စေ◌ျးအကြီးဆုံး မွေးနေ့လက်ဆောင်...

ကျောင်းသားအယောက် ၅၀ကျော်မှာ ရှားရှားပါးပါး ပါတာက ကျောင်းသူ ၅ယောက်။ Eritrea နိုင်ငံက အာရိယန်ကလွဲရင် တို့လေးယောက်က တတွဲတွဲ။ မိုင် နိမ်း အစ်စ် မိုင်းလို့ နှုတ်ဆက်တာနဲ့ သူ့နာမည်ကို တခါတည်း မှတ်မိစေတဲ့ မိုင်းဖန်လို့ ခေါ်တဲ့ ဗီယက်နမ်မလေး၊ ဆူနမ်နဲ့ ရာမား နီပေါမလေးတွေနဲ့ တို့။ အုပ်စုထဲမှာ မွေးနေ့ အရင်ကြုံတာက မိုင်းရဲ့ မွေးနေ့။ ဘာလက်ဆောင်ပေးရင် ကောင်းမလဲလို့ ခေါင်းချင်းဆိုင်ကြတာပေါ့။

အစားသောင်းကျန်းတဲ့ မိုင်းကို အစားဝယ်ပေးရအောင်လည်း သူစားတာ ကိုယ်မစားနိုင်သလို ကိုယ်စားတာလည်း သူမစားနိုင်။ ရေလုံပြုတ် ဗီယက်နမ်စာတွေကို မစားနိုင်သလို ဟင်းတိုင်း မဆလာနဲ့ အာလူးပါတဲ့ နီပေါစာကို မစားနိုင်။ အင်္ကီျဝယ်ပေးရအောင်လည်း ကိုယ့်အတွက်တောင် ဆိုဒ်မရှိတာ မော်ဒယ်လိုပိန်တဲ့ မိုင်းအတွက်တော့ အတော့်ကို ရှာဖွေနိုင်မှ။ ကိုယ်ရွေးပေးတဲ့ ဒီဇိုင်းကိုလည်း သူကြိုက်ဦးမှ။ တို့ဒီကို လာခါနီး ပြုံးမြတ်လက်ဆောင်ပေးလိုက်တဲ့ ခွေးရုပ်လေးကို ပြလိုက်တော့ အားလုံးက တညီတညွှတ်တည်း အရုပ်လက်ဆောင် ပေးမယ်လို့ ဆုံးဖြတ်လိုက်တယ်။



wall mart ကို သွားတဲ့နေ့ သုံးကောင်သား အရုပ်ရှာပုံတော် ဖွင့်ကြတာပေါ့။ အရုပ်ကြီးကြီး ပေးချင်ပေမဲ့ သယ်ရလွယ်တဲ့ အရုပ်သေးကိုပဲ ရွေးလိုက်ကြတယ်။ ပန်းရောင်ကြိုက်တဲ့ မိုင်းအတွက် ပန်းရောင်လိုချင်ပေမဲ့ ခဲရောင်ပဲ ရှိတယ်။ မိုင်းကလည်း ကြိုက်တယ်တဲ့။ ဈေးကလည်း ကြီးလိုက်တာ ၅ ကျပ်တောင်။ ၃ယောက်နဲ့ စားတော့ တယောက် ၁ကျပ်ကျော်ကြီးများတောင် ကျတယ် :P။ မွေးနေ့လက်ဆောင်နဲ့ အကြောင်းတိုက်ဆိုင်တိုင်း ဒီအကြောင်း ပြောဖြစ်တယ်။ ကြားရတဲ့သူတိုင်းကလည်း မပြုံးဘဲ ဝါးလုံးကွဲ ရယ်ကြတယ်။ တန်ဖိုးနည်းပေမဲ့ အမှတ်တရတွေ၊ ချစ်ခြင်းမေတ္တာတွေ၊ သူငယ်ချင်း သံယောဇဉ်တွေနဲ့ တန်ဖိုးကြီးကြီးပေးရတဲ့ ဈေးအကြီးဆုံးမွေးနေ့လက်ဆောင်အဖြစ် တို့တသက်မှာတော့ အမှတ်တရ ဖြစ်နေမှာပါ။



တန်ဖိုးအကြီးဆုံး မွေးနေ့လက်ဆောင်။

စန်းထွန်း
ဇူလှိုင် ၁၁၊ ၂၀၁၁။

3 comments:

နေ၀သန် said...



ခင်မင်လျက်
နေ၀သန်

San San Htun said...

ဝယ်ပေးချင်ပါတယ်။ ဆိုင်မှာ မရှိလို့  :D ။

San San Htun said...

နေဝသန် said...
;).. ဝယ်ပေးလိုက်ပါ.. သူငယ်ချင်းကို ၅ ကျပ်ဘာဖြစ်လဲ.. :P.. ကျွန်တော့်တုန်းက ၁၉ ကျပ်တန်အရုပ်တောင် လက်ဆောင်ရဖူးတယ်.. ဟိဟိ... ကြုံကြွားတာ... :P


ခင်မင်လျက်
နေဝသန်
July 15, 2011 at 1:34 AM
San San Htun said...
ဝယ်ပေးချင်ပါတယ်။ ဆိုင်မှာ မရှိလို့ :D ။
July 15, 2011 at 9:28 AM