ဝမ်းသာနေလို့...

စင်္ကာပူကကျောင်း ပြီးသွားလို့ အလုပ်ရှာတုန်းကတော့ ဘယ်သူကဖြင့် အလုပ်ရသွားပြီဆိုရင် အလုပ်မရသေးတဲ့ စန်းထွန်းတယောက် ဘုရားစင်ရှေ့ ဖင်ဘူးတောင်းထောင် ရှိခိုး၊ အလုပ်တွေ ဖိလျှောက်( ဒါပဲ လုပ်လို့ရတာကိုး)။ အလုပ်ရပြီး PR(Permanent Residence)တင်တော့ အဲဒီအချိန်မှာ ပီအာတွေကို ကျပ်နေပြီ။ တရုတ်တွေနဲ့ ကုလားတွေလောက်ပဲ ပီအာရတယ်။ မြန်မာအကုန်လုံးက reject။ တော်လို့ အင်တန်းဆင်းတဲ့ ကုမ္ပဏီတွေကနေ offer ကမ်း၊ အလုပ်ရှာစရာတောင် မလိုတဲ့သူတွေ၊ gold metal ရတဲ့သူတွေတောင် ပီအာ reject ဆိုတော့ ကိုယ်တွေအတွက်ကတော့ ဝေးပါသေး။ မျှော်လင့်ထားတဲ့အတိုင်း လည်း reject။ CPF မထည့်ရတော့ ပိုသုံးရတာပေါ့။ ကိုယ့်သူငယ်ချင်းတွေ reject ဆိုတာ ကြားရတိုင်း ဘယ်သူကတော့ reject တဲ့ဟေ့ဆိုပြီး ဝမ်းသာအားရ သတင်းပေးကြသေးတာ။ တော်တော်များများ approve ဖြစ်ပြီး reject ထဲမှာ ကိုယ်ပါမယ်ဆိုရင်တော့ ဝမ်းနည်းပက်လက်ဖြစ်မှာ သေချာတယ်။ ခုတော့ ပျော်စရာကြီး။ တပြုံလုံး reject :) ။

တရုတ်အကိုကြီးတယောက် အမှတ်နည်းသွားလို့ advanced တန်းကနေ basic တန်းကို တို့တွေနဲ့ လာတက်နေပါတယ်။ တရုတ်တွေ အားလုံးက အရမ်းအံ့အားသင့်သွားကြတယ်။ လာတဲ့ တရုတ်တွေထဲမှာ သူက အသက်အကြီးဆုံးနဲ့ experience အများဆုံး။ ဂျပန်မှာ ၁၀နှစ်ကျော် experience ။ ဂျပန်ဆိုတာက သိတဲ့အတိုင်း အလုပ်အရမ်းလုပ်ကြတာ။ အရင်တုန်းကတော့ programmer လုပ်ဖူးမှာပေါ့။ ခု project manager ဆိုတော့ coding တွေ မေ့နေမှာပေါ့။ စာမေးပွဲဆိုတာလည်း ခက်သားလား။ ကိုယ်ဖြေတာနဲ့ ဆရာအမှတ်ပေးတာနဲ့ တည့်တည့်တိုးမှ။ အလုပ်ထဲမှာကတောင် အေးအေးဆေးဆေး ရေးနေလို့ရသေးတယ်။ စာမေးပွဲမှာက ဆုံးဖြတ်ချက်တွေ မှန်မှ။

သူငယ်ချင်းတွေ အေရတော့လည်း အားကျမိပါတယ်။ သူတို့လိုမျိုး အေရချင်မိပါတယ်။ တချို့ဘာသာတွေဆိုရင် အကျများတာများ ၆၀ ရာခိုင်နှုန်းတောင် ကျတာတဲ့။ ပျော်စရာကြီး တပျော်တပါး ကျကြတာ။ သူငယ်ချင်းတွေ အမှတ်နည်းသွားလို့ ပြန်တက်ရဦးမယ်လို့ ကြားရတိုင်းလည်း အဖော်ရှိပြီဆိုပြီး အားရှိနေမိပါတယ်။ ဟိုကကြားရင် ငါ့တော့ သောက်ညင်ကပ်ပြီး လည်ပင်းလာညှစ်ချင်စိတ်ပေါက်မှာ။ သူများ အမှတ်နည်းတာကို အဖော်ရှိပြီဆိုပြီး ဝမ်းသာနေလို့ :) ။

လူသားထဲက လူသားတယောက်ပေမို့ အားကျစရာရှိတာကို အားကျပြီး ဝမ်းသာသင့်တာကို ဝမ်းသာနေပါကြောင်း။

စန်းထွန်း
ဇူလှိုင် ၂၆၊ ၂၀၁၁။

4 comments:

စံပယ္ခ်ိဳ said...

ဒါနဲ့စကားမစပ်

San San Htun said...




San San Htun said...

စံပယ်ချို said...
ဘုရားစင်ရှေ့ ဖင်ဘူးတောင်းထောင် ရှိခိုး၊
အလုပ်မရသေးတဲ့အချိန်ကဆိုတော့
အလုပ်ရပြီးတော့ဘုရားမေ့နေအုန်းမယ်နော်.....
ဒါနဲ့စကားမစပ်
ပန်းဝတ်မှုန်နဲ့မတဲ့ဘူးထင်တယ်..
တစ်ချို့ကအဲလိုဖြစ်တတ်တယ်ကြားဖူးခဲ့တာ
July 27, 2011 at 6:15 PM
San San Htun said...
ဒီမှာ နွေဦးဆိုရင် အလာဂျီ ဖြစ်ကြတယ်တဲ့။ အသိအမတယောက်ဆိုရင် အဲဒီရာသီရောက်ရင် ခေါင်းကိုက်လို့တဲ့။ ခုတော့ ဘုရား၊တရားမြဲနေလေရဲ့။
July 27, 2011 at 6:22 PM
Angelhlaing(May everybody be happy and healthy! said...
ဖတ်ရတဲ့သူလဲ ဝမ်းသာတယ်...:)
July 28, 2011 at 5:17 PM