ကျောင်းတက်နိုင်သူကြီး _ ၄

ပတ်ဝန်းကျင်ကလူတွေကိုလည်း သူတို့ပျော်လို့ ကျောင်းတက်နေသလားလို့ စပ်စုမိပါတယ်။

မကြီးတို့ ACCA လောက က လက်သုံးစကားက "မစလေနဲ့။ စရင် ဆုံးမှာ မဟုတ်ဘူး"တဲ့။ တကယ်လည်း စရင် မဆုံးတော့ပါဘူး။ တချို့ဘာသာ(၃.၂၊ ၂.၆)တွေဆို တော်တော်ခက်တာ။ အနည်းဆုံးလေးခေါက်ဖြေမှ အောင်တာ။ စာမေးပွဲကြေး၊ အင်္ဂလန်က အသင်းဝင်ကြေး၊ စင်္ကာပူက အသင်းဝင်ကြေးနဲ့ အတော်ဈေးကြီးပါတယ်။ ပညာဆိုတာ ပိုက်ဆံနဲ့မှ ဝယ်ရတာပါ။ ပိုက်ဆံမရှိရင် ဒီခေတ်မှာ ပညာမတတ်ပါ။ စာမေးပွဲနီးရင် အပူရုပ်ပေါက်နေတဲ့ မကြီးကို တွေ့ရပါမယ်။ အပါးဆုံးအင်္ကိၤျဝတ်ပြီး အဲကွန်းဖွင့်ထားပေမဲ့ ပူနေပါတယ်(စာမရလို့)။ မောင်မောင် တီဗွီသံက ဆူလိုက်တာ(အမှန်က ပုံမှန်ပါပဲ) တိုးတိုးဖွင့်စမ်းလို့ မာန်မဲရင် ငြိမ်နေရပါတယ်။ စာကျက်လို့ ခဏနေရင် ဟိုဟာ စားချင်သလို၊ ဒီဟာ စားချင်သလို ဖြစ်လာပါတယ်။ မကြီး စားချင်တာဆို အားလုံးက သွားဝယ်ပေးတတ်ပါတယ်။ သူ့ခမျာ စာမေးပွဲနီးပြီကိုး။ ဒီလိုနဲ့ စာမေးပွဲဆိုတာကို စိတ်ကုန်လို့ ဒီတခေါက်တော့ မဖြေဘဲ နားလိုက်ပေမဲ့ ကိုယ့်ဘော်ဒါတွေ အောင်ပြန်တော့လည်း သူများနောက် နောက်မကျချင်တာနဲ့ပဲ ကျောင်းပြန်တက်ကြလေသတည်း။

ရုံးက ဝင်နာတို၊ အီရာ(အင်ဒိုနီးရှားတွေ)NUS ၊ NTU မှာ မာစတာတွေ တက်နေကြပါတယ်။ အီရာက ရာထူးကြီးကြီးရချင်ရင် အမြဲလေ့လာနေမယ်တဲ့။ မလေးမလေး ထိန်ထိန်ကတော့ ပြတ်သားတယ်။ "ကျောင်းလုံးဝ မတက်တော့ဘူး"တဲ့။ သူလိုမျိုး မပြတ်သားနိုင်တော့လည်း ကျောင်းတက်နေရတယ်။

သူဋ္ဌေးမလေးတယောက် စင်္ကာပူနဲ့ မြန်မာပြည်ကုမ္ပဏီတွေကို ဦးစီးရင်း စင်္ကာပူမှာ ကျောင်းတက်၊ သြစတေးလျမှာ မာစတာဘွဲ့ယူ။ ခုလည်း အွန်လိုင်းကနေ PhD တက်နေပြီး အမေရိကားကို ပါရဂူဘွဲ့ သွားယူမယ်လို့ ကြားပါတယ်။ သူ့လောက် ချမ်းသာရင် ကျောင်းမတက်တော့ဘူး။ အေးဆေးပဲ နှပ်နေမယ်လို့ :D ။

အသိအမတယောက် ကုမ္ပဏီကြီးကြီးမှာ ရာထူးကြီးကြီး၊ လစာကလည်း အတော်များများ။ သူ့အမျိုးသားကလည်း လစာကောင်းကောင်း။ ချစ်စဖွယ်ကောင်းတဲ့ သမီးလေးနဲ့။ အလုပ်တွေ အရမ်းများတဲ့ကြားထဲက စာမေးပွဲတွေ ဖြေနေတဲ့ အမကို မြင်ရတော့ စူပါမိန်းမလို့ အားကျမိပါတယ်။ သူ့လို ကြိုးစားချင်စိတ်တွေ တဖွားဖွား ပေါ်လာပါတယ်။

ကိုယ်နဲ့ ကျောင်းနေဖက် သူငယ်ချင်းတယောက်(သူက ရိုး ၂) ပါရဂူဘွဲ့ကို NTU မှာ တက်နေတာ ကြားရတော့ အားကျမိပါတယ်။ ကိုယ်ကတော့ မာစတာကိုတောင် လက်ပစ်ကူးနေရတာ။ သူ့လိုပါရဂူဘွဲ့ဆိုရင်တော့ ဂျွှမ်းပစ်နေမလား မသိ။

၈ နှစ်သမီးလေးရဲ့အဖေက ပိုလီကျောင်းတက်နေတာ PR ရချင်လို့၊ ရာထူးတိုးချင်လို့ပါတဲ့။ အသိအမတယောက်ကတော့ ပါရဂူဘွဲ့တက်တာ လစာ သောင်းချီရချင်လို့ပါတဲ့။ အမတယောက်က အြင်္ကညဏ်ပေးပါတယ်။ အိမ်ထောင်မပြုခင် မာစတာတို့ ဘာတို့ပြီးအောင် တက်ထား။ အိမ်ထောင်ပြုပြီး ကလေးမွေးရင် တက်ချင်လို့တောင် တက်ရမှာ မဟုတ်ဘူး။ အိမ်ထောင်မပြ ုခင် တက်ချင်တာတွေ၊ လိုချင်တဲ့ဘွဲ့တွေ အကုန်ယူထားတဲ့။

ဒုက္ခသည်အဖြစ် အမေရိကားကို ရောက်လာကြတဲ့ သူတွေကတော့ ဗီဇာဖိုးလည်း မကုန်၊ လေယာဉ်ခလည်း မကုန်။ အမေရိကန်အစိုးရက စိုက်ပေးထားပြီး နောင်ကျမှ လစဉ် ဆပ်ရတာ။ ကလေးတွေဆိုရင်လည်း ၁၈နှစ်အထိ အစိုးရက ထောက်ပံ့ပါတယ်။ လစဉ် အစားအသောက်၊ ထောက်ပံ့ငွေတွေ ပေးပါတယ်။ ဒုက္ခသည်ဆိုတာ နာမည်သာ ဆိုးတာ၊ အခွင့်အရေးတော်တော် ရပါတယ်။ သူတို့က ဒီလိုထောက်ပံ့ပေးနေတော့လည်း ကျောင်းပြန်တက်ပေးရပါတယ်။ မြန်မာစာ ဖတ်တတ်ဖို့ မပြောနဲ့ မြန်မာစကားတောင် ကောင်းကောင်းနားမလည်တဲ့ အသက် ၅၀၊ ၆၀ အဖိုးကြီး၊ အဖွားကြီးတွေ အင်္ဂလိပ်စာသင်တန်း၊ စက်ချုပ်သင်တန်းတွေ တက်နေကြပါတယ်။ သူတို့ပြောတာက "food stamp ရချင်လို့" ကျောင်းတက်နေရတာတဲ့။

ဒုက္ခသည်တွေ တက္ကသိုလ်တက်မယ်ဆိုရင် တနှစ်စာ ထောက်ပံ့ငွေ ၅၀၀၀ နဲ့ ကျောင်းသားခရက်ဒစ်ကတ် ရပါတယ်။ ကျောင်းလခလည်း ဖရီး။ အလုပ်မရသေးမဲ့ အတူတူ ကျောင်းတက်တာပဲ ကောင်းပါတယ်ဆိုပြီး လင်ရော၊ မယားရော ကျောင်းတက်ကြပါတယ်။ သူတို့အဆိုအရ "ကျောင်းတက်စားတယ်" ဆိုပါတော့။ ဒါပေမဲ့ grade B ရအောင် ကြိုးစားရပါတယ်။ အသက် ၄၀ ကျော်တွေ သားသမီးတွေနဲ့ အပြိုင် စာလုပ်နေရတာ မြင်ရပါတယ်။သူတို့ပြောတာက "ကျောင်းမတက်ချင်လည်း အခြေအနေပေးတုန်း တက်ထားမှ။ နောင် စီးပွားရေးပြန်ကောင်းလို့ အလုပ်အကိုင်ပေါတဲ့အချိန်နဲ့ ကျောင်းပြီးမဲ့အချိန် ကွက်တိ။"

အတန်းထဲမှာ အသက်ကြီးကြီး ခေါင်းဖြ ူဖြ ူ PhD ဘရာဇီးက တို့တွေနဲ့ အပြိုင် ကျောင်းတက်နေပါတယ်။ သူဘာလို့ ကျောင်းတက်နေသလဲ စပ်စုကြည့်တော့ သူ့မေဂျာ management နဲ့ အလုပ်ရဖို့ မလွယ်ပါဘူးတဲ့။ "အလုပ်ရအောင် career ပြောင်းချင်လို့" ကျောင်းတက်နေပါသတဲ့။

နီပေါလေး အာဘီဆစ်က အမ်ဘီအေကို university of finlay အမေရိကားမှာ ပြီးခဲ့တာပါ။ ခု ဘာလို့ တို့တွေနဲ့အတူ ကျောင်းလာတက်နေလည်း စပ်စုကြည့်မိပါတယ်။ contract ပြည့်တော့ အလုပ်ဟောင်းက ဆက်ပြီး မကမ်းလှမ်း၊ အလုပ်အသစ်ကလည်း မရ၊ ဒီကလည်း မခွာချင်တော့ "status(စတေး)ရှိအောင်" ကျောင်းဆက်တက်နေရပါသတဲ့။

အခြေအနေ အမျိုးမျိုးတွေကြောင့် ကျောင်းတက်နေကြပါတယ်။ စန်းထွန်းလည်း ကျောင်းတက်ချင်လို့၊ ပျော်လို့၊ ပညာလောဘကြီးလို့ ကျောင်းတက်နေရတာ မဟုတ်ဘဲ မရည်ရွယ်ဘဲ ကျောင်းတက်နေရတဲ့ ကျောင်းတက်နိုင်သူကြီး ဖြစ်နေကြောင်းပါ။

စန်းထွန်း
ဇူလှိုင် ၂၂ ၊ ၂၀၁၁။

5 comments:

မြစ်ကျိုးအင်း said...


ဟန်ကြည် said...


သီရိရတနာ said...


San San Htun said...


San San Htun said...

မြစ်ကျိုးအင်း said...
သူငယ်ချင်းတွေ ကျောင်းတွေဆက်တက်တာ မြင်တိုင်း ကြားတိုင်း စိတ်မောမိတယ်။ ကျောင်းစာတွေ ဖတ်မှတ်ရမှာ မုန်းနေသလိုပဲ။
ကိုယ့်ဘဝနဲ့ကိုယ် ဆိုတော့လည်း ယုံကြည်ချက်အမျိုးမျိုးပေါ့လေ။
July 24, 2011 at 1:11 AM
ဟန်ကြည် said...
ဟား...ကျောင်းဆက်တက်တာကောင်းတယ်...အားပေးတယ်လေ...တကယ်တော့ ဘယ်ဘဝပဲရောက်ရောက် ကျောင်းမတက်လို့မှမရဘဲ...ဘာမှမတက်ချင်ရင်တောင် ဘဝကျောင်းတော့ တက်ကို တက်ကြရမယ်မဟုတ်လား...ကျောင်းတက်ချင်ပါလျက်နဲ့ မတက်နိုင်တဲ့လူတွေကိုယ်စား ပျော်ပျော်ကြီးနဲ့ တက်လိုက်စမ်းပါလေ...ပြီးတော့လည်း ဂုဏ်ယူလိုက်စမ်းပါဦး...
July 24, 2011 at 2:07 PM
သီရိရတနာ said...
သိချင်တာလေးတွေ ပြောပြပေးတာ ကျေးဇူးနော်။
ဒီပိုစ်မှာ ပါတဲ့ တချို့ကိစတွေ လုံးဝကို မသိတာပါ။
July 26, 2011 at 9:42 PM
San San Htun said...
ဒီရောက်မှ သိတာလေးတွေ ဘလော့ကနေ အတင်းတုတ်...အဲလေ ရှယ်နေတာပါ :) ။
July 26, 2011 at 10:12 PM