ ခံယူချက်လေးတွေ သဘောကျတယ်.
August 8, 2011 at 12:43 PM
သိ င်္ဂ ါ ရ said...
လူသား အရင်းအမြစ်တွေ ဆုံးရှူံးဖို့ ဖြစ်တယ်
ထင်တာပါပဲ ခင်ဗျာ ... ။
တကယ် တတ်တဲ့သူတွေ အတွက်ကလည်း
ပြည်တွင်းမှာ အလုပ်အကိုင် အခွင့်အလမ်းကောင်းတွေ
နည်းပါသေးတယ်လေ ...
June 7, 2012 at 12:40 AM