နာနာလေးကစ်တယ်. နာဂစ်


အခုတလော ဂျပန်ငလျင်၊ရှမ်:ပြည်က ငလျင်တွေ မြင်ရတော. ကိုယ်တိုင်ကြုံတွေ့ခဲ.ရတယ်. ဆိုင်ကလုန်းနာဂစ် အကြောင်း အမှတ်ရမိပါတယ်။ ၂၀၀၈ ဧပရယ် ၂၇ မှာ စတင်ဖြစ်ပေါ်ခဲ.တယ်. လေဖိအားနည်:ရပ်ဝန်:ကနေ မေ ၂ ရက်နေ့ မှာတော. အားအလွန်ကောင်းတယ်. ဆိုင်ကလုန်းနာဂစ် အဖြစ် ရောက်ရှိခဲ.ပါတော.တယ်။ တစ်နာရီ လေပြင်းတိုက်ခတ်နှုန်: ၁၀၅ မိုင်ကနေ ၁၃၅ မိုင်အထိ တိုက်ခတ်တာ။ မိုင် ၁၀၀ ဆိုရင်တောင် အပင်တွေ အမြစ်အကုန်ကျွတ်အောင် ပြင်းတာ။
မုန်တိုင်းမတိုက်ခင်အထိ ဘင်္ဂလားဒေ့ရှ်ပဲ ဝင်မလိုလို၊ အိန္ဒိယပဲ ဝင်မလိုလိုနဲ. နောက်ဆုံး မြန်မာပြည်ကို ဝင်မွေသွားတော.တာပဲ။ မိုင် ၇၀၊၈၀ ဆိုတယ်.အချိန် ဘင်္ဂလားဒေ့ရှ်နဲ. အိန္ဒိယက ရက္ခာတွ စုဆောင်းပြီ: မုန်တိုင်းအတွက် ပြင်ဆင်နေပြီ။ ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်သမျှ မုန်တိုင်းတွေက ဘင်္ဂလားဒေ့ရှ်ကို ဝင်လေ့ရှိတာမို့ ဘင်္ဂလားဒေ့ရှ်က မုန်တိုင်းပါးဝနေပြီ။ မိုင်၁၀၀ ဘယ်ကို ဝင်မွှေမယ်မှန်: မသိခင်ကတည်:က မုန်တိုင်း သတိပေးချက်တွေ ထုတ်ပြန်ပြီ: ပြည်သူတွေကို ရှောင်ခိုင်းနေပြီ။

တို.များ အစိုးရကတော. ကြိုတင်ပြင်ဆင်ဖို. ဝေးရော၊ တုတ်တုတ်မှ မလှုပ်၊ မဲဆွယ် ကောင်းနေတာများ မြန်မာပြည်ကို ဝင်မယ်ဆိုတာ သေချာတော.မှ သတိပေးရှာပါတယ်။ တီဗီ ဖန်သားပြင် အောက်နားမှာ "ဟိုင်းကြီ:ကျွန်းရဲ. အနောက်တောင်ဖက် မိုင်၁၅၀ အကွာ ပင်လယ်ပြင်ကို ဗဟိုပြု၍ အားအလွန်ကောင်းသော ဆိုင်ကလုန်းနာဂစ်သည် နောက် ၄၈ နာရီ အတွင်း မြန်မာပြည်ကို ဝင်ရောက် တိုက်ခတ်ပါမည်။ ယင်းမုန်တိုင်းကြီ:ရှိန်ကြောင့် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ. ရခိုင်ပြည်နယ်တွင် မိုးသည်:ထန်စွာ ရွာသွန်းပြီ: ရေပြင်မြေပြင်လေသည် တစ်နာရီ မိုင် ၁၀၅မှ ၁၃၅ အထိ တိုက်ခတ်နိုင်ပါသည်။" ဆိုတယ်. စာတန်:လေးဟာ အဆတ်မပြတ် ပေါ်လာပါတော.တယ်။ မုန်တိုင်း ရန်ကုန်ကို ဝင်မယ်.နေ့က တချို. ရုံးတွေ၊ကျောင်းတွေက နေ့တဝက် ဆင်းပေးလိုက်တယ်။

မြန်မာပြည် အနောက်တောင်ဖက်စွန်: နဂရေ့အငူနားက ဧရာဝတီတိုင်းထဲက ဟိုင်းကြီ:ကျွန်းကလေးက တို.ဇာတိပါ။ မိဘများလည်: လက်ရှိ နေထိုင်ဆဲပါ။ စိတ်ပူလို့ ဖေ့ဆီ ဖုန်းဆက်မေးတော. "လေတိုက်တာ တအားပဲ။ လေကို ကျောခိုင်းနေရတယ်။ နေလို့ မရတော.ဘူး။" ဆိုပြီ: ဖုန်းကျသွားတော.ပါပဲ။ တို.မှာလည်: မိသားစုဝင်လေး ၅ယောက်ပဲ ရှိတာ ဖေနဲ.မေက ဟိုင်းကြီ:မှာ၊ မကြီ:က စင်င်္ကာပူမှာ၊ မောင်လေးနဲ. တို.က ရန်ကုန်မှာ။ မုန်တိုင်းဝင်မယ် သိတာနဲ. ရေတင်ထား၊ ဆန်၊ရိက္ခာခြောက် ဝယ်ထားရတယ်။ မြန်မာ့အမှောင်နဲ. မြန်မာ့ရုပ်မမြင်အသံမကြားကို ကြည့်လို့ကတော. ဘယ်တော.မှ သတင်းအမှန် သိရမှာမဟုတ်လို့ ရေဒီယိုကို ဖွင့်ပြီ: နိုင်ငံခြားသတင်းဌာနကနေ လွှင့်တယ်.မုန်တိုင်းသတင်း နားစွင့်ရတယ်။

တီဗီဆိုတာလည်: ကိုရီးယားကား ကြည့်ရုံပါပဲ ပျင်းဖို.ကောင်:တယ်. အစီအစဉ်တွေနဲ. ဆောက်လိုက်တယ်. ရေကာတာ၊ဖွင့်လိုက်တယ်. တံတား၊ တိုးတက်နေတာများ တီဗီထဲမှာ ပြောပါတယ်။ တိကျမြန်ဆန်တယ်. သတင်းရချင်ရင် ရေဒီယိုကနေ နိုင်ငံခြားသတင်းဌာနတွေကို နားထောင်ပါ။ မြန်မာ့ရုပ်မမြင်အသံမကြားမှာ အမြဲစောင့်ကြည့်ရတယ်. အစီအစဉ်တခု ရှိတယ်။ ဦးထွန်းလွင်ရဲ. လပတ်မိုးလေဝသအစီအစဉ်။ ဦးထွန်းလွင်က ရှေ့လမှာ လေဖိအားနည်:ရပ်ဝန်: ၂ခု ဖြစ်ပေါ်ဖို. ရှိတယ်။ ၁ခုကတော. မုန်တိုင်းဖြစ်နိုင်ချေ ရှိတယ် လို့ ခန်.မှန်:ရင် သူမှန်:တယ်.အတိုင်း မလွဲဘူး။ တခြားလူတွေအတွက် မုန်တိုင်းသတင်းက အရေးမကြီ:ပေမယ်. ပင်လယ်ပြင်ကို မှီပြီ: အသက်မွေးရသူတွေအတွက်ကတော. မုန်တိုင်းသတင်းက အသက်ထက် အရေးကြီ:ပါတယ်။

မေ ၂ ညနေမှာတော. ရန်ကုန်မှာ မိုးစရွာပါပြီ။ ဆိုင်ကလုန်းနာဂစ် ရန်ကုန်ဆီ ရွေ့လာပါပြီ။ ရှိတယ်. ပိုက်ဆံကို စလွယ်သိုင်း အိတ်ထဲထည်. ကိုယ်နဲ.မကွာထားပြီ: အိပ်။ မနက်၎နာရီလောက်မှာ လေတိုက်တာ တိုက်တောင် သိမ့်သိမ့်တုန်တယ်။ တိုက်များ ပြိုလေမလာ: တွေးကြောက်တယ်.စိတ်နဲ. စောင်ကို ခေါင်းမြီးခြုံရင်း သဗုဒ္ဓေဂါထာကို အမြီးအမောက်မတည်.အောင် ရွတ်။ အောက်ထပ်ကိုလည်: ဆင်းကြည့်ရသေးတယ်။ မိုးသည်:ရင် မြောင်းတွေက ရေမဆင်းတော.လို့ တိုက်ခန်:ထဲကို ရေဝင်တာ အမြဲလိုပါပဲ။ အောက်ထပ်နေသူများရဲ. ဒုက္ခ။ မီးဖွင့်လိုက်တာနဲ. မီးမလင်း။ မုန်တိုင်းဝင်ရင် လျှပ်စစ်ဌာနက ဝါယာလျှော.ဖြစ်မှာစိုးလို့ မီးဖြတ်လိုက်ပြီ။ တီဗီကေဘယ်ကြိုးကို ရေလွတ်တယ်.နေရာတင်၊ နံရံမှာ ရေတွေ စီးကြလာလို့ ပစ္စည်းတွေကို ဟိုရွှေ့၊ဒီရွှေ့။ ကျတယ်.ရေတွေများလာလို့ အပြင်ထွက်ပြီ: ကြည့်လိုက်တယ်.သကာလ လာ:လား ...အိမ်ခေါင်မိုး မရှိတော.ပါလား။ အပေါ်ထပ်က လူတွေ ဘယ်လိုများ နေကျပါလိမ့်။ လေတအားတိုက် မိုးကသည်းလို့ ချမ်:အေးရတယ်.အထဲ အမိုးအကာမရှိဘဲ မိုးရေထဲမှာ ဘယ်လိုများ နေကြပါလိမ့်။ အပြင်ထွက်ပြီ: စနည်းနာနေတယ်. မောင်မောင်ကို အိမ်ထဲအတင်း ဝင်ခိုင်းရတယ်။ လေက တဝှီးဝှီးတိုက်ပြီ: သွပ်ပြာ:တွေ ပျံဝဲနေတာ။ တော်ကြာ နောက်နေ့ သစ်စရာ မျက်နှာ မရှိပဲ ဖြစ်နေဦးမယ်။ ဘေးအိမ်က မဇင်မာက "စန်:ထွန်းရေ တိုက်ပြိုမလား မသိဘူး။ ဘုန်းကြီ:ကျောင်း သွားခိုရအောင်" တယ်.။ "လေက ဒီလောက် တိုက်နေတာ ဘုန်းကြီးကျောင်းရောက်အောင် မနည်:သွားရမယ်။ ငါတို.လည်: ရှိနေတာ။ စိတ်မပူနဲ.။ ပြေးရင် အတူပြေးကြမယ်" ဆိုတယ်. ဘေးအိမ်က အန်တီဆွေ ပြောမှပဲ အကြောက်နည်:နည်: သက်သာတော.တယ်။ မိုးမရွာတော.ပဲ လေက ဝှေ့ရမ်:တိုက်နေတာ သစ်ပင်ပိ၊ လွင့်လာတယ်. သွပ်ပြားရှတာနဲ.တင် ဘုန်းကြီ:ကျောင်းရောက်ဖို. နေနေသာသာ လမ်:မှာတင် အသက်ပျောက်သွားနိုင်တယ်။ ရေကလည်: အိမ်ထဲမှာတင် ဒူးဝက်ရောက်တယ်။ လမ်:တွေမှာတော. ပေါင်လယ်လောက် ရောက်တယ်။ ဘယ်နေရာ ကြည့်ကြည့် အပျက်အစီးပုံတွေ။ နောက်ဖေးက စလောင်းကတော. မြောင်းထဲ ရောက်သွားရှာပြီ။ တယောက်တည်:နေတယ်. မဇင်မာက တို.တွေနဲ. လာပေါင်းရှာတယ်။ မနက်၁၀နာရီလောက်မှာ တိုက်လိုက်တယ်.လေ။ ညနေစောင်းမှပဲ သက်သာတော.တယ်။ တမြို.လုံးလည်:ကုန်ပြီ။

ဘယ်နေရာကြည့်ကြည့် အပျက်အစီးတွေ။ ဘယ်စစ်တပ်၊ဘယ်ကြံ.ဖွတ်က လာမကူပါဘူး။ ကိုယ်.ပတ်ဝန်းကျင်၊ကိုယ်လမ်: ကိုယ်ဘာသာရှင်းပဲ။ လမ်:ပေါ် လဲကျနေတယ်.သစ်ပင်တွေ၊ ဟိုဒီက လွင့်လာတယ်. အမှိုက်တွေနဲ. လမ်:က သွားလို့တောင် မရဘူး။ ရှိသမျှ အမှိုက်တွေကို လမ်:မထိပ်မှာ လာပစ်ကြတော.တာပဲ။ လမ်:ထိပ်လာ မပစ်လို့လဲ ဘယ်နေရာ သွားပစ်ရမှာလဲ။ ရေနည်:နည်:ကျတာနဲ. အိမ်ကို ရေဆေးချ၊ ပတ်ထုတ်။ ရေကျချိန်မှာ ဆေးမချရင် နုန်းတွေနဲ. နောင် ဆေးချဖို.မလွယ်တော.ဘူး။ မောလိုက်တာ ဖတ်ဖတ်မော။ ဖြိုးတို. မောင်နှမ ၂ ယောက် ရောက်လာပြီ: သတင်းလာမေးရှာတယ်။ လိုင်းကားတွေ မထွက်လို့ ၃ မှတ်တိုင်ကို လမ်:လျှောက်လာရတယ်။ ညဖက် BBCက ရေဒီယို နားထောင်တော. ဟိုင်းကြီ:ကျွန်းမှာ ၁၅၀ လောက် သေတယ် ဆိုတယ်. သတင်း နားထောင်ပြီ: မောင်နှမ၂ယောက် အိပ်နေရာကနေ ငေါက်ကနဲ ထထိုင်တော.တာပဲ။ ဖေ၊မေ တိမ်:ပါးသွားရင် တို.များ ဘယ်လို လုပ်ရပါမလဲ ။ ရေဆေးချ၊ အမှိုက်ရှင်းနေလို့ အလုပ်များနေတာနဲ. ဟိုင်းကြီ:ကို မေ့နေတာ။ အခုတော. စိတ်ပူလိုက်တာ တအားပဲ။ သတင်းကြားကြားချင်း ခေါင်းနပန်: ကြီးသွားတယ်ဆိုတာ အမှန်ပဲ။

ကောင်းနေသေးတယ်. ဖုန်းတွေ လိုက်ဆက်တော. ကိုသိန်:ဝင်းက ပုသိမ်ဆင်းဖို. ရှိတယ်။ ကားနောက်ခန်:ကနေ လိုက်လို့ရတယ်တယ်.။ မောင်မောင် သုံးဖို. ပိုက်ဆံနည်:နည်: ချန်ထားပြီ: ရှိသမျှ ပိုက်ဆံကို ထည်.။ မောင်မောင်ကလည်: လမ်:မှာ စားဖို. မုန့်ခြောက်၊ ရေဘူး၊ ကျောပိုးအိတ်ကို ပြင်ပေးရှာပါတယ်။ သူ့မှာလည်: စိတ်ပူနေတာ ပါးစပ်ကသာ ထုတ်မပြောရှာတာ မျက်နှာက ဆီးရွတ်လောက်ပဲ ရှိတော.တာ။ ရန်ကုန်၊ပုသိမ် ကားလမ်:တလျှောက် တွေ့ရတယ်. မြင်ကွင်းတွေက စိတ်မချမ်:သာစရာ။ နေရာတကာ အပျက်အစီး အပြိုအလဲ။ မန်တလေ:က ပြာပုံ၊ ရန်ကုန်က အမှိုက်ပုံ၊ နေပြည်တော်က အရိုးပုံဆိုတယ်. တဘောင်လိုလိုက မှန်နေပြီလား။ မကြာခင်ကပဲ မန်:တလေး ရတနာပုံဈေးကြီ: မီးလောင်ထားတာ။ အခု ရန်ကုန်က အမှိုက်ဆိုတာကလည်: မှန်နေပြီ။ နေပြည်တော်ကတော. ဘယ်လို အရိုးပုံမလဲ မသိတော.ပါ။ ဓာတ်ဆီက ရန်ကုန်မှာ ဝယ်လို့ မရတော.ဘူး။ မြို.ပြင်ရောက်မှပဲ ဝယ်လို့ရတော.တယ်။

ပုသိမ်ကတော. မုန်တိုင်းဒဏ် မခံရဘူး။ ရန်ကုန်က ဟိုင်းကြီ: အဆက်အနွယ်တွေ ပုသိမ်ကို ဆင်းလာကြပြီ။ အောက်ဖက်က သတင်းတွေကလည်: ပုသိမ်ကို တက်လာပြီ။ ဟိုင်းကြီ:တကျွန်းလုံး မြုပ်သွားပြီ။ တယောက်မှ မရှင်ဘူး။ ဘိုကလေး၊ လပွတ္တာမှာ အခြေအနေ တော်တော်ဆိုးတယ်။ မနေ့ကတော. ကယ်ဆယ်ရေး သင်္ဘော ဆင်းသွားပေမယ်. ဘယ်အရပ်သားမှ လိုက်ခွင့်မပေး။ ဒီနေတော. လျှပ်ပြေး(တို.နယ်အခေါ် တကယ်တော. Speed Boatပါ) ဆင်းမယ် ဆိုလို့ လက်မှတ်ကို အလုအယက်ဝယ်။ ဈေးကြီ:ထဲ လိုမယ်ထင်တာတွေ ပြေးဝယ်။ ညနေစောင်းတော. ဒဏ်ရာရသူတွေ တင်လာတယ်. လျှပ်ပြေး ဟိုင်းကြီ:ကနေ ပုသိမ်ကို တက်လာပြီ ဆိုတယ်. သတင်းကြားတာနဲ. ဟိုင်းကြီ: အဆက်အနွယ်တွေ ကမ်:နားဆိပ်မှာ စောင့်နေတာ တိုးမပေါက်အောင်ဘဲ။

ဘယ်သူရေ ဘယ်ဝါရေ... ဘယ်သူတွေကတော. ပါသွားပြီ ဆိုတယ်. အသံတွေ ပွက်လောရိုက်နေချိန်မှာ တက်လာသမျှ လူတွေ ကိုယ်ကမသိ။ ကဗ္ဗလာ၊ချောင်းဝ၊ပြင်ခရိုင်၊ကျောက်ချောင်း၊ခမောက်မော် ကိုယ်.အနီးအနား ရွာတွေကလည်: အများကြီ:။ ကိုယ်မသိတယ်. ရွာတွေကလည်: အများကြီ:။ ဘယ်သူကို မေးရမှန်:မသိ။ ကိုယ်.ရွာသားကိုလည်: မတွေ.။ ရန်ကုန်မှာ နေတာကြာတော. ကိုယ်.ရွာသားကလည်: ကိုယ်.ကို မသိ။ ဟိုင်းကြီ:မှာ ကိုသန်:ဝင် ရုံက စလို့ အားလုံး ပြိုံကုန်ပြီ ဆိုတယ်. စကားကြားလိုက်ရတယ်. ခဏ ခေါင်းထဲ မိုက်ကနဲ ဖြစ်ပြီ: ကမ္ဘာကြီ:က ခဏရပ်သွားသလို ခံစားရလိုက်တယ်။ ဘုရား ဘုရား ဖေနဲ. မေ အသက်မှ ရှင်ပါသေးရဲ.လား။

No comments: