ပေါ့‌ပေါ့ပါးပါး ဟာသများ ...



ဆရာဝန်က စိတ္တဇဝေဒနာသည်တွေ စိတ်အခြေအနေ တိုးတက်မှု ရှိမရှိ စမ်းသပ်ချက်တစ်ခု ပြုလုပ်ခဲ့တယ်။ ဆရာဝန်က နံရံတစ်ခုပေါ် တံခါးပေါက်ပုံဆွဲပြီး လူနာတွေကို "ဒီတံခါးပေါက် ဖွင့်နိုင်တဲ့သူကို ဒီအခန်းက လွတ်ပေးမယ်" လို့ ပြောပြီး စမ်းသပ်လိုက်တယ်။ ဆရာဝန်စကားကြားတာနဲ့ ရှိသမျှ လူတွေအားလုံး တံခါးပေါက်ကို ပြေးဖွင့်ကြတယ်။ ဒါပေမယ့် လူတစ်ယောက်က နေရာမှာတင် ထိုင်နေခဲ့လို့ ဆရာဝန်က သူ့စိတ်တိုးတက်မှုရှိပြီ ထင်ပြီး မေးလိုက်တယ်။

"ခင်ဗျား ဘာဖြစ်လို့ သူတို့လို တံခါးသွားမဖွင့်တာလဲ"

လူနာက ဆရာဝန်ကို တစ်ချက်စိုက်ကြည့်ပြီး ဖြေလိုက်ပါတယ်။

"အဲဒီတံခါးသော့က ကျွန်တော့်ဆီမှာဗျ..."


ဝေဒနာသည်တစ်ဦးက ကုတင်ပေါ်မှာ ပက်လက်လဲပြီး သီချင်းဆိုနေခဲ့တယ်။ သီချင်းဆိုရင်းဆိုရင်း ပက်လက်လှန်ဆိုနေရာက ရုတ်တရက် မှောက်ရက်လဲပြီး ဆက်ဆိုပြန်တယ်။ ဒါကို ဆရာဝန်က မြင်တော့ "ခင်ဗျား ဘာဖြစ်လို့ ဟိုလှန်ဒီလှန် လုပ်နေရတာလဲ" လို့ မေးလိုက်တယ်။

သူပြန်ဖြေလိုက်တာက "ခင်ဗျား သိပ်တုံးတာပဲ? အေဆိုက်ကုန်လို့ ဘီဆိုက်လှန်လိုက်တာပေါ့" ဟူတည်း။



တစ်နေ့မှာ ရုတ်တရက် မိုးရွာချလာလို့ စိတ္တဇဝေဒနာသည်တွေအားလုံး အင်္ကျီ၊ ဇလုံတွေ ယူပြီး မိုးရေဆင်းချိုးကြတယ်။ ဒါပေမယ့် လူတစ်ယောက်က ရေမဆင်းချိုးဘဲ ဝရန်တာမှာ ရန်နေတာတွေ့လို့ ဆရာဝန်က "ခင်ဗျားဘာဖြစ်လို့ သူတို့နဲ့အတူ ရေမဆင်းချိုးတာလဲ" လို့ မေးလိုက်တယ်။ လူနာပြန်ဖြေလိုက်တာက...

"ကျွန်တော် ရေနွေးတဲ့အထိ စောင့်နေတာပါ" ဟူတည်း။

စန်းထွန်း
ဖေဖေါ်ဝါရီ ၂၈၊ ၂၀၁၁။

မြန်မာပြည်က ပိုက်ဆံ ...




မမြင်ဘူးရင် သေခြာကြည့်ထား အဲတာ မြန်မာပြည်က ပိုက်ဆံ။

"ပိုက်ဆံကြီ:က ဟောင်းနေပြီ၊ ပြဲနေပြီ၊ တိတ်နဲ. ကတ်ထားတယ်။ သုံးမရတော.ဘူ:။ လဲပေး။"
နောက်တော.
"အကြွေ မပါဘူးလား။ အကြွေ မရှိလို့ပါ ။ ဪ ပြဲနေလို့လား။ ရတယ်။ အကြွေဆို ပြီ:ရော။"
အခုတော.
"အကြွေ မရှိဘူးတော.ရေ ။ ၅၀ မှတ်ထား။ နောက်နေ့ ဈေးလာတော.မှ ယူ။"
ဒါကတော. မြန်မာပြည်က ဈေးမှာ ကြားရမယ်. မရိုးနိုင်တယ်. စကားတွေပါ။

မြန်မာပြည်မှာ အကြွေရှားပါးနေတာ ကြာပါပြီ။ ပိုက်ဆံ စုတ်နေရင်၊တိတ်ကတ်ထားရင် သုံးလို့ မရတယ်. အခြေအနေကနေ အကြွေဆိုရင် ပြီ:ရော တိတ်ဘယ်လောက်ပဲ ကပ်ထားထား၊ဘယ်လောက်ပဲ စုတ်စုတ် ယူတယ်.ဘဝကနေ အကြွေမရှိလို့ မှတ်ထား နောက်နေ့ ပေါင်းယူတယ်. အခြေအနေတွေ တိုးတက်လာတာပါ။ တို.များ ပိုက်ဆံက ရေစိုခံနော်။ မခံနိုင်ရိုးလား တိတ်အထပ်ထပ် ကပ်ထားလို့လေ။ မြန်မာပြည် ပြန်လာခဲတယ်. သူငယ်ချင်းတယောက် အကိုက မျက်လုံးပြူးပြီ: တအံ.တဩနဲ. ဒီပိုက်ဆံ တကယ်သုံးလို့ရတာ သေချာလို့လားလို့ အမေးကို ကျွန်မတို.မှာ ရယ်လိုက်ကြတာ ဝက်ဝက်ကွဲ။ ပြောင်မြောက်တယ်. ဟာသတခု ကြားရဘိ အလား။

စူပါမားကတ်တွေ၊ ဈေးဆိုင်တွေက သကြားလုံးတို.၊ တစ်ရှူ:တို.ကို အကြွေအဖြစ် အမ်းသလို ကုန်စိမ်: ရောင်းတယ်.သူတွေကလည်: အားကျမခံ သူတို.ကုန်စိမ်:တွေကို ပြန်အမ်:ကြလေရဲ.။ ငရုတ်သီးစိမ်: ၅၀ဖိုး၊ နံနံပင် ၃၀ဖိုး။ အမ်:တယ်. သကြားလုံးတို.ကို စုပြီ: ဈေးဝယ်ရင်တော. လက်မခံပါ။ ဝယ်သူဖက်က နစ်နာလိုက်တာ။

ပိုက်ဆံတွေကလည်: ပုံပါအတိုင်း ရှူကြလော.။ ဘတ်တီးရီးယားများ ပြန်.ပွါးရေး ပိုက်ဆံများများ ကိုင်ပေး။ ဂျာနယ်တစောင်မှာ ဖတ်လိုက်ရတယ်။ ကလေးငယ်တွေကို ပိုက်ဆံ မကိုင်ခိုင်းသင်.ကြောင်း ရေးရှာပါတယ်။ ဒါပေမယ်.လည်: ဘယ်လိုလုပ်မလဲ အနုတ်မပေးဘဲ သစ်တယ်. အတန်ကြီ: ပေးလို့ကလဲ မဖြစ်။

Singaporeမှာ ပိုက်ဆံကို တပြားမကျန် ပြန်ပေးတာကို သဘောခွေ့ မနောခွေ့။ အဲဒီမှာ စုတ်နေတယ်. ပိုက်ဆံတောင် မတွေ့ခဲ.ဘူး။ ၅ဆင့် မပေးလို့ ကွန်ပလိမ်:တတ်တယ်. စလုံးတွေ ရန်ကုန်ရဲ. အကြွေပြန်အမ်:စနစ်ကို သိသွားရင် မြန်မာတွေဟာ တယောက်ကိုတယောက် တော်တော် ယုံကြမယ်လို့ မှတ်ချတ်ပြုလိမ့်မယ်။

2010 ဒီဇင်ဘာ ရန်ကုန်ပြန်တုန်းကတောင် မုန့်ဟင်းခါးဆိုင်က အကြွေမရှိလို့ ၁၀၀ မှတ်ထား၊နောက်နေ့မှ ယူလို့ ပြောတာကို ဥစာခြောက် စန်:ထွန်းက နောက်နေ့ ပြန်လာတောင်းရင် မှတ်မိပါ့မလားနဲ. စိတ်ပူနေတာ။ နောက်နေ့ သွာ:တောင်းတော.လည်: ပေးတာပါပဲ။ သူ့အရပ်နဲ. သူဇာတ်နဲ. ဟုတ်ေနေ တာပဲ။ တကယ်မဟုတ်တယ်. သူတွေ လာတောင်းရင် သူတို.မှတ်မိပါ့မလားလို့ စိတ်ပူနေတယ်. ကျွန်မကို အမေက ဈေးဆိုတာ သူများထက် အတွက်အချက် တော်တယ်၊ လည်တယ်၊ မှတ်ညဏ်ကောင်းပါတယ် စိတ်ပူမနေနဲ.တဲ။ ဟုတ်သားပဲနော်။ တခါတလေ ၃၅ ကျပ်သားကို Caculater မပါဘဲ တွက်ချက်နေတာ မပြီ:တော.ဘူ: ။ သူတို. တွက်ရင် မြန်မှမြန်။

မြန်မာပြည်က ပိုက်ဆံကို လုပ်ဖော်ကိုင်ဖက် နိုင်ငံခြားသားကို ပြဖို. ဓာတ်ပုံရိုက်တော. အဖေကတော. ပြောရှာပါတယ်။ မပြပါနဲ. ရှက်စရာကြီ:တယ်.။ တကယ်လည်: ပြရမှာ ရှက်စရာကာင်းလို့ မပြဖြစ်တယ်. ဓာတ်ပုံကို ဘလော့ပေါ်ကနေပဲ ရှက်ရှက်နဲ.ပဲ ပြလိုက်ပါတယ်။

အစိုးရက အတန်ကြီ: ငါးထောင်တန်၊ တစ်သောင်းတန်တွေ ထုတ်မယ်. အစား ဘာလို့ အနုတ်တွေ မထုတ်ပါလိမ့် ?။

မြန်မာပြည်သူပြည်သားများ အကြွေ ဒုက္ခမှ ကင်းဝေးပြီ: သစ်လွင်တောက်ပသော ပိုက်ဆံများကို ကိုင်သုံးနိုင်ကြပါစေ။

စန်းထွန်း
‌ဖေဖေါ်ဝါရီ ၂၆၊ ၂၀၁၁။

သီရိမင်္ဂလာစေ◌ျး ...



၂၀၁၀ ဒီဇင်ဘာ ရန်ကုန်ကို အလည်ပြန်နေချိန်မှာ သီရိမင်္ဂလာဈေးကို ယခင်ကြည့်မြင့်တိုင်မြို့နယ်ကနေ လှိုင်မြို့နယ်၊ ပိတောက်ချောင်းအနီး ပြောင်းရွှေ့ချိန်နဲ. ကြုံကြိုက်လို့ ကြားခဲ.ရသမျှ ဈေးသူဈေးသားတွေရဲ. ဒုက္ခတွေကို ဘလော့ကနေ မျှဝေလိုက်ပါတယ်။

မိုးမလင်းခင်ကတည်:က မှော်ဘီတိုက်ကြီ: အနယ်နယ်ကလာတယ်. ကားတွေ ညနေဆိုလည်: ပျံကျ ဈေးသည်တွေနဲ. ကြိတ်ကြိတ်တိုး စည်ကားပြီ: တနိုင်ငံလုံးကို အသီးအနှံတွေ ဖြန်.ဝေတယ်. ၂၄ နာရီမအိပ်တယ်.ဈေးလို့တောင် ဆိုလောက်တယ်. ဈေးကို အေးရှားဝေါက ဆိပ်ကမ်:ကို တိုးချဲ.ချင်တာနဲ.ပဲ ပြောင်းရွှေ.ရမယ်လို့ ဆိုလာပြန်တယ်။အကြောင်းပြချက်ကတော. သီရိမင်္ဂလာဈေးကို ဝင်ထွက်တယ်. ကားတွေက ယဉ်ကြောပိတ်ဆို.လို့ ပါတဲ.။

များများရချင် သီရိမင်္ဂလာဈေးကို သွားဝယ်။ ပေါမှပေါ။ ဆိုင်ကြီ:တွေကတော. အနည်:ဆုံး ၅၀သားလောက်မှ စရောင်းတာ။ ၂၅သားလောက်ပဲ ဝယ်ချင်ရင် ဈေးအပြင်ဖက်မှာ ရောင်းတယ်. ဗျတ်ထိုး ဈေးသည်ဆီက ဝယ်။

တခါတလေ အမေနဲ. လိုက်ပြီ: မြေပဲ၊ပြောင်းဖူး၊မင်းကွတ်သီးတွေ လိုက်ဝယ်ဖူ:တယ်။ သင်းခိုင် ဒူးရင်းသီး စားချင်တိုင်း သွားဝယ်။ ဈေးဝယ်ကျွမ်:တယ်. ဖြိုးနဲ. သင်းခိုင်က ဒူးရင်းသီး ဘယ်လိုရွေးရသလဲဆိုတာ သင်ပေးပေမယ်.လည်: ကောင်းတာကျတာ နည်:နည်: ။ဒါပေမယ်.လည်: တခြားဈေးတွေထက် သက်သာလို့ ကို သွားဝယ်ကြဆဲ။ အညွန်း ကောင်းနေတာနဲ.ပဲ လိုရင်း မရောက်တော.ဘူး။

တချို.အခန်:တွေဆို သိန်:ရာချီ တန်တာ။ နေရာ အကွက်အကွင်းကောင်းပိုင်တယ်.သူတွေကို နေရာ အ ကွက်အကွင်းကောင်းတွေ ပြန်ပေးရင် ကွန်ပလိမ်းတက်မှာ စိုးလို့နဲ.တူပါရဲ။ ဈေ:သစ်အတွက် နေရာချထားပေးပုံက မဲနှိုက်ပြီ: နေရာချထားပေးတယ်။ တို.များ ငယ်ငယ်ကျောင်းတက်တုန်းကတော. နေရာချထားပုံက မျက်စိမှုန်တယ်. မျက်မှန်သမားတွေကို ရှေ့ဆုံးတန်:မှာ ထား။ အရပ်နိမ့်မြင့်အလိုက် နေရာချတာ။ မူလတန်:တုန်းကတော. အရပ်က မပုမရှည် ဆိုတော.အလည်လောက်မှာ ထိုင်ရတယ်။ အလယ်တန်:တက်တော. မျက်မှန်တဝင့်ဝင့် ဆိုတော. ရှေဆုံးတန်:မှာ။ တက္ကသိုလ်တက်တုန်းကတော. သူငယ်ချင်းတွေက အလည်တန်: ရှေ့ဆုံး ၂တန်: ကို အမြဲလုခဲ.ကြတာပေါ့။ ဒီလိုမျိုးသာ နေရာချထားကြေးဆို ဘာပြောကောင်းလိုက်မလဲ။

မဲနှိုက်ပြီ: နေရာချထားပြီ:သကာလ ဦးလေးကြီ: တယောက်မှာ မူးတယ် မူးတယ်နဲ. ပြောပြီ: လဲကျသွားတာ တခါတည်: အသက်ပါသွားပါရောလား။ နေရာအကွက်အကွင်းကောင်း ပိုင်တယ်.သူက မကောင်းတယ်.နေရာကို ရလို့။ ပြောင်းတယ်. နေ.ကလည်: ငိုကြယိုကြ မျက်ရည်စက်လက်နဲ. ဘေးက မြင်ရတယ်.သူတောင် စိတ်မကောင်း ဖြစ်ရတယ်။

နေရာသစ်က ပိတောက်ချောင်း ရဲစခန်:အနီးက ကွင်းပြင်ကျယ်။ ပိတောက်ချောင်းက ရေတက်တာ ဒူးဝက်လောက် ရောက်တယ်။ လျှပ်စစ်မီးက ဈေးဖွင့်ပွဲ နေ့မှ ရမှာမို့လို့ သီရိမင်္ဂလာ ဈေးသူဈေးသားတွေကတော.ကတ်တားကို မနက် ဈေးလာချိန် သယ်လာလိုက် ဈေးသိမ်းချိန် ပြန်သယ်သွားလိုက်။မြစ်ကမ်:ဘေးနား ကပ်ရက်ရှိနေတယ်. ငါးပိ ငါးခြောက်တန်:ကတော သူတို.ဆီကို ကုန်းလမ်:ကရော၊ ရေလမ်:ကရော လာရောက်နိုင်ပါကြောင်း ကြေငြာပါတယ်။ဈေးမဖွင့်မီကတော. နေရာအကွက်အကွင်းကောင်းတွေ ဈေးမြောက်ခဲ.ပေမယ်. ဈေးသစ်ဖွင့်ပြီ:ချိန်မှတော. ဈေးအခြေအနေရယ်၊ ပြောင်းဦးမယ် ဆိုတယ် သတင်းတွေကြောင့် ဈေးကွက်က ဝယ်သူ မရှိသလောက် အေ:စက်သွားပြီ: ဈေးလည်:ထိုးကျသွားခဲ.တယ်။မှော်ဘီ တိုက်ကြီ: ဟိုင်းလပ် ကားတွေ ယခင် လှည်:တန်: လမ်:ကြောင်း ကနေ ဘုရင့်နောင်ဈေ:ဖက် လမ်:ကြောင်း ပြောင်းမယ်လို့လည်: ကြားသိရတယ်။

ရုံးကြီ:လမ်:မှာ နေထိုင်တယ်. အညာသူအညာသာ: ကျွန်မဆွေမျိုးများ အဲလေ ရောင်လို့ အညာသူအညာသာ: ဈေးသူဈေးသားများကတော. ဈေးနဲ. အတူ ပါသွားကြလို့ ဈေးသစ်အနီးက တိုက်ခန်:ငှါးခတွေတောင် မြောက်သွားတယ်။ အမယ် အညာသူအညာသာ:တွေက ခတ်မှီတာနော်။ တိုက်ခန်:၁ခန်:ငှါးရင် အနည်:ဆုံး ၁၄၊၅ ယောက်လောက် နေတာ။ Singaporeက အိမ်ရှင်တွေက တခန်: လူ ၃၊၄ ယောက် ထားတာများ သူတို.က ပျင်းတောင် ပျင်းသေးတယ်။ အိမ်မှာ အိပ်ရုံ၊ ရေချိုးရုံပဲ နေပြီ: တချိန်လုံး ဈေးမှာပဲ နေကြတယ်. မြန်မာပြည်မှ စလုံးများက အိပ်လည်: သိပ်မအိပ်တယ်. အတွက်ကြောင့် သူတို.ရှိရင် လမ်:ထဲ သူခိုး မကပ်ရဲပါဘူးတဲ့။

အညာမှာ ပိုက်ဆံ ရှာရတာ ခက်တယ်။ ရန်ကုန်က ပိုက်ဆံ ရှာရတာ လွယ်တယ် ဆိုပြီ: ငရုပ်သီး ဆားထောင်းစား၊ အစားအသောက် ချွေတာတယ်. သူတို.ဟာ သကြင်္န် ဆိုရင် ကားစင်းလုံး ငှါးပြီ: ရွှေတွဲလွဲ ငွေတွဲလွဲ နဲ. အညာပြန်နိုင်ကြသူတွေပါ။

အစစအရာရာ အဆင်ပြေတယ်. ပြောင်းရွှေ့စရာ မလိုတယ်. သီရိမင်္ဂလာဈေးသစ်ကို ပိုင်ဆိုင်ကြပါစေ။

စန်းထွန်း
ေဖဖေါ်ဝါရီ ၂၁၊ ၂၀၁၁။

MRT မီးရထား...



ဒီနိုင်ငံက mrt(ဟောင်ကောင်မှာတော. mtr လို့ ခေါ်တယ်.) ရထားကို စီးရတိုင်း တွေးမိတာလေးက ဒီလောက်ကောင်းတယ်. စနစ်ကို ရန်ကုန်မှာ ဘာလို့အကောင်အထည် မဖော်တာလဲလို့။ အုပ်ချုပ်သူလူကြီ:များက မသိလေတာလား၊ မမြင်လေဟန်ဆောင်တာလား၊ ဒီစနစ်နဲ. ရန်ကုန်သားတွေနဲ. မထိုက်တန်လေရော့သလား။ မီးပွင့်မိလို့ စောင့်ရတာလည်: မရှိ၊ ဘူတာတိုင်းရပ်ပြီ: တဘူတာ၁မိနစ်လောက်ပဲ ကြာ၊ ကြိုက်သလောက်စီး ကျသလောက်ပေး၊ လမ်:ကလည်: တဖြောင့်တည်:ဆိုတော. ကားလိုမမူးတယ်. mrtကို သဘောအကျဆုံး။ မတ်တပ်ရပ်စီးပြီ: စာအုပ်ဖတ်နေလို့ ရတယ်။ ရထားယိမ်:ရင်တောင် ကိုင်စရာတွေက အများသား။ ရန်ကုန်က ဘတ်စ်ကားတွေလို ကိုင်စရာကွင်းတန်:တွေက အမြင့်ကြီ:မှာ မထားဘဲ လူအရပ်မှီတယ်.နေရာမှာထားတော. မျောက်လွှဲကျော်လို ဟိုလှမ်:ဆွဲဒီလှမ်:ဆွဲ ဖြစ်မနေဘဲ အိမ်ဒရေ ရရ စမတ်ကျကျပေါ့။ ကြိုက်သလောက်စီး ကျသလောက်cardထဲက ဖြတ်တာဆိုတော. စပယ်ရာတွေ ပိုက်ဆံအကြွေတွေကို မမြင်အောင်ဝှက်ထားပြီ: အကြွေမရှိဘူးဆိုပြီ: ပိုတဲ.ပိုက်ဆံ ပြန်မပေးတယ်.ဒုက္ခ၊ အကြွေဆောင်ထားလို့ အော်ငေါက်ခံရတယ်. ဒုတ်ခ၊ ကျသင့်တာထက် ပိုတောင်းလို့ မကျေမနပ်ဖြစ်ရတယ်. ဒုက္ခ၊ "မှတ်တိုင်မရောက်ခင် ကြိုတိုးတား၊ နီးမှပါတယ်လို့ မအော်နဲ.၊ မှတ်တိုင် ကြိုမေးထားတယ်နော်"၊ "ဆင်၂ကောင် ဖင်ထောင်ကလို့ ရတယ် အထဲကိုဝင်၊ အပေါက်မပိတ်နဲ."လို့ အော်ငေါက်ပြီ: ကားမရပ်ခင် အတင်းတွန်းချ ကားမထွက်ခင် အတင်း ဆွဲတင်။ ကားချင်းဖိုက်ရင် ဒုံးပျံတို.ရဲ. အမြန်နှုန်းနဲ. အသက်ကိုဖက်နဲ.ထုပ်ပြီ: ဘုရားတရားမမေ့အောင် ရန်ကုန်က ဘတ်စ်ကားများကသာ စွမ်:ဆောင်ပေးနိုင်တယ်။ ကားပေါ် သူငယ်ချင်းမိတ်ဆွေတွေနဲ.ဆုံရင် လုပြီ:ကားခပေးရင် စပယ်ရာက "၂ယောက်လုံးဆီက ယူမှာနော်"လို့ စတတ်သေးတယ်။

နိုင်ငံတိုင်း (မြန်မာပြည်က လွဲရင်) mrt ရှိတယ်။ mrt က လူအများကြီ:ကို သယ်ဆောင်ပေးနိုင်တော. လေထုထဲကို ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ. ထုတလွှင့်တာနည်:တော. သဘာဝပတ်ဝန်:ကျင်ထိန်:သိမ်:ရေအတွက် ကောင်းတယ်။ အစိုးရကလည်: ရထားစီးဖို. အားပေးတယ်။ "Go Green by SMRT" တဲ.။

စကင်္ာပူလို သောက်စရာရေတောင် မရှိတယ်.နိုင်ငံကို အရှေ့တောင်အာရှမှာ အတိုးတက်ဆုံးနိုင်ငံဖြစ်အောင် နစ်ပေါင်း၄၅နှစ်အတွင်း Lee Kuan Yew က ပြောင်းလဲပေးခဲ.တယ်. ။ ကျွန်းသစ်၊သဘာဝဓာတ်ငွေ.၊ရေနံ၊ပတ္တမြား၊ကျောက်စိမ်: သဘာဝသယံဇာတတွေ ပေါကြွယ်လှပါတယ် ဆိုတယ်. မန်မာနိုင်ငံကတော. အဆင်းရဲဆုံ:နိုင်ငံစာရင်းမှာ လှည်.ပတ်နေရာယူနေတာ ကြာလှပေါ့။ သူများနိုင်ငံတွေ တိုးတက်တာမြင်ရတိုင်း ကိုယ်.မြန်မာနိုင်ငံဆို ဘယ်လောက်ကောင်းလိုက်မလဲဆိုတယ်. အတွေးနဲ.ပေါ့။ စစ်ဗိုဟ်ချုပ်တွေကို စကင်္ာပူကို အုပ်ချုပ်ခိုင်း၊ Lee Kwan Yew ကို မြန်မာပြည်ကို အုပ်ချုပ်ခိုင်းရင် ဘာလိုဖြစ်သွားမယ်လို့ မိတ်ဆွေတို. ထင်ပါသလဲ။

စန်းထွန်း
‌ဖေဖေါ်ဝါရီ ၉၊ ၂၀၁၁။