MRT မီးရထား



ဒီနိုင်ငံက mrt(ဟောင်ကောင်မှာတော. mtr လို့ ခေါ်တယ်.) ရထားကို စီးရတိုင်း တွေးမိတာလေးက ဒီလောက်ကောင်းတယ်. system ကို ရန်ကုန်မှာ ဘာလို့အကောင်အထည် မဖော်တာလဲလို့။ အုပ်ချုပ်သူလူကြီ:များက မသိလေတာလား၊ မမြင်လေဟန်ဆောင်တာလား၊ ဒီsystemနဲ. ရန်ကုန်သားတွေနဲ. မထိုက်တန်လေရော့သလား။ မီးပွင့်မိလို့ စောင့်ရတာလည်: မရှိ၊ ဘူတာတိုင်းရပ်ပြီ: တဘူတာ၁မိနစ်လောက်ပဲ ကြာ၊ ကြိုက်သလောက်စီး ကျသလောက်ပေး၊ လမ်:ကလည်: တဖြောင့်တည်:ဆိုတော. ကားလိုမမူးတယ်. mrtကို သဘောအကျဆုံး။ မတ်တပ်ရပ်စီးပြီ: စာအုပ်ဖတ်နေလို့ ရတယ်။ ရထားယိမ်:ရင်တောင် ကိုင်စရာတွေက အများသား။ ရန်ကုန်က ဘတ်စ်ကားတွေလို ကိုင်စရာကွင်းတန်:တွေက အမြင့်ကြီ:မှာ မထားဘဲ လူအရပ်မှီတယ်.နေရာမှာထားတော. မျောက်လွှဲကျော်လို ဟိုလှမ်:ဆွဲဒီလှမ်:ဆွဲ ဖြစ်မနေဘဲ အိမ်ဒရေ ရရ စမတ်ကျကျပေါ့။ ကြိုက်သလောက်စီး ကျသလောက်cardထဲက ဖြတ်တာဆိုတော. စပယ်ရာတွေ ပိုက်ဆံအကြွေတွေကို မမြင်အောင်ဝှက်ထားပြီ: အကြွေမရှိဘူးဆိုပြီ: ပိုတဲ.ပိုက်ဆံ ပြန်မပေးတယ်.ဒုတ်ခ၊ အကြွေဆောင်ထားလို့ အော်ငေါက်ခံရတယ်. ဒုတ်ခ၊ ကျသင့်တာထက် ပိုတောင်းလို့ မကျေမနပ်ဖြစ်ရတယ်. ဒုတ်ခ၊ "မှတ်တိုင်မရောက်ခင် ကြိုတိုးတား၊ နီးမှပါတယ်လို့ မအော်နဲ.၊ မှတ်တိုင် ကြိုမေးထားတယ်နော်"၊ "ဆင်၂ကောင် ဖင်ထောင်ကလို့ ရတယ် အထဲကိုဝင်၊ အပေါက်မပိတ်နဲ."လို့ အော်ငေါက်ပြီ: ကားမရပ်ခင် အတင်းတွန်းချ ကားမထွက်ခင် အတင်း ဆွဲတင်။ ကားချင်းဖိုက်ရင် ဒုံးပျံတို.ရဲ. အမြန်နှုန်းနဲ. အသက်ကိုဖက်နဲ.ထုပ်ပြီ: ဘုရားတရားမမေ့အောင် ရန်ကုန်က ဘတ်စ်ကားများကသာ စွမ်:ဆောင်ပေးနိုင်တယ်။ ကားပေါ် သူငယ်ချင်းမိတ်ဆွေတွေနဲ.ဆုံရင် လုပြီ:ကားခပေးရင် စပယ်ရာက "၂ယောက်လုံးဆီက ယူမှာနော်"လို့ စတတ်သေးတယ်။

နိုင်ငံတိုင်း (မြန်မာပြည်က လွဲရင်) mrt ရှိတယ်။ mrt က လူအများကြီ:ကို သယ်ဆောင်ပေးနိုင်တော. လေထုထဲကို ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ. ထုတလွှင့်တာနည်:တော. သဘာဝပတ်ဝန်:ကျင်ထိန်:သိမ်:ရေအတွက် ကောင်းတယ်။ အစိုးရကလည်: ရထားစီးဖို. အားပေးတယ်။ "Go Green by SMRT" တဲ.။

singapore လို သောက်စရာရေတောင် မရှိတယ်.နိုင်ငံကို အရှေ့တောင်အာရှမှာ အတိုးတက်ဆုံးနိုင်ငံဖြစ်အောင် နစ်ပေါင်း၄၅နှစ်အတွင်း Lee Kuan Yew က ပြောင်းလဲပေးခဲ.တယ်. ။ ကျွန်းသစ်၊သဘာဝဓာတ်ငွေ.၊ရေနံ၊ပတ္တမြား၊ကျောက်စိမ်: သဘာဝသယံဇာတတွေ ပေါကြွယ်လှပါတယ် ဆိုတယ်. မန်မာနိုင်ငံကတော. အဆင်းရဲဆုံ:နိုင်ငံစာရင်းမှာ လှည်.ပတ်နေရာယူနေတာ ကြာလှပေါ့။ သူများနိုင်ငံတွေ တိုးတက်တာမြင်ရတိုင်း ကိုယ်.မြန်မာနိုင်ငံဆို ဘယ်လောက်ကောင်းလိုက်မလဲဆိုတယ်. အတွေးနဲ.ပေါ့။ စစ်ဗိုဟ်ချုပ်တွေကို singapore ကို အုပ်ချုပ်ခိုင်း၊ Lee Kwan Yew ကို မြန်မာပြည်ကို အုပ်ချုပ်ခိုင်းရင် ဘာလိုဖြစ်သွားမယ်လို့ မိတ်ဆွေတို. ထင်ပါသလဲ။

No comments: