နာနာလေးကစ်တယ်. နာဂစ် _ ၂

မျက်ရည်ကျပြီ: ဘာလုပ်လို့ ဘာကိုင်ရမှန်: မသိချိန်မှာ "ကိုသာထွန်းသမီးငယ် ညည်:အမေ လျှပ်ပြေးနဲ.ပါလာတယ်။ ကိုတဆုပ်အိမ် တက်သွားပြီ။ အဲဒီကနေ စောင့်နေ။"ဆိုတယ်. စကားကြားတယ်. အချိန်မှပဲ ဦးတဆုပ်အိမ်ကို အမြန်ချီတက်ရတော.တယ်။ လမ်:မပေါ် ထွက်မျှော်ရင်း ဆိုက်ကားပေါ်က မေကို မြင်ရတော.မှပဲ စိတ်သက်သာရာ ရတော.တယ်။ မိသားစုအားလုံး အခြေအနေ ကောင်းတယ်ဆိုမှပဲ စိတ်ဒုန်းဒုန်း ချနိုင်တော.တယ်။ ဟိုင်းကြီ:သတင်းလာမေးကြ။ ဘယ်သူအိမ်ကတော. ပြိုသွားပြီ။ ဘယ်သူက ဘယ်လို လွတ်အောင် ပြေးခဲ.ကြတာ သတင်းတွေ ဖလှယ်ကြ။ လိုတယ်.ပစ္စည်းတွေကို ဈေးကြီးမှာ မေနဲ.လိုက်ဝယ်။ ည၈နာရီ လျှပ်ပြေးနဲ. ဟိုင်းကြီ:ဆင်းခဲ.ကြတယ်။

မနက် ၅နာရီ ဟိုင်းကြီ:ကို အဝေးက မြင်လိုက်ရရင်ပဲ အတော်အံ.ဩသွားတယ်။ အမြဲစိမ်:စိုနေတယ်. ဟိုင်းကြီ:တောင်က ဘာအပင်မှ မရှိတော.ဘဲ တောင်ကတုံးကြီ: ဖြစ်သွာပါရောလား။ တွေ့လိုက်ရတယ်. မြင်ကွင်းတွေက စိတ်မချမ်:သာစရာ။ ဘယ်နေရာ ကြည်.ကြည်. အပျက်အစီး၊ ပြိုလဲနေတယ်. အိမ်တွေ၊ အမို:မရှိတယ်. အိမ်တွေ၊ပြိုလဲနေတယ်. အပင်တွေ၊ ကျွမ်:ထိုးမှောက်ခုံ ဖြစ်နေတယ်. သင်္ဘောတွေ၊ ဟိုးအဝေးကြီ: ကမ်:ပေါ်ကို တင်နေတယ်. သင်္ဘောတွေ။ ဘုရား ဘုရား ဒီလောက် ဆိုးရွားတယ်. မုန်တိုင်းထဲမှာ ဘယ်လိုများ အသက်ရှင်အောင် ကြိုးစားရပါလိမ့်။

သင်္ဘောဆိပ်မှာ ဖေ့ကို မြင်လိုက်ရတဲ့ ခဏ အတော် ဝမ်:သာမိတယ်။ မုန်တိုင်းဒဏ်ကြောင့် ၁၀နှစ်စာလောက် အိုစာသွားတယ်။ အိမ်ကို မြင်ရတော.မှ တော်ပါသေးရဲ..။ အမိုးမရှိတာက လွဲရင် ပြိုမသွားလို့။ စိတ်ကြိုက်မုန့်ကို စားတော. မုန့်မစားရတာ ၂ရက် ရှိပြီလို့ ဖေကပြောတော. စိတ်မကောင်းလိုက်တာ။ ဆန်တွေက အကုန်ရေစိုသွားလို့ ရေစိုဆန်ကိုပဲ ချက်ပြုတ်ရတယ်။ ရေကို ဆူအောင်ကြို။ ရေပွက်ပွက်ဆူလာရင် ရေစိုဆန်ကို ထည်.။ ဝါကျင်ကျင် အရောင်နဲ. အရသာ မရှိ။ ကံကောင်းလို့ အိမ်မှာငပိအိုးက အကောင်းအတိုင်: ကျန်နေသေးတယ်။ မုန်တိုင်းပြီ:တော. ဘာမှစားစရာ မရှိလို့ ရေစိုဆန် နဲ. ငပိဖုတ်ကို စားရပါသတယ်.။ တချို.ကတော. ရေစိုဆန်ကို မုန်.ဖတ် လုပ်စားကြသတယ်.။ ဆန်အကောင်းက မရှိ၊ ရှိတယ်. ရေစိုဆန်ကိုလဲ ဝဲမပစ်ရက်လို့လေ။

ရေက အိမ်ပေါ်မှာတင် ရင်ခေါင်းလောက် ရောက်တယ်။ ရေအလွန်ဆုံ:ကြီးရင် အိမ်နောက်ဖေ: တံတားမြုပ်ရုံပါပဲ။ မာလာမုန်တိုင်းတုန်းကတောင် အိမ်ပေါ် ဒူးဝက်ပဲ ရေရောက်တာ။ ခုတော. အိမ်ပေါ်မှာတင် ရေက ရင်ခေါင်းရောက်တယ် ဆိုတော. ဟိုင်းကြီ:တကျွန်းလုံးမြုပ်တယ်ဆိုတာ အမှန်ပါလား။ မာလာမုန်တိုင်းတုန်းက မေ့ထမီသေတ္တာ ရေမြုပ်သွားတာ မသိလိုက်လို့ ကုန်သွာ:ပါရောလား။ ဒီတခါတော. မှတ်မှတ်ရရ အဝတ်အစားတွေ၊စောင်၊ခေါင်းအုံး၊ခြင်ထောင်အားလုံးကို အပေါ်ထပ်ကို အကုန်ပစ်တင်ပြီ:တော.မှ ပြေးကြတာ။ ဒါကြောင့်မို့ ကျန်တာ။ အပေါ်ထပ် တင်ထားတယ်. ဆန်အိတ်၂၀ကတော. အမိုးကျွတ်ထွက်သွားလို့ စိုတာပါပဲ။ အောက်ထပ်မှာ ရှိတယ်. စက်ပစ္စည်းဆိုင်နဲ. အိမ်ထောင်ပရိဘောဂ ပစ္စည်းတွေကတော. အကုန်ကုန်တာပါပဲ။

မုန်တိုင်းတိုက်မှာ ဖေတို.သိလား ဆိုတော. သိတယ်တယ်.။ ဘယ်လိုသိတာလဲ ဆိုတော. ရေဒီယိုက ကြေညာတယ်တယ်.။ နိုင်ငံခြားသတင်းလုံးတွေက သေသေခြာခြာ ကြေညာပေးတယ်။ မေ၁ မုန်တိုင်းမတိုက်မှီ ညက ရေ၁၀ပေလောက်တက်မှာ မို့ သတိဝီရိယ ရှိကြဖို လော်နဲ. လိုက်အော်ပါသတယ့်။ ဟိုင်းကြီ:မှာ ပမ္မဝတီရေတပ်စခန်းဌာနချုပ် ရှိပါတယ်။ ဖေတောင် ညဖက် ရေတက်မတက် ဆင်းကြည်.ပါသေ:သတယ်.။တကယ် ဆော်တာက မေ၂မှာ။

ရေဒီယိုကနေ ကြေညာနေပေမယ်. ဒီလောက်တိုက်မယ်မှန်: ဘယ်သူမှ မထင်ထားတာပါ။ စစ်အစိုးရကိုယ်တိုင်ကတောင် ဒီလောက်တိုက်မယ် မထင်လို့ မဲပေးဖို.ပဲ အရေးတယူ ကြေငြာနေတာ။ မုန်တိုင်းမတိုက်ခင်၂ရက်လောက်ကတည်:က အိန္ဒိယ၊ဘင်္ဂလားဒေ့ရှ်က စစ်အစိုးရကို သတိပေးနေတာပါ။ ဒီလောက် လူအများကြီ: သေရတာ စစ်အစိုးရက ပြည်သူတွေအပေါ် သတင်းအသေအချာ မပေးခဲ.လို့၊ဘာမှ ကြိုတင်ပြင်ဆင်မူ မရှိခဲ.လို့ဆိုတာ ငြင်းလို့ မရပါဘူး။ လူတိုင်း သိပါတယ်။ မသိချင်ယောင် ဆောင်နေတယ်. သူရယ်၊ မသိတယ်. လူနည်:စုက လွဲရင်။

မေ၂ နေ့လည်၁၂နာရီမှာ မုန်တိုင်းစတိုက်ပါတယ်။ မေနဲ. ဘိုးဘိုးကို ဘုန်းကြီ:ကျောင်းပို.ပြီ:တော. အိမ်မှာ ဖေနဲ.ထမင်းချက် လှဌေးတို.က စောင့်နေ။ နေ့လည် ၂နာရီ ဖေ့ဆီ ဖုန်းဆက်တယ်. အချိန် တကယ် ဆော်နေပါပြီ။ ကောင်းကင်က ညအလား မဲမှောင်နေပါတယ်။ တိုက်လိုက်တယ်.လေကို မျက်နှာချင်းဆိုင်ဖို. နေနေသာသာ ကျောပေးထားရတယ်။ ရေကလည်: မုန်တိုင်းရှိန်ကြောင့် တရိပ်ရိပ်တက်လာပြီ။ လေကလည်: တိုက်လိုက်တာ နေလို့ မရအောင်ကို တိုက်တာ။ အစက အိမ်တံခါး ပိတ်ထားတာ။ နောက်တော. တံခါးဖွင့်လိုက်ရတယ်။ မဖွင့်ရင် အိမ်ပြိုမှာလေ။ ဒီရေက ဒိုးယိုပေါက် အိမ်မှာ ရှိသမျှ ပစ္စည်းတွေကို အကုန်တိုက်ချသွားတောပါပဲ။ လေက ဘယ်လောက်တောင် ပြင်းသလဲဆိုရင် အိမ်ခေါင်မိုးက တချပ်ချင်း ကွာတာ မဟုတ်ဘဲ ကျားကန်ထားတယ်. ထုတ်တန်:တွေပါ ဝှီးကနဲဆို အကုန်အမိုးရော ထုတ်တန်:တွေပါ ကျွတ်ထွတ်ထားတာ။ အမိုးကျွတ်ပြီ: အိမ်ပြိုမယ် ထင်တော.မှ ဖေနဲ. လှဌေ:က ဘုန်းကြီ:ကျောင်းဆီ ကူးကြတော.တာ။

ဘုန်းကြီ:ကျောင်းနဲ. အိမ်က လမ်:လျှောက်ရင် မိနစ်၂၀ လောက် ဝေးတယ်။ အဲဒီအချိန်မှာ ရေက အိမ်ပေါ်မှာတင် ရင်ခေါင်းလောက် ရောက်နေပါပြီ။ လွင့်လာတယ်. ဖိုင်ပါပုံးတွေ၊ သစ်တုံးတွေ၊ မျောလာတယ်. သင်္ဘောတွေ ရှောင်ရှားရင်: ရေကူးရင်း ပြေးရတာပါ။ လေတအာ:တိုက်ရင် အိမ်တွေမှာ ခိုနေ၊ ဘုန်းကြီ:ကျောင်းဆီ ခိုဖို. ပြေးလာသူတွေ အချင်းချင်း စုပြီ: ပြေးကြတာပါ ။ လွင့်လာတယ်. သွပ်ချပ်တွေ၊ ပြိုလဲတယ်. အပင်တွေ၊ အိမ်တွေကို ရှောင်ရှားရင်း အသက်ကို ဖက်နဲ.ထုပ် ပြေးကြရတာ။ သာမန်ချိန် မိနစ်၂၀ ခရီးက အခု အချိန်မှာတော. ၁နာရီမက ကြာနေမှာပါ ။ ဘုန်းကြီ:ကျောင်းမှာ စောင့်နေတယ်. မေ့မှာလည်: လည်တမော့မော့နဲ. စိတ်ပူနေရှာတာ။ အိမ်နီးချင်းတွေ ရောက်လာတိုင်း နင့်ဦးလေးတွေ့ခဲ.လား မေးရတာ အမော။ ဦးမောင်မောင်ကလည်: သူတို.ရုံပြိုသွားလို့ ရေကူးပြီ: ပြေးလာတာ ဆိုတော. မေ့ရဲ. စိတ်ပူမှူက ဂိတ်ဆုံ:ရောက်သွားပြီ။ အချိန်ကြာတာနဲ. စိတ်ပူလွန်:လို့ ကိုဆန်:ဝင်းကို လွှတ်တယ်.အချိန် ဖေရောက်လာတော.က ဖေ့ရင်ခွင်ကို လက်သီးနဲ. ထုရှာတယ်။ အသက်ထက် ပစ္စည်းက အရေးကြီ:သလားပေါ့။

ဘီဘီစီက မုန်တိုင်းက ည၆နာရီ ပြီ:မယ်ဆိုလို့ နာရီ ကြည်.ပြီ: ၆နာရီထို:ပါတော.လို့ ဆုတောင်းရတာ။ တရွာလုံးက မုန်တိုင်းလာခိုကြတော. ကျောင်းပြိုမှာလည်: စိုးရသေးတယ်။ ဘီဘီစီက ပြောတယ်.အတိုင်း ၆နာရီမှာ မုန်တိုင်းတကယ် စဲပါတယ် ။ ကိုယ်အိမ်ပြန်ကြသူတွေ၊ ကြောက်လို့ မပြန်ရဲဘဲ ဘုန်းကြီ:ကျောင်းမှာပဲ ဆက်နေကြသူတွေ ။ ရွာလမ်:ကတော. လမ်:ကောင်းကောင်း လျှောက်လို့မရလို့ တုတ်ကိုင်ပြီ: လျှောက်ရပါသတယ်.။ ကိုသေးတို. ကုန်စုံဆိုင်မှာတော. တောကြောင်တွေက မျက်နှာဖုံ:စွပ်ပြီ: ယူနေတာ ကိုသေးမိန်:မက ကြိုက်သလောက်ယူ၊ လူကို အန္တရာယ် မပေးနဲ.၊ နင်တို.ကိုလည်: ဘာမှ မလုပ်ဘူး။ မုန်တိုင်းတိုက်ချိန် ဘုန်းကြီးကျောင်းမှာ မီး စောင်တွေကာပြီ: အရေးပေါ် ကလေးတယောက် မီးဖွားပါတယ်။ မုန်တိုင်းပြီ: နောက်နေ့မှ အေးအေးဆေ:ဆေ: မွေးမယ်လို့ အောင့်ထားလို့မှ မရတာ။ အားလုံးက တညီတညွတ်တည်: နာမည်ပေးရှာတယ်။ နာဂစ်လေးတယ်.။

မုန်တိုင်းတွင်းမှာ အုန်းပင်ပိလို့ သေတယ်. ကောင်းလေးရယ်၊ ယောက်ခမ၊ ချွေးမ၊မြေးမလေး မိန်:မတွေ သေသွားပြီ: ယောက်ကျားတွေပဲ ကျန်ခဲ.တယ်. မိသားစုရယ် အပျက်အစီး အဖိတ်အစင် ၁၀၊၁၅ ယောက်လောက် ရှိပါတယ်။ အဲဒီ မိန်:မတွေ သေသွားတယ်. မိသားစုက အစွန်မှာ ရှိတာ။ အိမ်ပြိုမှ ပြေးတော. မမှီတော.တာ။ သူတို. ရွှေထုပ်ကို ရှယ်ရုံ နောက်မှာ တွေ့လို့ ပြန်ပေးရှာပါတယ်။

ဥစ္စာပစ္စည်း နည်:နည်:ရှိတယ်. သူက နည်:နည်: ဆုံ:တယ်၊ များများရှိတယ်.သူက များများ ဆုံ:တယ်။ ပစ္စည်းဆုံ:တာကိုတော. စာမဖွဲ.တော.ပါဘူ:။ အဓိကက အသက်။ အသက်က အရေးကြီ:တာ။ အသက်ရှင်နေသေးရင် ပစ္စည်းဥစ္စာ ဆိုတာ အချိန်မရွေး ပြန်ရှာလို့ ရတယ်။ မုန်တိုင်းတိုက်ပြီ:သွားပေမယ်. ဒုက္ခတွေက မပြီ:သေးပါဘူး။

No comments: