ဂုဏ်ယူပါတယ်။

အခု ဂျပန် ဆူနာမီ သတင်းက တကမ္ဘာလုံးကို ဂရက်ရိုက်စေပါတယ်။မီဒီယာတွေရဲ. ကျေးဇူးကြောင့် ဂျပန် ငလျင်ရဲ. ပြင်းထန်မူ၊ဆူနာမီ လှိုင်းလုံးကြီ:တွေရဲ. အဖျက်စွမ်:အား ကြီ:မားပုံ၊ဂျပန် ပြည်သူတွေရဲ. ဒုတ်ခတွေကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ.ရတယ်။ ငလျင်၊ ဆူနာမီ အပြင် နျူကလီးယား ဓာတ်အားပေး စက်ရုံက ပြဿနာတွေကြောင့် ဂျပန်ပြည်သူတွေမှာ တပူပေါ် နှစ်ပူဆင.်။

ငလျင်လှုပ်တုန်း ကျင်းပနေတယ်. အစည်းအဝေးကို ချက်ချင်း ရပ်ဆိုင်းပြီ: ဂျပန်ဝန်ကြီးချုပ် နာအိုတို ခန် ကိုယ်တိုင် စီမံခန်.ခွဲတယ်။ 7 11 လို အစားအသောက် ဖြန်.ဖြူ:တယ်. companyတွေလည်: vending machine မှာရှိတယ်. အစားအစာတွေကို ပိုက်ဆံပေ:စရာ မလိုဘဲ ယူစားခွင့် ပေးတယ်။လိုက်နာရမယ်. နည်းလမ်:တွေကိုလည်: ဂျပန် ဘာသာတင် မကဘဲ ဘာသာပေါင်းစုံနဲ. တောက်လျှောက် ကြေညာတယ်။ ငလျင်ခိုပြီ:လို့ ပြန်သွားကြရင်လည်: အမှိုက်တစမှ မကျန်ခဲ.ဘူး။အစားအစာတွေ စုဆောင်းဖို.တောင် စနစ်တကျ တန်:စီကြတယ်။ လုရက်တာ၊ခိုးတာ မရှိဘူး။ဂျပန်ဝန်ကြီးချုပ်က ရေဒီယို သတ္တိကြွသတင်းကို ချက်ချင်း အကြောင်းမကြားလို့ ဓာတ်အားပေး ကုမ္ပဏီကို ဆူတယ် ဆိုပဲ။တကယ် အလုပ်လုပ်တယ်. အစိုးရနဲ. စည်:ကမ်:ရှိတယ်. ပြည်သူတွေကို မြင်တာ စိတ်ချမ်:သာစရာပါ။ (တို.များ အစိုးရနဲ. ကွာပါ့နော်)။ ဂျပန်ဟာ ငလျင်ဒဏ်ကြောင့် ပျက်စီးသွားပေမယ်. မကြာခင် အရင်လိုပဲ အင်အားကြီ:နိုင်ငံ ဖြစ်လာမှာပါ။

ဗီယက်နမ်သူကတော. သူတို.ဆီမှာ တပါတီပဲရှိလို့ နိုင်ငံရေးအရှုပ်အထွေး မရှိပါတယ်.။ဒါပေမယ်. အလုပ်ကို အသက်ထွက်မတတ် လုပ်ရပေမယ်. ရတယ်. ပိုက်ဆံက နည်:တော. အများစုက နိုင်ငံခြား ထွက်ရပါသတယ်.။

တရုတ်ကျောင်းသားတွေကတော. တရုတ်အစိုးရက တိုးတတ်တယ် ပြောနေမယ်. ပေါက်ဖော်တွေကတော. နိုင်ငံခြားကို နည်းမျိုးစုံနဲ. ထွက်ဖို. ကြိုးစားရပါတယ်တဲ.။ တရုတ်အစိုးရကို မကြိုက်တယ်. အကြောင်း ပြောပြတယ်။နို.မှုန်.အတု ဆိုတာ တကယ်လားလို့ မေးတော. နို.မှုန်.ဈေးက ကြီ:တော. ဆိုင်ရာဆိုင်ရာတွေကို ပိုက်ဆံပေးပြီးတော. ဖြန်.တာပါတယ်. ။ ကြက်ဥအတုကတော. ကောလဟာလပါ။ တရက်ပဲ ခံတော. အပြင်ကိုဖြန်.လို့ မရပါဘူးတယ်.။၂လ ၃လ ဆရာဝန် သင်တန်:တတ်ပြီ: ရမ်:ကုဆရာဝန် ပေါတာတော. အမှန်ပါတယ်.။ တယောက်ယောက်က မတရားလုပ်တာ တွေ့တာအောင် ဘာမှ မတွေ့ဘူး၊ ဘာမှ မမြင်ဘူးလို့ ဘူးခံရသတဲ.။ ဆွဲစိခံရမှာ စိုးလို့ (မြန်မာပြည် အတိုင်းပါလားနော်)။ Internetမှာ Liu Xiaobo (နိုဘယ် ငြိမ်:ချမ်:ရေးဆုရှင်၊ လူ့အခွင့်အရေး လှုပ်ရှားသူ၊ထောင်ဒဏ်ကျခံနေရသူ) လို့ ရှာလို့ မရအောင် ဘမ်:တယ်။ Facebookကိုလည်: ဘမ်:တယ်။ဟေ့ ငါတို. အစိုးရက နင်တို.လောက် မဆိုးဘူး Facebookကို မဘမ်:ဘူးဟ လို့ ပြောလိုက်တော. နင်တို. အစို:ရက Facebookကို မသိသေးလို့. ဖြစ်မယ်၊ ဒါမှမဟုတ် ကို မဘမ်:နိုင်သေးတာ ဖြစ်မယ်တယ်.။

နီပေါသူလေးကတော. သူတို.ဆီက အစိုးရဆန်.ကျင်ဆမ်ဒပြသူတွေ အစိုးရက နှိမ်နင်းပုံအကြောင်းလေးကို ဒီလိုပြောပြပါတယ်။ လူမျိုးပေါင်းစုံ၊ပါတီပေါင်းစုံ၊ဘာသာပေါင်းစုံ နေထိုင်ကြတယ်. နီပေါမှာလည်: ပြသာနာတွေကလည်: များသား။

သပိတ်မှောက်လို့ ဘတ်စ် ကားတွေမပြေးလို့ ရုံးကို လမ်:လျှောက်ရ၊ ဆန်ဒပြတယ်. နေရာကို ရေ၊မီး ဖြတ်၊ ဆန်ဒပြသူတွေကို မျက်ရည်ယိုဗုံးနဲ. လူအုပ်ခွဲတယ်. အကြောင်း ပြောပြတယ်။တို. မြန်မာပြည်မှာတော. မျက်ရည်ယို ဗုံးသာမက ဘုရားနဲ. တဂုဏ်:တည်:ထားတယ်. သံဃာကို သေနတ်နဲ.ပါ ဆော်တာ လို့ပြောတော. "Oh My God ! Ur government is worse than ours." တယ.်။ပြိုင်နေကြတာ ဘယ်အစိုးရက ပိုဆိုးတယ်. အကြောင်း။

Singapore Government အစိုးရကိုသာမက မြန်မာအစိုးရကို တလ ၈၀ ကနေ ၁၂၀ ဆောင်ရတယ်၊ သက်တမ်:တိုးရင် ၃၀၀၊ အခွန်မဆောင်ရင် သက်တမ်:မတိုးပေး၊ဘယ်သွားသွား ဗီဇာလိုတယ်. အကြောင်း ပြောပြတော."Myanmar people are rich." တယ်.။ မြန်မာပြည်သူတွေက မချမ်:သာပါ အစိုးရကသာ ချမ်:သာတာ။ Manchester Unitedကို ဂျိုကုပ်မှူးကြီ:မြေးက ဝယ်ဖို. ကြံစည်သေးတယ် နာဂစ်မုန်တိုင်း တိုက်လို့ ပြည်သူတွေ ဒုတ်ခရောက်နေတုန်း ဝယ်ရင် ကျော်မကောင်းကြားမကောင်း ဖြစ်မှာစိုးလို့ လက်လျှော.လိုက်တယ်. ဝီကီလစ် သတင်းကို ပြလိုက်တော. "တော်တော် ချမ်:သာတာပဲ၊ Singaporeက tycoonတောင် မဝယ်နိုင်ဘူးတယ်."။

Hong Kongကို အဝင် Immigrationမှာ ဆယ်မိနစ်လောက် တခွန်:မှ မမေးဘဲ Passportကိုဖင်ပြန်ခေါင်းပြန် စစ်နေတာ နောက်က တန်:စီတယ်. အန်တီကြီ:က ဘာလူမျိုးလဲတယ်.။ ရွှေမြန်မာဆိုတာလည်: သိရော တချိုးတည်: လစ်တော.တာပဲ။ ရွှေမြန်မာဆိုရင် ကြာလို့တယ်. တခြားလိုင်းမှာပဲ သွားစီတော.တယ်။

Macau Immigrationမှာလည်: တခြားလူမျိုးတွေ အားလုံး Arrival Visa ကို free။ သိတော် မူတယ်. အတိုင်း ရွှေမြန်မာကတော. ၁၀၀ ပေးမှ Arrival Visa ရတော် မူတယ်။ ဘယ်နေရာရောက်ရောက် ဂုဏ်ယူရပါလား ရွှေမြန်မာရယ်။

အလကားရတာ မသုံးနဲ. ဆက်သွယ်ရေးဝန်ကြီ:ဌာန ဝင်ငွေတို:အောင် ပိုက်ဆံပေး သုံးကြပါတဲ.။ အင်း ဒီလို ခေါင်းမရှိတယ်.၊ပြည်သူတွေ သက်သာအောင် မလုပ်ပေးဘဲ ပြည်သူတွေဆီက ငွေညှစ်ထုတ်နေတယ်. စစ်အစိုးရ အုပ်ချုပ်နေသရွေ့ မြန်မာပြည် ဘယ်တော.မှ တိုးတတ်မှာ မဟုတ်ပါ။ စစ်တိုက်ဖို.ပဲ သိတယ်.၊ညှိနှိုင်းတွေ့ဆုံဆွေးနွေးမှုဆိုတာ မသိတယ်.၊အမိန့်ကိုပဲ နာခံတတ်တယ.်စစ်သားတွေက တိုင်းပြည် အုပ်ချုပ်နေတော.လည်: ခက်သားလား။ တတ်သိနားလည်သူတွေ အုပ်ချုပ်မယ်ဆိုတော.လည်: လက်မခံ။မင်းဆိုးမင်းညစ် ဒုတ်ခမှ မြန်မာပြည် အမြန်ဆုံး ကင်းဝေးပါစေ။အာဏာရှင်စနစ် ကျဆုံးပါစေ။

No comments: