Culture Shock...

အမေရိကန်တွေရဲ. စကားထဲမှာ ပါနေကျက F***,Crap။ စလုံးမှာ တ lah lah လို့ ပြောသလို USမှာလည်: တ F*** F*** နဲ.။ စလုံးမှာ "What lao" USမှာတော. "Crap" တဲ. ။ခွဲခါနီး နှုတ်ဆက်တာက စလုံးမှာတော. "Bye Bye"၊ USမှာတော. "Have a good day." တဲ.။စလုံးတွေက Complaint တက်ဖို. ဝန်မလေးသလို အမေရိကန်တွေကလည်: ချီးမွမ်:စကား ပြောဖို. ဝန်မလေးဘူး။ ချီ:မွမ်:စရာ မရှိရင်တောင် ကြံဖန်ပြီ: ချီ:မွမ်:နေတာများ ရာသီဥတုတောင် အလွတ် မပေးဘူး။

Middle East နိုင်ငံသူကို အမေရိကန်တယောက်နဲ. မိတ်ဆက်ပေးတယ်.အခါ ကမ်:ပေးတယ်. အမေရိကန်ရဲ. လက်ဟာ လေထဲမှာ အိုးတိုးအမ်:တမ်: ရပ်သွားဖူးတယ်။ အဲဒီနိုင်ငံတွေမှာ မိန်:ကလေးတွေကို လက်ဆွဲနှုတ်ဆက်လေ့ မရှိပါဘူးတယ်.။ US မှာတော. လက်ဆွဲနှုတ်ဆတ်တာ၊ပွေ့ဖက်တာ၊ပါးချင်းအပ်တာက နှုတ်ဆတ်ခြင်းပါ။

အမေရိကန်နဲ. အာရပ်တွေ စကားပြောကြရင် အာရပ်က စကားပြောရင်း ရှေ့တိုးတိုးလာ အမေရိကန်က စကားပြောရင်း နောက်ကို ဆုတ်ဆုတ်နဲ. အတော်.ကို ဂွကျပြီ: ကိုးယိုးကားရား နိုင်တယ်. အဖြစ်။ ဖြစ်ရပုံက အာရပ်တွေက စကားပြောရင် နီးနီးလေး ကပ်ပြောကြသတဲ.။ အမေရိကန်တွေကတော. မနီးလွန်း၊မဝေးလွန်: အကွာအဝေးနဲ. ပြောကြသတဲ.။

ဗီယက်နမ်နဲ. နီပေါကတော. တွေ့တာနဲ. အသက်မေးတော.တာပဲ။ အာရှယဉ်ကျေးမှုအရ အသက်သိမှ မဘယ်သူ၊ကိုဘယ်ဝှါ ခေါ်လို့ရမှာကိုး။ ဒီလို ခေါ်မှ ယဉ်ကျေးတာလေ။ US မှာတော. အသက်၊ Personalမမေ:တာကမှ ယဉ်ကျေးတာတဲ.။

လက်ချင်းချိတ်ထားတယ်. အာဖရိက ကောင်လေး၂ယောက်ကို အားလုံးက စိတ်ဝင်တစားနဲ. အကဲခတ်ကြမယ်။ ဖြစ်ရပုံက အာဖရိကမှာ ခင်မင်ကြရင် လက်ချင်းချိတ်ထားတာတဲ.။ လိင်တူချစ်သူ အခွင့်အရေး ရှိတယ်. US မှာတော. လိင်တူချင်း လက်ချိတ်ထားရင် တမျိုးအထင် ခံရမယ်။ ဒါ့ကြောင်. တို.များအုပ်စုထဲကများ တယောက်ယောက်က လက်လာချိတ်ရင် လက်ညိုးလေးထောင်၊ ခေါင်းကလေးရမ်:ပြီ: "It is not good." လို့ စကြတယ်။

US မှာ လူတိုင်းဟာ သမ်မတဖြစ်ခွင့် ရှိတယ်။ ဒီကုမ်မဏီကို ဘာမှမရှိတယ်. အခြေအနေကနေ ဒီလို ဖြစ်အောင် လုပ်ခဲ.တာလို့ လက်သီးလက်မောင်းတန်:ပြီ: ပြောနေတယ်. ကုမ်မဏီပိုင်ရှင် သူဋ္ဌေးများကို မြင်တွေ့ရမယ်။ အဖေက Director မို့ သားက Director ဖြစ်လာတာ မရှိ။ ယောက်ကျားနဲ. မိန်:မ အခွင့်အရေး အတူတူရှိတယ်. USမှာ CEO တာဝန် ထမ်:ဆောင်နေကြတယ်. Lady Boss တော်တော်များများကို မြင်တွေ့ရပါမယ်။

တရုတ်နိုင်ငံလို အနှစ် ၅၀၀၀ ယဉ်ကျေးမှု သက်တမ်:မရှိတယ်. USဟာ ထိန်:သိမ်:စရာ အမွေအနှစ် မရှိလို့ သဘာဝဘေးအန်တရယ် ထိန်:သိမ်:ကာကွယ်ရေးကို စောက်ချ လုပ်ကိုင်တယ်။

ဆရာမကြီ: ဒေါ်ခင်မျိုးချစ်ရဲ. မိတ်ဆွေ ဂျာမန်မဟာ ဘုရားတရား ကြည်ညိုလွန်:လို့ ဘယ်ခရီးသွားသွား ဘုရားဆင်းတုတော်ကို သယ်သွားတယ်။ တနေ့တော. ဂျာမန်မ ဘုရားဆင်းတု သိမ်:ဆည်:နေတာ မြင်ရတော. ဆရာမကြီ: ဒေါ်ခင်မျိုးချစ်ခမျာ မျက်လုံးပြူ:သွားပြီ: ရင်ဘတ်ကို လက်ကလေးနဲ. အသာဖိလိုက်ရတယ်။ အပေါ်အတွင်းခံလေးနဲ. ဘုရားဆင်းတုတော်ကို ထုပ်ပိုးနေတာလေ။ မေးကြည့်တော. ဘုရားဆင်းတုတော်ဆိုတာ မသန့်တာနဲ. မထုပ်ရဘူး ဆိုလို့ သူ့မှာ ရှိတယ်.အထဲက အသန့်ဆုံး၊ အနူးညံ့ဆုံးနဲ. ထုပ်နေတာတဲ.လေ။ ဟုတ်တော.လည်: ဟုတ်သား သူ့အတွင်းခံက ပိုးသားဆိုတော. နူးညံ.တယ်လေ။ ဆရာမကြီ:က အတွင်းခံနဲ. မထုတ်ရတယ်.အကြောင်း သေသေချာချာ ရှင်းပြတော.မှ ဂျာမန်မက ပြန်ပြောရှာတယ်။ "It is culture chock" တဲ.။

စန်းထွန်း
မတ် ၂၀၊ ၂၀၁၁။

No comments: